သူတို့ ပျော်နေကြပြီ

in #myanmar6 years ago (edited)

MSC ရဲ့ နှစ်ပတ်လည် တွေ့ဆုံပွဲကို 3-8-2018 ရက်နေ့ မှာ စတင်ကျင်းပမည်ဖြစ်၍ အသင်းသားများယခုအချိန် ဆို ပုဂံသို့ရောက်ရှိနေမည်ဖြစ်ပါသည်။ ကား၊ လေယာဉ် နှင့် ရထားများစီး၍ မြန်မာပြည်အရပ်ရပ်မှ အဖွဲ့ဝင်များ သည် ပုဂံသို့ဦးတည်နေကြမည်ဖြစ်သည်။ ကြို၍ ရောက်သူများလည်း ရှိနေပေမည်။

ယခုအချိန်ဆိုပါလျှင် ပုဂံ ရဲ့ရာသီဥတုက မည်သို့ရှိမည် မသိပါ။ ကျွန်တော်တို့ မန္တလေးမြို့မှာတော့ မိုးသားများ နှင့် ကောင်းကင်သည်အုံ့မှိုင်းကာ နေလို့ ထိုင်လို့ ကောင်း နေသည်။ ဝါဆို ဝါခေါင် ရေဖောင်ဖောင်ဆိုသည့်အတိုင်း ရေတိုးစေသည့်လေများကလည်း အရှေ့ အနောက် တောင်မြောက် လေးပါး တဟူးဟူး တိုက်ခတ်နေလေ သည်။ အခန့်မသင့်လျှင် အဆိုပါ လေသရမ်းများက လူကို ဖျားနာကိုက်ခဲ ညောင်းညာစေပါသည်။

received_883613235166140.jpeg

received_883613205166143.jpeg

ပုဂံ သည် ပုဂံ ဟုခေါ်ဆိုပါမှ ခေါ်ဆို၍ကောင်းမည်ဟု ထင်မိသည်။ ပုဂံမြို့ဟု ခေါ်ဆိုရာတွင်မူ ခေါ်ရာတွင် တမျိုးဖြစ်နေပါသည်။ ပုဂံ ဗုဒ္ဓသာသနာစတင်ထွန်းလင်း တောက်ပခဲ့သည့်နေရာ၊ မြန်မာတို့၏ ရိုးရာအမွေအနှစ် များ များစွာရှိသည့်နေရာ၊ ကမ္ဘာကို မြန်မာဟု သိစေခဲ့ သည့်နေရာဖြစ်သည်။ MSC Leader ကိုဟင်နရီအောင် နှင့် အဖွဲ့ခေါင်းဆောင်များ၏ စီစဉ်မှု စိတ်ကူးလေးက လှပခမ်းနားပေသည်။ ခုချိန်ဆို အဖွဲ့သားများ တွေ့ဆုံပြီး စကားလက်ဆုံ ပြောမကုန်ဖြစ်နေပေရော့မည်။

3-8-2018 သောကြာနေ့မှစတင်ကာ ပုဂံ မြေမှာ msc အဖွဲ့သားများ ခြေချနေကြလေပြီ။ ဧရာဝတီ မြစ်ကမ်း ဘေး ဗုဒ္ဓသားတော်များ၏ အရိပ်အောက်မှာ ခိုလှုံရင်း တီတိုးစကားထိုးနေကြပေမည်။ မျှော်ခဲ့ကြသည့် ပုဂံခရီး အတွက် ရောက်ရှိခဲ့ပြန်တော့လည်း ပုဂံမြေ အလှနဲ့ အဖွဲ့သားတွေ အပမ်းဖြေနေကြပေမည်။ တွေးကြည့်ရင်းနဲ့သာ ရင်မှာ ပီတိဖြာရပါသည် msc။

