ဒယ်​အိုးမကပ်​​အောင်​ ငါး​ကြော်​နည်း

in #myanmar6 years ago

FB_IMG_15363149244470549.jpgဟိုတစ်​ရက်​က ငါးမျှားသွားပြီး ရလာတယ့်​ ငါး​တွေ့​ကြော်​​နေရင်း ​ခေါင်းထဲအသိတစ်​ခုဝင်​လာတယ်​.....။ ဘာလဲဆို​တော့ Steemit မှာ ငါး​ကြော်​နည်း​လေး ​ရေးတင်​လိုက်​ရင်​​ကောင်းမလား​ပေါ့​လေ...။ အရင်​ကလည်း အချက်​အပြုတ်​အ​ကြောင်း​တွေ မ​ရေးဘူး​လို့ အခုစမ်း​ပြီး​ရေးကြည့်​လိုက်​တာပါ။

ထမင်း၊ ဟင်းချက်​တတ်​သူ အိမ်​ရှင်​မ အ​တော်​များများအတွက်​ ငါး​ကြော်​နည်းဟာ ဘာမှ မခက်​ခဲပါဘူး။ ဘယ်​လို​ကြော်​​လှော်​ရမလဲဆိုတာ အားလုံး သိပြီးသားဖြစ်​မှာပါ။ ဒါ​ပေမယ့်​ တစ်​ခုရှိတာက ​ငါး​ကြော်​​နေတဲ့အချိန်​ မကျက်​​သေးဘဲ အ​ပေါ်​အောက်​သွားလှန်​မိလိုက်​ရင်​ ငါးအသား​တွေ ဒယ်​အိုးမှာ ကပ်​ကျန်​​​နေခဲ့တာကို ကြုံဖူးကြမှာပါ။ အခုကျ​နော်​​ပြောပြမယ့်​နည်း​လေးက ငါး​ကြော်​တဲ့အခါ ဒယ်​အိုးမကပ်​ပဲ ငါး​ကြော်​​လေး​တွေဟာ အနီ​ရောင်​သမ်းပြီး ကြွပ်​ယွ​နေ​အောင်​ ဘယ်​လိုကြော်​ရမလဲဆိုတာပါ။

ဒီလို​ကြော်​​လှော်​​ဖို့အတွက်​ ဘာမှအ​ထွေအထူးမလိုအပ်​ပါဘူး။ ခါတိုင်း​​သုံး​နေကြ ဒယ်​အိုး၊ ဆီ၊ ဆား၊ဆနွင်း အားလုံးရှိရင်​ရပါပြီ။ ဒီ​နေရာမှာ တစ်​ခုပိုလာမှာက ကြက်​ဥပါ။ ကြက်​ဥဆိုတာလည်း အိမ်​တိုင်း​ရေခဲသတ္တာထဲမှာ အမြဲရှိ​နေကြပါ။ ဟုတ်​ပြီ။ ဒါဆိုဘယ်​လို​ကြော်​ရမလဲဆိုတာ ကြည့်​ရ​အောင်​။

အရင်​ဆုံး ​ကြော်​မည့်​ ငါးအသားများကို ​သေချာ​ဆေး​ကြောသန့်​စင်ပြီးေ​ရစစ်​​ထားပါ။ ပြီးရင် ငါးအသားများကို​​ ဆား၊ဆနွင်း သင့်​ရုံမျှထည့်​ပြီး ​သေချာနှံ့​အောင်​ နယ်​​ပေးပါ။ အယ်​အိုးထဲတွင်​ ဆီအ​နေ​တော်​ထည့်​ပြီး မီး​အေး​အေးနဲ့တင်​ထားပါ။ အတန်​ငယ်​ကြာ၍ ဆီပူလာလျှင်​ အခုန ဆား၊ဆနွင်းနယ်​ထား​သော ငါးအသားထဲကို ကြက်​ဥ အနည်းငယ်​ခန့်​​ဖောက်​ထည့်​ပြီး ​သေချာနယ်​​ပေးပါ။ ပြီးမှ မီး​အေး​အေးဖြင့်​ ​ကြော်​ပါ။ ဤသို့ ကြက်​ဥနဲ့​ရောပြီး​ကြော်​ခြင်းအားဖြင့်​ ငါးများ ဒယ်​အိုးမှာ ကပ်​မ​နေဘဲ ကြွတတ်​လာပြီး အလွယ်​တကူ အ​ပေါ်​အောက်​လှန်​​ပေးလို့ရပါတယ်​။ ​ထိုနောက်​ ငါး​ကြော်​​လေး​တွေဟာ အနီ​ရောင်​သမ်း၍ ကြွပ်​ယွလာပြီဆိုလျှင်​ ငါး​ကြော်​ခြင်း အလုပ်​ပြီးဆုံးပါပြီ။ အားလုံးပဲ အရသာရှိ​သော ငါး​ကြော်​များ အမြဲ​ကြော်​စားနိုင်​ပါ​စေဗျာ....။

ရေးသားသူ Jhon Jhon
MSC-046
Photo By Facebook

Sort:  

မိန်းမကို ငါးကပ်အောင်ကြော်ရသလားဆိုပီး ငေါက်လို့ရပြီ ☺☺ ကိုယ်တိုင်တစ်ခါလောက် ၀င်ကြော်ပြလိုက်မယ် ☺☺☺

ကိုယ်

ကြော်​စားပြိုက်​​တော့ ဟီး

အားလုံးအဆင်​​ပြေကြပါ​စေ

ငါး​ကြော်​များလည်း အရသာရှိရှိ​ကြော်​စားနိုင်​ကြပါ​စေ

ပျော်​ရွှင်​စရာ​နေ့ရက်​မျယးလည်း ပိုင်​ဆိုင်​နိုင်​ကြပါ​စေ။

အရသာရှိမယ့်​ပုံပဲ​နော်

ကွကို​ယ်​​ကြော်​စားကြည့်​​လေ

စားချင်​စရာ​လေး

Inn စား​ကောင်းမယ့်​ပုံပဲ

ကြွပ်​ယွ​နေတာပဲ

ဟုတ်​ပ

ဟုတ်​ပ

ကြက်ဥနဲ့ ကြော်တယ် မကြားဖူးဘူးအေ😁

နည်းလမ်း​ကောင်းပါ...ရှယ်​​ပေးလို့​ကျေးဇူးပါ... ..အသုံးဝင်​ပါတယ်​.. ..

မိန်းမရရင်အသုံးဝင်လာနိုင်တယ်

တယ်ဟုတ်ပါလားအေ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.034
BTC 63418.73
ETH 3094.09
USDT 1.00
SBD 3.89