တပေါင်းလရာသီ ရောက်တော့မည်

in #myanmar4 years ago

image

တပေါင်းလရာသီရောက်ချိန်နီးတော့ ကျောင်းပိတ်
လို့ အိမ်ပြန်ချိန်နီးပြီပေါ့။ သို့သော်လည် ပညာရေးဝန်ကြီးက ကျောင်းဖွင့်သည့်ရက် တစ်လထပ်တိုးသဖြင့် ပြဿနာအနည်းငယ်တက်ခဲ့သည်။ ယခုတော့
အဆင်ပြေသွားကြလေးသလားမသိပါ။
ကျောင်းဖွင့်သည့်ရက် တစ်လထပ်တိုးသည်ကို
ကြိုက်သူရှိသလို မကြိုက်သူများလည်ရှိ‌ပေသည်။
မည်သို့ပင်ဖြစ်စေ ပညာရေးတိုးတက်ကောင်းမွန်မည်ဆိုပါလျှင် လက်ခံသင့်ပါက လက်ခံရပေမည်။

တပေါင်းလ‌ အချိန်အခါကတော့ အင်မတန်
လွမ်းစရာကောင်းသည်။ ရသေ့သူတော်စင်များပင်
တပေါင်းလရာသီ၏ ညှို့ငင် ဆွဲအား ဖမ်းစား
မှုကြောင့် ဉာဏ်မခိုင်း ဈာန်ယိုင်လျှော့ရသည်ဟု
ငယ်စဉ်က ကျောင်းစာအုပ်ထဲမှာ အော်ဟစ်
ကျက်မှတ်ခဲ့ရဘူးသည်။ ဟုတ်ကဲ့ ရသေ့ကြီးများ
မဆိုပါနှင့်လေ ငထွေးတို့ ငယ်ဘဝက အတန်းတင်
စာမေးပွဲကြီးနီးသည့်အချိန် တပေါင်းလရာသီ
မတိုင်မှီကပင် ရာသီဥတုက လွမ်းစရာဆွေးစရာ
အတော်ကောင်းခဲ့သည်။ ရည်းစားရှိသူများအဖို့
မည်သို့ နေရှာမည်မသိ။ သိချင်ရင် သူတို့သွား
မေးပါ‌လေ 😁။

အဲ တပေါင်းလအကြောင်း အဓိကရေးချင်တာက
နတ်ပွဲများအကြောင်းဖြစ်သည်။ နတ်ပွဲဆိုသည်နှင့်
နတ်တို့အကြောင်း ရေသားပြချင်ပါသည်။
ငထွေးတို့သိထားသည်မှာ အတွင်း 37နှင့် အပြင် 37မင်းဟု အကြမ်းမျဉ်းသိထားကြသည်။
နတ်ဆိုသည်မှာ လူတို့၏ မသိနားမလည်မှု၊
ကြောက်ရွံ့မှု၊ စိုးရိမ်မှုတို့ကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ခင်မောင်သန်း(စိတ်ပညာ)ရေးသားထားသော
ရိုးရာနတ်ယုံကြည်မှုနှင့် ဓလေ့ထုံးစံများစာအုပ်တွင်
ပန်ပဲလုပ်ငန်းနှင့်ဆိုင်သောနတ်၊ ရပ်ရွာနှင့်ဆိုင်သောနတ်၊ တောတောင်နှင့်ဆိုင်သောနတ်၊ ရောဂါဝေဒနာနှင့်ဆိုင်သောနတ်၊ မိုးလေဝသနှင့်ဆိုင်သော
နတ်၊ လယ်ယာစိုက်ပျိုးမှုနှင့်ဆိုင်သော နတ်၊
ပင်လယ်သမုဒ္ဒရာနှင့်ဆိုင်သောများ နတ် အစရှိသဖြင့်
ဖော်ပြထားသည်။

yk8f2e.jpg

ပထမဦးစွာ ငယ်စဉ်က တောင်ပြုန်းပွဲမှာ
နားထောင်ခဲ့ရသည် အမေ့ရွှေနဘေ နတ်အကြောင်း
ရေးသားပြပါမည်။ အမေရွှေနပေ ဟုလည်
ခေါ်သည်။ အမေရွှေနပေ သည် အိမ်တွင်း
မင်းမဟာဂီရိ ဦးတင့်တယ် ဇနီးဖြစ်သည်။
အမေရွှေနဘေအား ပသကြသည့်အခါ
အင်တုံကလေးတစ်ခုတွင် ရေထည့်၍ထားရသည်။

ရွှေနပေသည် နဂါးပြည်မှ နဂါးမျိုးနွယ်ဖြစ်သည်။
တကောင်းပြည့်မှ ပန်းပဲ အတက်တတ်ကျွမ်းသူ
မောင်တင့်တယ်နှင့် လက်ထက်ခဲ့သည်။
တကောင်းဘုရင်က မောင်တင့်တယ်အား
ထီးနန်းလုယူမည်စိုး၍ အကြောင်းရှာကာ
သတ်လိုက်သည်။

ရွှေန‌ပေ သည်ရင်ကွဲနာကျပြီး သေဆုံး၍
နတ်ဖြစ်သွားသည်။ အမေရွှေနပေနတ်ပွဲကို
ရတနာ့ဂူပွဲအပြီး 7 ရက်အကြာတွင်
မြစ်တူး၌ကျင်းပသည်။ မြစ်တူးသည် မြစ်ငယ်မြို့အနောက်တောင်ဘက် မြစ်ငယ်မြစ် ဘေးတွင်တည်ရှိသည်။ တော်တလင်းလဆန်း 8 ရက်နေ့မှ
3 ရက်နေ့အထိ ပွဲတော်ကျင်းပသည်။

@htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thanks esteemapp

ခါနွေတပေါင်း ရွက်ဟောင်းကြွေက ပိုလွမ်းရ၏

အမငီး ကိုဟိန်းက လွမ်းတယ်ဆိုတော့ ကျုပ်တို့ ဘယ်နှာလုပ်ရပါ့။

တို​ပေမယ့် ဗဟုသုတ ရပါတယ်

မတိုဘူးထင်ပ စာကိုပြောထာပါ😁

ရှည်ရှည်​ရေးပြီး ကျမ်းတစ်ခုစာ ပြုလို့လည်း မဖြစ်​ပေဘူး steem က ​ပေးတဲ့ reward က ၇ ရက် အတွင်းပဲ​လေ

၇ ရက်​ကျော် သွားရင် လူ​တွေက upvote လာ​ပေးလည်း reward က မရ​တော့ဘူး ​ပြောတာပဲ ဒီ​တော့ ရှည်ရှည်​ရေးရင် မတန်ဘူး​လေ

ဗျာ ဟုတ်ကဲ့

အဲဒါက steem ရဲ့ အားနည်းချက်ဗျ ကိုယ့် post ကို ၇ ရက်အတွင်း မြင်တဲ့လူ​တွေထဲက upvotes ရ မှ reward က ရမှာ

ဒါတော့ ဟုတ်သဗျို့

Coin Marketplace

STEEM 0.21
TRX 0.13
JST 0.030
BTC 67203.60
ETH 3513.52
USDT 1.00
SBD 3.20