received_2076071126054075.jpeg

MSC အဖွဲ့သားများပျော်ရွှင်နေကြမည်ကို cb မှ ရင်ခုန် စွာ စောင့်မျှော် ကြည့်နေပါမည်။ ဆည်လည်းသံတလွင် လွင် နဲ့ ဧရာဝတီ မြစ်ကမ်းဘေးမှာ ကဗျာတွေသီနေကြ မလား၊ စာတွေစီနေကြလေမလား အဖွဲ့သားများ၏ ပုံရိပ်တွေကိုဖမ်းနေမိသည်။ ရင်ခုန်စိတ်လှုပ်ရှားစရာ တွေ့ဆုံပွဲလေးဖြစ်နေမည်မှာ ဧကန်အမှန်ဖြစ်မည်။

ပုဂံရဲ့ကောင်းကင်မှာ မိုးသားများနှင့် အုံ့မှိုင်း
ညို့ဆိုင်းနေမလား၊ မိုးအုံ့အုံ့မှာ အဖွဲ့သားတွေ
လည်ပတ်သွားလာရသည့်အခါ သက်သာပေလိမ့်
မည်။ ရာသီဥတုသာယာပြီး နေမင်းကြီးက
ပူပြင်းရင်ဖြင့် ပမ်းရှာကြပေတော့မည်။
မှန်းဆကာအတည်
တမ်းတပါသည်
လွမ်းရပါ့
ပုဂံ ဋ္ဌာနီ
MSC အဖွဲ့သားများစုံညီပွဲတော်ဆီ....။

received_517284118708376.jpeg

ညနေ ညနေ စည်တယ်လေ
ပင်ကျရည် ထန်းရည်ဖြူရယ်
ခွက်လှည့်ကာ ကမ်းကြတယ်
အချိန်ညနေ ဧရာမြစ်ဘေးမှာကွယ်
ရီဝေဝေနှင့် မြစ်ပြင်ကိုငေးမောရင်း
ဝါဆိုရေတိုးခါမို့
နီထွေထွေမြစ်ရေပြင်ရယ်က
လှိုင်းဘောင်ဘင်ခတ်သံကို
ကညာပျို ခိုးခိုးခစ်ခစ်
ရီသံလို့မှတ်ထင်သဖြင့်
အိမ်သူခင်ကို
မေ့မိရော့ထင်။

received_1063307330484629.jpeg

မြန်မာပြည်
အရပ်ရပ်မှ MSC အဖွဲ့သားများက
သူရို့ရဲ့ တွေ့ဆုံမှုကို
မြန်မာတို့ရဲ့ အသည်းနှလုံး ပုဂံမြေမှာ
ညီညာစွာရေးထိုး အမှတ်တရဖြစ်စေဖို့
ပြုလုပ်မှုလေးက Steemit msc သမိုင်းမှာ
မှတ်တိုင်လေး ရေးထိုးလိုက်သကဲ့သို့
ဖြစ်နေပါတော့သည်။

Author @htwegyi
Photo credit
MSC.036

Sort:  

happy trip လေးမှန်းပုံတွေကြည့်တာနဲ့ သိနိုင်တယ်

😁😁😁

လာလည်ခဲ့ပါတယ် blogကို

ဟုတ်ကဲ့ ကိုသီဟ ရေ

ပျော်စရာကြီးနေမှာပဲနော်

ပျော်လိုက်ကြမည်ဖြစ်ခြင်း

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ပျော်တယ်တကယ်ပါ

ဝိုးးး မိုက်တယ်

နောက်နှစ် ပါဝင်နိုင်အောင် ပြင်ဆင်ကျတာပေါ့ ဦးထွေးရေ

ဖိုက်တင်း မတ်မတ်စု

ဘာလို့မလာတာလဲ
ကျွန်တော်တောင်နေမကောင်းတဲ့ကြားက ရောက်ခဲ့တယ် နောက်နှစ် လာဖြစ်အောင်ကြိုးစားစေချင်ပါတယ်ဗျာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63811.50
ETH 2617.28
USDT 1.00
SBD 2.77