ဆွမ်းဆန်ထဲက ကြွက်ခချး …… ၂

in #myanmar8 years ago (edited)

မနေ့က ဆွမ်းဆန်ထဲက ကြွက်ချေးအကြောင်းလေးကို ဆက်ရေးချင်ပါတယ် ။ မိမိဘယ်လိုစိတ်ထားမွေးတယ်ဆိုတာကို မိမိဘာသာ သေချာသုံးသပ်ပြီးမှ သူတပါးကိုဝေဖန်ပါ ။

3036181_S.jpg

crd org image

အတတ်နိုင်ဆုံးက မိမိအလုပ်နဲ့ မိမိတာဝန်ကို ကျေပြွန်စွာလုပ်ပြီး ဘယ်သူကိုမှ ဝေဖန်မှုမပြုဘဲနေနိုင်တာဟာ အကောင်းဆုံးပေါ့ ။

တကယ်ကိုယ်ကျိုးမကြည့်ဘဲ အများအကျိုးဆောင်ရွက်ပေးသူများရှိကြသလို လူကိုယ်တိုင် အများအကျိုးကို မဆောင်ရွက်နိုင်သည့်အတွက် တတ်နိုင်ရာ ငွေနှင့်အခြားလိုအပ်သောပစ္စည်းများကို လှူဒါန်းသော စေတနာမှန်သည့်သူများလည်း ရှိသည် ။

ကိုယ်ကျိုးအတွက် အများအကျိုးကိုသယ်ပိုးဆောင်ရွက်ပေးမယ့်သူများလည်း ရှိနိုင်ပြီး ကိုယ်တိုင်ကလဲ အများအကျိုးမကူနိုင် အများအကျိုးကိုကူသော တကယ့်စေတနာရှင်များကိုလည်း လက်မခံဘဲ မဆိုးမြင်ဝါဒဖြင့် ဝေဖန်ကြသူသက်သက်လဲ ရှိသည် ။

3403903_S.jpg

crd org source

အများအကျိုးအတွက် ကိုယ်တိုင်လူအား ငွေအား မကူနိုင်ပေမယ့် အဆိုးမမြင် မှန်သည့်အတိုင်းမြင်ပြီး ပီတိဖြစ်တတ်သောသူများလည် ရှိပါသေးတယ် ။

သူများကူညီဆောင်ရွက်ပေးတဲ့ အရာအားလုံးကို သာဓု၃ကြိမ်ခေါ်တတ်ဖို့ ဆိုတာ သိပ်ခက်ခဲတဲ့ကိစ္စမဟုတ်ပေမယ့် သာဓု၃ခွန်းကို နှုတ်ကထွက်ရန် ဝန်လေးနေတတ်ကြသူတွေ ဒုနဲ့ဒေးရှိနေပါတယ် ။

ထိုသာဓု၃ကြိမ်ခေါ်သံကို ကြားရတိုင်း တကယ်အများအကျိုးအတွက် ဆောင်ရွက်ပေးကြသူများဟာ မည်သို့ အားအင်တက်ပြီး ဝမ်းသာကျေနပ်မည်ဆိုတာကိုတော့ တကယ်စေတနာထားလုပ်ကိုင်ပေးကြသူများသာ သိနိုင်မည့် ပီတိပင်ဖြစ်ပါတယ် ။

3387214_S.jpg

crd org source

ဆွမ်းဆန်ထဲရောနေတဲ့ ကြွက်ချေးနဲ့အလားတူသော သူများက ထိုသာဓုခေါ်သံ၏ နောက်ဆက်တွဲပီတိကို နားလည်ခံစားတတ်မှာ မဟုတ်ပါ ။

@အယ်းမီး

Sort:  

ညီမရေ ခေါင်းစဉ်ပါ ကြွက်ချီး ကို ကြွက်ချေး လို့ပြင်လိုက်စေချင်တယ်ဗျာ။ ချီး ဆိုတာ ချီးပင့်သည်၊ ချီးမြောက်သည်၊ ထောပနာပြုသည်တို့အတွက်သာလျှင်သုံးပါတယ်၊ မစင်ကိုတော့ (ချေး)လို့သုံးပါတယ်။

ဟုတ်ကဲ့ ကျေးဇူးပါ

Coin Marketplace

STEEM 0.04
TRX 0.33
JST 0.096
BTC 61630.55
ETH 1720.69
USDT 1.00
SBD 0.39