နေတတ်စရာရွေးချယ်ပါ
ကိုယ်က ကောင်းလို့ ဘဲဖြစ်စေ …
ကိုယ်က မကောင်းခဲ့လို့ ဖြစ်စေ …
ကိုယ့်ကို အကောင်းမမြင်တော့တဲ့ ပတ်ဝန်းကျင်မှာ မနေထိုင်တာဟာ အသင့်တော်ဆုံးပါ ။
ကိုယ့်က ထိုသူတို့ ရဲ့နီးရာ ပတ်ဝန်းကျင်မှာ နေလေတော့ ကိုယ့်ကိုမြင်တိုင်း ထိုသူတွေက မကောင်းမြင်ကြလေပါ ။ ကိုယ့်ကိုမြင်တွေ့နေစေခြင်းဟာ ကိုယ့်ကိုမကောင်းမြင်အောင် ကိုယ်က သတိပေးနေသလို ဖြစ်နေတတ်ပါတယ် ။
ထိုသူတို့ နဲ့ဝေးရာမှာ ကိုယ်နေလိုက်တော့ ကိုယ့်ကိုမမြင်ရတဲ့အတွက် ထိုသူတို့ ရဲ့ ကိုယ့်အပေါ်မကောင်းမြင်စိတ်တွေဟာ ခနတော့ ပျောက်နေမှာအမှန်ပါဘဲ ။
အကြောင်းတခုခုတိုက်ဆိုင်လာလို့ ဖြစ်စေ
ကိုယ့်ကိုမြင်နေရလို့ ဖြစ်စေ ထိုသူတို့ ဟာ သင့်ကို မကောင်းမြင်နေကြတဲ့အတွက် သင်သာမမြင်ကွယ်ရာမှာနေခဲ့လျှင် သင်လဲဒေါသမဖြစ် စိတ်မညစ်ရသလို ထိုသူတို့ အတွက်လည်း အကုသိုလ်နည်းစေမှာပါ ။
သို့ သော် ထိုသူစိတ်ထဲတော့ သင့်အား မကောင်းမြင်ခြင်းမှာ လုံးလုံးပျောက်ကွယ်မှာမဟုတ်တော့ဘူးဆိုတာကိုတော့ သင်ကိုယ်တိုင်က နားလည်သဘောပေါက်ထားမှ ဖြစ်ပေလိမ့်မည် ။
ထိုသူတို့ ရင်ထဲ၌ ကိန်းအောင်းနေသော သင့်အားမကောင်းမြင်ခြင်း အစိုင်အခဲဟာ ကြီးမားလေလေ ဖျောက်ရခက်လေလေပါဘဲ ။
သင်က ကြိုးစားပြင်လို့  ထိုသူတို့ စိတ်ထဲ ဖျောက်ဖျက်ခဲ့မယ်ဆိုရင်တောင်မှ လုံးဝဖျောက်မရဘဲ ထိုသူတို့ စိတ်ထဲ အခန့် မသင့် အကြောင်းတိုက်ဆိုင်လာတိုင်းတော့ ပြန်ပေါ်လာမှာ အမှန်ပါဘဲ ။
သင့်အနေနဲ့ နောက်ထပ် ထိုသူများမှလွဲ၍ မည်သည့်အပေါင်းအသင်းမိတ်ဆွေတို့ ၏ မကောင်းမြင်ခြင်းကို မခံရလေအောင် သတိပြုနေထိုင်ပြီး ဆင်ခြင်ရမှာပါ ။ သင့်ကို မကောင်းမြင်ခြင်းအား သင်ကိုယ်တိုင်က ကျေနပ်နေလျှင်တော့ မပြောလိုပါ ။
ကျမအနေနဲ့ကတော့ ကိုယ့်ကိုမကောင်းမြင်သူများနှင့် ဝေးရာ သင့်တော်ရာပတ်ဝန်းကျင်ကိုသာ နေထိုင်ဘို့  ရွေးချယ်မှာဖြစ်ပြီး သင်သည် ကျမ မဟုတ်သည့်အတွက် သင်မည်သို့ ရွေးချယ်မည်ဆိုတာလည်း မသိနိုင်ပါ ။ သင်ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာပါ ။
@အယ်းမီး (Author )