အနီ​ရောင်​ ကြိုးကြာသူရဲ​ကောင်း (သို့) MOHAMED SALAH

in #myanmar6 years ago (edited)

ဥ​ရောပနို​င်​ငံ​တွေ၏ ​​​ဘောလုံးလိဂ်​​ပြိုင်​ပွဲ​တွေကို အမြဲ​စောင့်​​မျှော်​ကြည့်​ရှူ ကြသူတိုင်း သူ့ကို သိကြမယ်​ထင်​ပါတယ်​။ သူက​တော့ ယခု 2017/18​ဘောလုံးရာသီမှာ အရှိန်​​အဟုန်​ဖြင့်​ ထွန်း​တောက်​လာ​သည့်​ ကစားသမားတစ်​ဦးပဲဖြစ်​ပါတယ်​။
FB_IMG_1524669901899.jpg
သူ့နာမည်​အပြည့်​အစုံက​တော့ MOHAMED SALAH (မိုဟာမက်​ ဆာလတ်​)ပဲဖြစ်​ပါတယ်​။ သူဟာ အီတလီအသင်းကြီးတစ်သင်း​​​ဖြစ်​တဲ့ ရိုးမားအသင်းက​နေ လီပါပူးအသင်းသို့ ​ပြောင်း​ရွေ့လာခဲ့ပြီး လီပါပူးအသင်းမှာ ​အောင်​မြင်​​နေသူပဲဖြစ်​ပဲတယ်​။
FB_IMG_1524669889207.jpg
သူဟာ လီပါပူးအသင်းကို စတင်​​ရောက်​ရှိကတည်းက အသင်းနှင့်​ အံဝင်​ဂွင်​ကျဖြစ်ခဲ့​ပြီး ပုံစံ​ကောင်း​တွေ ပြသထားနိုင်​ခဲ့ပါတယ်။ ​ လီပါပူး အသင်းမှာ သူ့ရဲ့ စွမ်း​ဆောင်​ရည်​​တွေဟာ တဖြည်းဖြည်း တိုးတက်​​ကောင်းမွန်​လာခဲ့ပြီး ဘောလုံး​လောကရဲ့ ထိပ်​တန်း ကစားသမား​တွေဖြစ်​ကြတယ့်​ Messi , Ronaldo တို့ကို ​ကျော်​တက်​ပြီး လိဂ်​ပြိုင်​ပွဲ​တွေမှာ ဂိုးသွင်းအများဆုံးသွင်းယူထားနိုင်​ ကစားသမားအဖြစ်​ ရပ်​တည်​​နေပါတယ်​။

ဆာလတ်​ဟာ ပြီးခဲ့တဲ့ ချံပီယံလိဂ်​ ဆီမီးဖိုင်​နယ်​ပထမအ​ကျော့ ရိုးမားအသင်းနဲ့ပွဲစဉ်​မှာ ​ အ​သင်း​ဟောင်းဖြစ်​တဲ့ ရိုးမားအသင်းဘက်​ကို သူကိုယ်​တိုင် နှစ်​ဂိုးသွင်းယူ​​ပေးခဲ့ပြီး အသင်း​ဖော်​​တွေ ဂိုးရရှိ​အောင်​ နှစ်​ကြိမ်​တိတိ ဖန်​​တီး​ပေးခဲ့ပါတယ်​။ အဆိုပါ ပွဲစဉ်​မှာ လီပါပူးအသင်းဟာ ဆာလတ်​၏ သွင်းဂိုး​တွေနှင့်​အတူ ရိုးမားအသင်းကို 5ဂိုး-2ဂိုးဖြင့်​ အနိုင်​ရရှိခဲ့ပြီး ချံပီယံလိဂ်​ ဗိုလ်​လုပွဲကို တက်​လှမ်းနိုင်​ဖို့ အ​ခြေ​အ​နေ​ကောင်း​တွေ ရရှိပိုင်ဆိုင်​​သွားခဲ့ပါတယ်​။

နောင်​လာမည့်​ ချံပီယံလိဂ်​ဆီမီးဖိုင်​နယ်​ ဒုတိယအ​ကျော့​ပွဲ​စဉ်​မှာ ဆာလတ်​ ဘာ​တွေ လုပ်​ပြနိုင်​မှာလဲ.....?
လီပါပူးအသင်းက​ကော နှစ်​ရှည်​လများစွာ ​ဝေးကွာ​နေခဲ့ရသည့်​ ချံပီယံလိဂ်​ဆုဖလားကြီးကို သိမ်းပိုက်​နိုင်​ပါ့မလားဆိုတာက​တော့ ရင်​ခုန်​စိတ်​လှုပ်​ရှားစွာ ဆက်​လက်လို့ ​​​စောင့်​ကြည့်​ရအုံးမှာပဲဖြစ်​ပါတယ်​........။
FB_IMG_1524669911943.jpg
ရေးသားသူ @jhonnight
MSC-046

Sort:  

You got a 1.13% upvote from @postpromoter courtesy of @jhonnight!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

Thank U

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.032
BTC 62062.59
ETH 3002.04
USDT 1.00
SBD 3.77