ရှက်တာ မျက်နှာက
Pro က စနေနေ့မှအပ နေ့စဉ်ဖြစ်သွားပြီဆိုတော့
Post တွေက အားရစရာကောင်းလှသည်။
ပုံသဏ္ဍာန်အမျိုးမျိုး၊ အတွေးအခေါ်အမျိုးမျိုး၊
အယူအဆအမျိုးမျိုးနဲ့ ပေါ့ပေါ့ပါးပါးလေးတွေ
ကလည်းတစ်မျိုး အမျိုးမျိုးရေးသားလာကြသည်။
ဖတ်ရသူအတွက် ရသအမျိုးမျိုးပေးစွမ်းလာသည်။
ကိုယ်မသိသေးသည့် အကြောင်းအရာလေးများ
ဖတ်ရသည့်အခါ ဗဟုသုတရရှိစေသည်။
အားတက်ဖွယ် အရေးအသားလေးများကလည်း
ကိုယ် အားလျှော့နေသည့်အချိန်မှာ ဖတ်လိုက်ရ
သည့်အခါ စိတ်အားတက်ဖို့ဖြစ်ရပေသည်။ စာပေ
အမျိုးအသားစုံလှသဖြင့် ကျွန်တော်တို့ steemit
မှာစာဖတ်သူများအတွက် စာအမျိုးပေါင်းစုံ သည်
ဟင်းလေးအိုးကြီးသဖွယ် ဖြစ်နေပါမည်။
နည်းနည်းတော့ကြွားရတာပေါ့။ ဟုတ်တယ်ဗျ
ကျွန်တော်တို့ steemit မှာစာရေးသူများတွင်
သူတို့ရေးသားထားသည်မှာ တော်တော်
ဖတ်ကောင်းသူများကိုတွေ့ရသည်။
စာရေးဆရာများနည်းတူ ဖတ်လို့ အလွန်ကောင်းသူများရှိပါသည်။ ခေသူမဟုတ်သူများ ရှိကြပါသည်။
မီးခဲ ပြာဖုံး
ရွက်ပုန်းသီးများ
အလွန်များပြားလှပေသည်။
လူငယ်များ အနေနှင့် သူတို့ရဲ့အတွေ့အကြုံ
အချစ်ဇာတ်လမ်းလေးများ၊ အချစ်အကြောင်း
လေးများ ရေးသားထားသည်ကိုဖတ်ရသည့်အခါ
ငယ်ဘဝကို သတိရ ရင်ခုန်မိပြန်ပါသည်။
သို့သော် ကိုယ်ငယ်စဉ်ကလို ရည်းစားမရှိပဲ
ကိုယ်က တစ်ဖက်သတ်ကျိတ်ကြွေပြီး
အချစ်အကြောင်း ဆရာကြီးလိုရေးသားကြ
ရင်လည်း ဖတ်ရတာကောင်းပါတယ်လို့။
ကိုယ်နဲ့ဘဝတူများဆိုတော့ ပိုပြီးအားပေးရတာပါ။
လူငယ်ပြီးတော့ လူကြီးများရဲ့စာပေများကို
ဖတ်ရှုရသည်မှာလည်း စိတ်ဝင်စားဖွယ်၊
ဗဟုသုတများစွာကို ရရှိစေသည်။ ကိုယ်တိုင်
အတွေ့အကြုံများကို ရေးသားထားသူများကြောင့်
လည်း ဘဝအတွေ့အကြုံများနဲ့ စိတ်ဝင်စားမှုကို
ဖြစ်စေရပြန်ပါသည်။ကိုယ့်ရဲ့လုပ်ငန်းအကြောင်း
ရေးသားထားသူများကြောင့်လည်း လုပ်ငန်း
ဗဟုသုတလေးတွေ ကို သိရ မှတ်သားရပြန်ပါသည်။
အချို့များ အရေးအသားအလွန်ကောင်းသဖြင့်
သူ့ရို့ စာဖတ်ပြီး ကိုယ့်စာပြန်ဖတ်ကြည့်မိတော့
နည်းနည်း အားငယ်ရှက်မိတယ်။ သို့ပေသိ
ကိုယ်ကစခဲ့မိပြီးမို့ ကြိုးစားရေးရင် ဒေါ်လာများ
လည်းပွားချင်မိတဲ့ဟာ။ ရှက်တာကမျက်နှာ
ရေးတာက လက်ကပဲဟာ။ ဗန်းမော်ဆရာတော်
ငယ်စဉ်ကလိုပဲ ပြုလုပ်ရတာပ။
ဗန်းမော် ဆရာတော်ငယ်စဉ်က ပဲကြီးဟင်း
ဘုန်းပေးပြီး ဆွမ်းခံထွက်သည်။ လယ်ကွင်းပြင်
