တန်ဘိုးနှင့် တန်ခိုး

in #myanmar5 years ago

image

စနေမိုး ဆိုတော့ မိုးက မစဲနိုင် မရပ်နိုင် စွေ
လို့နေသည်။ ကျွန်တော်တို့ မီးရထားတိုက်တန်းမှာ
စာပေဟောပြောပွဲပြုလုပ်သည်။ စနေနေ့ညနှင့်
တနင်္ဂ‌နွေ‌ နှစ်ည ကျင်းပသည်။ ရှစ်ကြိမ်မြောက်
ဆွမ်းလောင်းပွဲအထိမ်းအမှတ်အတွက် ကျင်းပ
ပြုလုပ်ခြင်းသည်။

စနေနေ့ပထမညတွင် မိုးမရွာ၍ ဟောပြောပွဲအောင်မြင်သွားသည်။ ယနေ့ ဒုတိယည
ဆက်လက်ကျင်းပမည်ဖြစ်သည်။ ရာသီဥတု
အခြေအနေကတော့ သိကြသည့်အတိုင်း မိုးစက်
တို့က တပေါက် နှစ်ပေါက်ကျနေသည်။
ပတ်ဝန်းကျင်တွင် အေးအေးချမ်းချမ်း
စိုစိုစိစိဖြစ်နေသည်။

isu6v7bqnm.jpg

ယခုအတိုင်း မိုးဆက်လက်ရွာနေပါက
စာပေဟောပြောပွဲ ဒုတိယညအတွက်
အခြေအနေမကောင်းနိုင်ပါ။ ပထမနေ့ည
တွင် ဆရာမခင်ခင်ထူးနှင့် စာရေးဆရာ၊
လူရွှင်တော် ချစ်စရာ တို့ ဟောပြောကြသည်။
ဒုတိယညမှာတော့ လူငယ်စာရေးဆရာများ
ဖြစ်သည့် ချောအိမာန်နှင့် ထွဏ်သွေးအိမ်တို့
ဟောပြောမည်ဖြစ်သည်။

ပထမည ဆရာမခင်ခင်ထူး ဟောပြောသွား
သည်မှာ ကျနော်တို့မြန်မာနိုင်ငံသည် ကိုယ်ပိုင်စာ၊ ကိုယ်ပိုင်စကားရှိသည် ထို့ကြောင့် မြန်မာနိုင်ငံသားများအနေနှင့် ကိုယ့်စာ ကိုယ့်စကားကို တန်ဘိုးထားကြရန်၊ ဂုဏ်ယူကြရန်ပြောကြားသွားသည်။
စင်ကာပူနိုင်ငံသည် ယခင်က မြန်မာနိုင်ငံအား
အားကျအတုယူခဲ့သည်။ ယခု စင်ကာပူနိုင်ငံက
ကျနော်တို့နိုင်ငံကို ကျော်တက်သွားသည်။

skfkurooxb.jpg

စင်ကာပူနိုင်ငံက သူ့နိုင်ငံသူ နိုင်ငံသားများ၏
တန်ဘိုးကို မြှင့်တင်အသုံးပြုသွားသည်။
ယခုအခါ သူ့နိုင်ငံသားများအပြင် အခြားနိုင်သားများ၏တန်ဘိုးကိုလည်း ယူငင်အသုံးပြုကာ
နိုင်ငံတိုးတက်အောင် ဆောင်ရွက်သည်။
လူတိုင်းတွင်သူ့တန်ဘိုးနှင့် သူရှိ၍ ထိုတန်ဘိုးကို အသုံးပြုကာတိုးတက်အောင် ပြုလုပ်ကြဖို့
ဟောပြောသွားသည်။

ဆရာချစ်စရာကလည်း ဇာတ်သမားပီပီ
ဦးပုည၏ ဆဒ္ဒန်ဆင်မင်းအကြောင်းကို
ရွတ်ဆိုဟောပြောသွားသည်။ ဆင်မင်းကို
လုပ်ကြံသတ်ဖြတ်သည့်အခါ အစီအစဉ်ကို
သေသေချာချာ ကျကျနနစီစဉ်ပေးသူရှိကြောင်း
ပေါ်လွင်အောင် ဟောပြောသွားသည်။
ဆရာချစ်စရာက ငါတို့လူမျိုး တန်ခိုးရှိသည်
ခေါင်းစဉ်ဖြင့် ဟောပြောသွားသည်။

ယနေ့ည မိုးမရွာရင်၊ ဟောပြောပွဲဖြစ်မြောက်
ရင်ဖြင့် စာရေးဆရာမချောအိမာန်နှင့် စာရေးဆရာ
ထွဏ်သွေးအိမ်တို့၏ ‌ပြောဆိုချက်များကို
ဆက်လက်တင်ပြပေးသွားပါမည်။

@htwegyi
Photo @nweoomon
MSC.036

Sort:  

ကျွန်တော့်ပို့စ့်လဲ အားပေးပါဦးဗျ

ဟုတ်ကဲ့ပါဗျာ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.029
BTC 62486.70
ETH 2415.17
USDT 1.00
SBD 2.66