တခါက ဗီဒီယိုတိပ်များ

in #myanmar5 years ago

image

Steem ဈေးကတော့ တအိအိနှင့် ပြန်ကျနေသည်။
ဈေးကျသော်လည်း ကိုယ်ရေးစရာရှိတာ
ဆက်လက်ရေးသားရပါဦးမည်။ steem သည်
ရီအောင်လည်းလုပ်တတ်သည်။ ငိုအောင်လည်း
လုပ်တတ်ပေသည်။ လွမ်းအောင်လဲ ချွဲတတ်ပေ
သည်။ ငင့် ဒါတော့ တော်တော်လွန်သွားပြီ။
ဘယ်နှယ့် Steem က လွမ်းအောင် ချွဲတတ်
ရတယ်လို့ ကြုံဘူးပေါင်။

ပြောပြမယ်လေ ဆန္ဒတွေမစောပါနဲ့။
ဂလိုလေ 2017 ခုနှစ် ကာလဆီက Steem
ဈေး 10ကျော်ခဲ့သည်မှာ ကြုံခဲ့ဖူးသူအဖို့
လွမ်းစရာ မကောင်းဘူးလားကွယ်။
အဲ ဒါတွေမပြောတော့ပါဘူး။ ပိုစ့်တင်စရာ
ရှိတာလေရေးအုံးမှ။

8zk2ay.jpg
Image source

ငထွေးတို့ငယ်စဉ်က ဗီဒီယိုကြည့်တာ အလွန်
ခေတ်စားခဲ့သည်။ ရှေးယခင်ပိုစ့်များမှာလည်း
ရေးသားပြီးဖြစ်သည်။ သို့သော် ယခု
အသေးစိတ်ရေးပြချင်ပါသည်။ ငထွေးတို့
ငယ်စဉ်က ဗီဒီယိုမှာ တိပ်ခွေများဖြင့်
ကြည့်ရခြင်းဖြစ်သည်။ ယခုလို စီဒီချပ်များ
မဟုတ်ပေ။

ငထွေးတို့နေသည်မှာ မီးရထားဝင်းဖြစ်ပြီး
လူနေအိမ်ခန်းများက အရှေ့မှအနောက်သွယ်တန်းထားသည်။ လိုင်းခန်းများကြားရှိ မြေကွက်လပ်ပေါ်တွင် ဖျားများခင်း၍ ဗီဒီယိုကြည့်ကြသည်။
အလှူပွဲ၊ မင်္ဂလာဆောင်၊ ကလေးကင်ပွန်းတပ်
အစရှိသည့်ပွဲများတွင် အောင်ပွဲအဖြစ် ဗီဒီယို
ပြသခိုင်းသည်။

g6sc4d.jpg
Image source

ဗီဒီယိုစက်ကို အခြားရပ်ကွက်မှ သွားရောက်ငှား
ကြရသည်။ ဗီဒီယိုပြသသူသည် ပထမ သုံးလေး
ခေါက်တွင် ကိုယ်တိုင်လာရောက်ပြသည်။
နောက်တွင် မည်သို့ မည်ပုံပြသရကြောင်း
သင်ပေးပြီး စက်သာထည့်ပေးလိုက်သည်။
အဲ့မှာ ဇာတ်လမ်းစပါတော့သည်။

ဗီဒီယိုစက် ပြသတတ်သူသည် အကောင် ဖြစ်ပေ
တော့သည်။ ထိုအကောင်ထဲတွင် ငထွေးလည်း
ပါဝင်သည်။ ဗီဒီယိုပြသမည်နေ့တွင် လူတိုင်းက
ထိုအကောင်ကို ချော့ရလေသည်။ အမျိုးသမီးထုကမြန်မာကား၊
အိန္ဒိယကား ဇာတ်ကားများ
အရင်ပြပေးရန် ပြောကြ၊ ချော့ကြလေသည်။
ထိုဗီဒီယိုပြသချိန်တွင် ငထွေးတို့ မျက်နှာအလွန်ပွင့်သည်။

ထိုအချိန်က ငထွေးမှာ 5တန်းကျောင်းသား
အရွယ်ဖြစ်သည်။ ငထွေးက ဂျိန်းစဘွန်း၊
ရမ်ဘိုတို့သာကြိုက်သည်။ အမျိုးသားထုကြီး
ကတော့ သူရဲကားနှင့် ငထွေးကြိုက်သည့်
ဇာတ်ကားများ အကြည့်များသည်။ ပထမဦးစွာ
အလှူရှင်အကြိုက် မြန်မာဗီဒီယိုအခွေကို
အရင်ဦးစွာပြသရသည်။ နောက်တစ်ကားမှာ အမျိုးသမီးထုအကြိုက် မလေးရှားစုန်းကားနှင့် ကုလားကားပြသရသည်။ ဂျိန်းစဘွန်းနှင့်
ရမ်ဘိုတို့မှာ မိုးလင်းကာနီးမှ ဖျော်ဖြေရလေတော့သည်။

@htwegyi
MSC.036

Sort:  

ဗုတ်ပါတယ်ဗျ။

ပြီခဲ့တဲ့ ပိုစ့်2ခုတော့ မဗုတ်ဘူး ခုတော့ ပြန်လာဗုတ်နေပါပြီ
ကျေးဇူးပါဗျာ

Hello htwegyi!

Congratulations! This post has been randomly Resteemed! For a chance to get more of your content resteemed join the Steem Engine Team

Coin Marketplace

STEEM 0.16
TRX 0.12
JST 0.026
BTC 56953.07
ETH 2513.05
USDT 1.00
SBD 2.28