အဓိကတရားခံ

in #myanmar6 years ago (edited)

FB_IMG_1505103552587.jpg
အေးမြစိုစွတ်​​သော မိုး၏ရနံ့၊ ​မြေသင်းနံ့တို့သည်​ နာ​ခေါင်းအတွင်းသို့ တိုးဝင်​လာလျက်​ရှိ​နေ​သည်​။ ​​ရေ​ငွေ့၊ ​ရေမှုန်​များ သယ်​​ဆောင်​လာ​ ​လေနု​အေး​လေးများသည်​ ခန္ဓာကိုယ်ေ​ပ်ါမှ တိုး​ဝေ့​လျက်​ ဖြတ်​သန်း တိုက်​ခတ်​သွား​လေသည်​။ ရက်​​ပေါင်းများစွာ ​မျှော်​လင့်​​စောင့်​စားခဲ့ရသည့်​ မိုး ရွာချလိုက်​သဖြင့်​ ဖားတို့သည်​လည်း​ပျော်​ရွှင်​မြူးထူးစွာဖြင့်​ ​​အော်​ဟစ်​မြည်​တမ်း​လျှက်​ မိုးကို ကြိုဆို​နေကြ​ပေသည်​။ မိုးသည်​ အညိုးကြီးစွာ သည်းသည်းမဲမဲ သွန်​ချ​လျက်ရှိ​သည်​။

ဒီနှစ်​ သင်္ကြန်​မိုးသည်​ ယခင်​နှစ်​များထက်​ပို၍ တက်​ကြွစွာ သင်္ကြန်​ကို ကြိုဆို​နေသည်​။ မိုးသည်​ ခါတိုင်းထက်​ပို၍​ ​သည်းထန်​စွာ ရွာသည်​။ အချို့​နေရာများတွင်​ ​လေပြင်းများတိုက်​၊ မိုးသီးများ​ကြွေသည်​။ မိုး​လေများ တိုက်​ခတ်​ပြီးသွား၍ နှစ်​ရက်​သုံးရက်​ခန့်​ကြာလျှင်ေ​တာ့​ 'ပိ​တောက်​ပန်း' များ ပြွတ်​သိပ်​​စွာ ပွင့်​​ပါတော့သည်​။

ပိ​တောက်​ပန်းများပွင့်​ဖူးလာသည်​နှင့်အတူ ပြသနာ​များ အမှုအခင်း​များလည်းပို၍ ထူ​ပြောလာ​သည်​။ သင်္ကြန်​​ရောက်​​တော့မည်​ဆိုလျှင်​ အရက်​ကုမ္ပဏီများ၊ ​ လက်​လီလက်​ကား အရက်​​ရောင်းသည့်​ဆိုင်​များသည်​ ယခင်​လများထက်​ပို၍ ​ရောင်းအားတက်​လာသည်​။ ထိုသို့ ​ရောင်းအား တက်​လာသည်​နှင့်​အမျှ ရန်​ပွဲ​များ၊ လူသတ်​မှု​များ၊ ယာဉ်​မ​တော်​တဆမှု​များသည်​လည်း ပို၍ တိုး​ပွားလာကြသည်​။

ထိုခါးသက်​​သော အရည်​​ကြောင့်​ မလိုလားအပ်​ဘဲ အပြစ်​မဲ့ပြည်​သူများစွာ၏ အသက်​များ ဆုံးရှူံးကြရ​လေသည်​။ ထိုပြသာနာများ၏ အဓိကတရားခံသည်​ ဤအရက်​​ကြောင့်​ပင်​​ဖြစ်​​ပေ​တော့သည်​........။

MSC-046
AUTHOR BY JHON
PHOTO BY GOOGLE IMAGE

Sort:  

အမှန်ပေါ့ဗျာ...သင်္ကြန်မှာ အဲ့အရည်က ဒုက္ခပေးနေတာပါ...

ဟုတ်​တာ​ပေါ့အကို​ရေ....။

ထိုအရည်​သည်​ ပြသနာအားလုံး၏ ရင်းမြစ်​ဖြစ်​​ပေသည်​။

ဟုတ်တယ် သင်္ကြန်မိုးလေး ရွာချလိုက်ရင် ပိတောက်တွေလဲပွင့်မှာ အေးလဲအေးသွားမှာ။ ဒီမှာ အဲ့လို မရွာသေးဘူး။

ရန်​ကုန်​မိုးက​တော့ အ​တော်​ကြမ်းတယ်​ဆိုပဲ....။

အရက်ကတော့ မကောင်းတာအမှန်ပဲ။မသောက်တာ အကောင်းဆုံးပါပဲ။

အခု​တော့ မြန်​မာ့ ဆယ့်​နှစ်​လ ရာသီပွဲ​တော်​​တွေတိုင်းမှာ ထိုအရက်​ကမပါမဖြစ်​တဲ့ အရာတစ်​ခုလိုကိုဖြစ်​​နေပြီဗျာ....။ အ​တော်​ကို ရင်​နာစရာ​ကောင်း​ပေသည်​။

သင်္ကြန်​ဆိုတာအရက်​​သောက်​ပွဲကြီးဖြစ်​​နေတာ။

မူးကြရူးကြရင်း အပြစ်​မဲ့ပြည်​သူ​တွေပါ အနာတရ​တွေဖြစ်​ကုန်​တာလည်း ဒုနဲ့​ဒေး။

ဟုတ်​မအိ​ရေ....။ မိန်းခ​လေး​တွေပါ ​အတားအစီးမရှိ ​သောက်​ချင်​တိုင်း​သောက်​​နေကြတယ်​ဗျာ...။

သင်္ကြန်​ ဆိုမူးရမယ်​ပဲထင်​​နေကြတာ

ဟုတ်​တယ်​အကို​ရေ.....။
သင်္ကြန်​ဆို မူးမယ်​ရူးမယ်​ ရန်​ဖြစ်​မယ်​ဆိုတဲ့ သူ​တွေက ကြီးဘဲဗျာ.....။

အရက်အရက် အင်း...ဘယ်လိုနေလည်းသိသေးဘူး

သောက်​ရင်​မူးတာ​ပေါ့ဆရာရယ်

အားပေးခဲ့ပါတယ်

ကျေးဇူးပါခင်​ဗျာ

You got a 16.13% upvote from @childfund courtesy of @jhonnight! @childfund is a bid bot to help the steem community sponsor a child.

သင်္ကြန်ကိုဖျက်နေတဲ့ထိပ်ဆုံးကအရာပေါ့ဗျာ။

ထိုအရက်​​ကြောင့်​ သင်္ကြန်​ဟာ ပိုပြီး အကျဉ်းတန်​သွား​စေပါတယ်​။

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60777.85
ETH 2609.63
USDT 1.00
SBD 2.65