ဟာလာဟင်းလင်းမှာ ဗိုက်နာလေသည်။ ချုံမရှိ
လယ်ကွင်းများမှာ ကောက်စိုက်သမ အချို့လည်း
ရှိနေပြန်ပါသည်။ ဗိုက်ကနာ မအောင့်နိုင်သည့်
အဆုံး ဆွမ်းမရသေးသည့် သပိတ်ကြီးခေါင်းစွပ်ကာ
ကိစ္စပြီးစီးလိုက်လေသည်။ ကောက်စိုက်သမများ
လည်း ”ဟင်” ”ဟာ” ဖြင့် မျက်နှာလွှဲကြရှာလေ
သည်။
”ကိုယ်တော်နဲ့ မရှက်ဘူးလား”
ကျောင်းသားများကမေးရာ
”ရှက်တာက မျက်နှာကရှက်တာ၊ ဖင်ကရှက်တာ
မဟုတ်ဘူး။ ရှက်တဲ့မျက်နှာကို သပိတ်နဲ့
အုပ်ထားပြီး ကိစ္စပြီးလိုက်ရတာ
မအောင့်နိုင်တဲ့ဟာကွယ်”
Photo @htwegyi
ကျွန်တော်လည်း စာရေးတာ အောင့်မှ
မအောင့်နိုင်တာ သည်းခံပြီးမျက်နှာလွှဲ
အဲ...ဖတ်သာ ဖတ်ကြပါတော့လို့ ။
Steem တွေ ဈေးကျကျ တက်တက်
ကျွန်တော်တို့သည် စာရေးနေကြပါမည်။
ကျွန်တော်တို့သည် ပစ်တိုင်ထောင်များ
ဖြစ်ကြသည်။ steem က ပစ်ပစ် လဲလဲ
ကျွန်တော်တို့သည် အမြဲထောင်နေပါမည်
အဲ...အမြဲ စာရေးနေပါမည်လို့..။
Author @htwegyi
MSC.036
ဟုတ်သား ရှက်တာက မျက်နှာကရှက်တာ😂
သူသိသွားပြီ
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
👍👍👍
တူတူပဲ။တစ်ချို့ ကိုယ်ရေးတဲ့စာ တင်တောင် မတင်ချင်ဘူး။တင်မှဒေါ်လာရမှာမို့ ရှက်ရှက်နဲ့တင်နေရတယ်။
ဒီလိုပေါ့ကြိုးစားရမှာပဲဟာ
ရေးပါဗျို့ ဦးထွေး နေ့တိုင်း proတင်ပါ
ရေးနိုင်ပါဘူးအေ
ချချရေးသာရေး ဗန်းမော်ဆရာတော်ရဲ့ စာတွေပြန်ဖတ်ကြည့်ရအုံးမယ် ကိုထွေးကြီးရေ စာအုပ်တွေလည်း အကုန်ပျောက်ကုန်ပြီဗျို့
အို ကိုစိုးနဲ့ မြှောက်ကြီးနေပြန်ပါပြီ
စာအုပ်တွေက သူများငှါးလို့လား
ငှားပီး ပြန်မရတွေ ကြာတော့ ဘယ်သူမှန်းမသီတော့တာ
ဥပမာပေးပုံလေး ကောင်းလိုက်တာဗျာ။ထိရောက်တယ်၊broလည်းရေးသားပုံ ကောင်းပါတယ်ဗျာ။
😁 ရှက်ထာ မြှောက်တယ်တအား
MSC က Team work ဖြင့် ဆောင်ရွက်နေကြရတာ ဆိုတော့
ဖေးဖေးမမပေါ့ ဦးထွေးရာ...
ဟုတ်ကဲ့ပါဗျာ
ဒါပေါ့ ဦးထွေးရယ် သူများတွေ အရေးအသား အားကျတာလည်းပါတယ် ကိုဟ်တိုင်လည်း ကြိုးစားရေးကြတာပေါ့ လက်ကရှက်တာမဟုတ်ဘူးလေ ဈေးတတ်တတ် ကျကျ အမြဲထောင်နေဖို့ လိုတယ် အဲလေ ရေးနေဖို့ လိုတယ်
ဟယ်.. တို့ ဦးဇင်းကလည်း
ခေတဲ့ကိုယ်တော်မဟုတ်ဘူးနော့😁
ဟုတ့်ပါ စာကောင်းကောင်းလေးတွေဖတ်ပြီး ကိုယ့်စာပြန်ဖတ်တဲ့အခါ အားငယ်ရတယ်
အားငယ်နဲ့ကြိုးစာကြမယ်
Congratulations @htwegyi! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOPThanks