တစ်ပူပေါ် နှစ်ပူဆင့် Two heat on one heat

in #myanmar5 years ago

image

"ကျုပ်ဖြင့် ပြောကိုမပြောချင်ပါဘူး။
တစ်ပူပေါ် နှစ်ပူဆင့် ဆိုသလို
ခေတ်ကာလကြီးကို အပြစ်ဆိုရမလား။
ကျုပ်ရဲ့ ကံပဲပြောရမလားပေါ့"

ကျုပ်မှာ သမီးနှစ်ယောက်၊ သားတယောက်ရှိတယ်။
သမီးအကြီးနဲ့ သားက အိမ်ထောင်ကျပြီးပြီ။
အငယ်မက အပျို။ သားအိမ်ထောင်ရေးက
ကံမကောင်းရှာဘူး။ ကလေးသုံးယောက်ရပြီး
မိန်းမက သားကိုပစ်သွားတယ်။ ပစ်သွားဆို
ကျုပ်သားတော်မောင်ကလည်း ယစ်ရွှေရည်
သမားကိုး။ မြေးမိန်းကလေးနှစ်ယောက် နဲ့
ယောင်္ကျားလေးတစ်ယောက် ဒီသုံးယောက်ကို
ကျုပ်နဲ့သမီးအငယ်ကပဲ ပြုစု‌ကျွေးမွေးထားရတာ။

ဒီမြေးလေးသုံးယောက်ကံက ဆိုးရှာတယ်။
ပြီးခဲ့တဲ့ သင်္ကြန်တုန်းက ကလေး 3 ယောက်အဖေကျုပ်သားပေါ့ အရက်သောက်ပြီး နွေအပူထဲ
သေမင်းကခေါ်သွားတယ်။ ငယ်ငယ်ရွယ်ရွယ်
ကျုပ်သားလေး အသက်ကြီးတဲ့ ဒီအမေက
မသေရဘူး သူကအ‌သေဦးသွားပေါ့။
အကင်းတဖုတ်ဖုတ် အမှည့်တဝင်းဝင်း
ဆိုသလိုပေါ့။

ဒီမြေးလေး သုံးယောက်တာဝန်က
ကျုပ်နဲ့ အငယ်မခေါင်း လုံးလုံးကြီး
ရောက်လာပါလေရော။မြေးအကြီးမက
6တန်း၊ အလတ်ကောင်က 4တန်း၊ အငယ်မလေးက
1တန်း။ ကျုပ်က ကုမ္ပဏီတစ်ခုမှာ သန့်ရှင်းရေးလုပ်တယ်။ သမီးအငယ်မကလည်း ဘဏ်တခုမှာ သန့်ရှင်းရေးလုပ်တယ်။ အဲ တစ်ပူပေါ် နှစ်ပူဆင့် ဆိုတဲ့အကြောင်း ဆက်ပြောပါအုံးမယ်။

စနေ၊ တနင်္ဂနွေပိတ်ရက်မှာ ကျုပ်က အပြင်
ဝင်ငွေလေးရအောင် အဝတ်အငှားလျှော်တယ်။
တစ်နေ့ ကျုပ် ရေတွင်းမှာ အဝတ်လျှော်နေတုန်း
မြေးအကြီးမက ပြေးပြီးလာပြောတယ်။

"အဘွား မိမွန်လေး ထော်လာဂျီပေါ်ကပြုတ်ကျတာ ဖင်မှာသွေးတွေထွက်နေတယ်"

20190821_135002.jpg

ကျုပ်လည်း လျှော်လက်စအဝတ်တွေ ပစ်ထားပြီး
မြေးမအငယ်ဆီ အပြေးသွားရတယ်။
မြတ်စွာဘုရား မြေးအငယ်မ ဘောင်းဘီမှာ
သွေးစတွေနဲ့။ အတူတူဆော့တဲ့ကလေးတွေက
မိမွန်က ထော်လာဂျီပေါ်က ခုန်ချတာ ဒေါ်ကြီးတဲ့။
ဘောင်းဘီလှန်ပြီးကြည့်တော့ အမလေး
အဆော့မတော် ပေါင်ကြားကွဲဆိုသလို
ဆေးရုံကြီးကို ပြေးရတော့တာပါပဲ။

မြေးအဖွားနှစ်ယောက် အဝတ်အစားလဲပြီး
ဆေးရုံကြီးအရေးပေါ်ဌာနမှာ သွားပြကြသည်။
ဆေးရုံကြီးမှာ ဆရာဝန်တွေကို အနာပြ
ကုခိုင်းလေ‌သောအခါ ပြဿနာတက်ပါလေသည်။
တာဝန်ကျ ဆရာဝန်က မေးသည်။

"ဟာ ဘယ်လိုဖြစ်လာတာလဲ"

"ထော်လာဂျီပေါ်တက်ဆော့ပြီး လိမ့်ကျလို့ဖြစ်တာပါဆရာ"

"ကလေးမိဘတွေပါသလား"

"မပါဘူးဆရာ ကျမက သူ့အဖွားပါ"

"ဒါဆို ကလေးဒဏ်ရာ ရတုန်းက သွေးစွန်းတဲ့
ဘောင်းဘီယူလာခဲ့ပါ"

"ရှင်..."

"ကျွန်တော်တို့က တာဝန်အရ ရိုးရိုးဒဏ်ရာလား၊
ပြစ်မှု‌ကြောင့် ဒဏ်ရာ ရလာသလားဆိုတာ
စစ်ဆေးရမှာမို့ပါ"

"ကျုပ်အဖြစ်က အဲ့ဒါပါပဲတော် တစ်ပူပေါ် နှစ်ပူဆင့်
ဆိုတာ။ ခေတ်ကာလကြီးကို အပြစ်ဆိုရမလား။
ကျုပ်ရဲ့ ကံပဲပြောရမလားပေါ့"

@htwegyi
Photo @htwegyi
MSC.036

Sort:  

ဖြစ်ရလေဗျာ

Posted using Partiko Android

ဘုံဘဝ ကြုံရတာ အမျိုးမျိုးဗျာ

အဖြစ်ကတော့ဗျာ

မပြောရက်ပါဘူးဗျာ

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 58044.48
ETH 2352.63
USDT 1.00
SBD 2.36