အမြဲအရှေ့သို့
အရှိန်အဟုန်နဲ့ တိုးတက်နေပြီး
ပြိုင်ဆိုင်မှုတွေများတဲ့
ဒီလောကကြီးထဲမှာ မိမိ၏ကိုယ်ပိုင်
အရည်အချင်း (skill) များကို
အစဉ်အဆက်မပြတ်
တိုးတက်ကောင်းမွန်လာအောင်
လုပ်ဆောင်နေသင့်ပါတယ်။
ထိုသို့ ပိုမိုကောင်းမွန်လာအောင်
ကြိုးစားနေမှသာ အောင်မြင်တဲ့
အခြေအနေတစ်ခုကို
ရေရှည် ထိန်းသိမ်းထားနိုင်လိမ့်မည် ဖြစ်ပါသည်။
ကျွန်တော်တို့မှာ
ကိုယ်ပိုင်အရည်အချင်းများစွာရှိပါသည်။
ထို အရည်အသွေး၊ အရည်အချင်းများကို
တစ်နေ့ထက် တစ်နေ့
ပိုကောင်းလာအောင်လုပ်ဆောင်ဖို့လိုပါတယ်
တစ်လထက် တစ်လ
ပိုတော်၊ ပိုထက်မြက်လာအောင် ကြိုးစားဖို့လိုပါတယ်။
တစ်နှစ်ထက် တစ်နှစ်
ပိုအောင်မြင်လာအောင်
လေ့လာသင်ယူနေဖို့လိုပါတယ်။
အမြဲတိုးတက်ကောင်းမွန်နေအောင်
လေ့လာနေရမှာပါ။
လေ့လာမှု၊ ကြိုးစားအားထုတ်မှု
တွေရပ်လိုက်တဲ့အချိန်ကြရင်
ကိုယ့်ထက် ပိုကြိုးစားတဲ့သူတွေ
ကိုယ့်ကိုကျော်တက်သွားမှာ
အသေအခြာပါပဲ.....။
မိမိ၏အရည်အချင်း၊အရည်အသွေးများကို
ပိုမိုကောင်းမွန်လာအောင်လုပ်ရာမှာ
စက်ဘီးစီးသလိုမျိုးလုပ်ဆောင်သင့်ပါတယ်။
စက်ဘီးစီးတယ်ဆိုတာ ဖြည်းဖြည်းမှန်မှန်နဲ့
အရှေ့သို့ အမြဲရွေ့လျားနေမှ
လိုရာခရီးကို ဘေးကင်းကင်းနှင့်
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်နိုင်မှာပါ....။
စက်ဘီးကို မနင်းပဲ ရပ်လိုက်လျှင်တော့
ဟန်ချက်ပျက်ပြီး လဲကျသွားမှာပါ....။
ဒါကြောင့်မို့ ကျနော်တို့လည်း
အောင်မြင်ချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင်
ရည်မှန်းချက် မပြည့်မှီ
မရပ်တန့်ပဲ ဖြည်းဖြည်းမှန်မှန်နှင့်
အရှေ့သို့ အမြဲရွေ့လျားနေအောင်
လုပ်ဆောင်သင့်ပါတယ်
ဆိုတဲ့အကြောင်း အကြံပြုရေးသား
တင်ပြလိုက်ရပါတယ် ခင်ဗျား.....။
Author By Jhon
MSC-046
Photo By Google Image
ဘာအမျိုးအစားလို့ ပြောရမှန်းသိတော့ပါဘူးကွာ....
ဟီး....။
ဖြည်းဖြည်းမှန်မှန်နဲ့ ရည်မှန်းချက်ပန်းတိုင်သို့ချီတက်ကြပါစို့
ဟုတ်ကဲ့ အမ
လေ့လာမှတ်သားရပါတယ် ခင်မျာ...
ဟုတ်ကဲ့
တိုးတက်အောင်မြင်အောင် အမြဲလေ့လာကြိုးစားနေရမှာပါ။
အမှန်ပဲ အမရေ
မှတ်သားပါ့မယ်ခင်ဗျာ
ဟုတ်ကဲ့
ရပ်မနေဖို့ပဲလိုပါတယ်
အမြဲရွေ့လျားနေရပါမယ်
ဟုတ်ပါတယ်ရှင် ။ ရှေ့ဆက်လျှောက်ဖို့သာ အဓိကပါ
ဟုတ်ပါတယ်
ရပ်တန့်မနေရင် တနေ့တော့ ပန်းတိုင်ရောက်ရမည်ပ
ဟုတ်ကဲ့အကို
Congratulations @jhonnight! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of posts published
Click on any badge to view your own Board of Honor on SteemitBoard.
To support your work, I also upvoted your post!
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Thank A Lot
အားပေးခဲ့ပါတယ်👍👌
ကျေးဇူးပါ။