စာတွေဖတ်ပြီး ဆရာကြီးလုပ်ရအောင်

in #myanmar6 years ago

လွန်ခဲ့သောနှစ်များက ဦးပိန်တံတားသို့ မိသားစု
တွေသွားလည်ပတ်ခဲ့စဉ် ကလေးများက
ဆော့ရင်းပြုရင်းဖြင့် သူတို့လေးတွေနုတ်မှ
”ကျား” ဟု
အော်ကာပြေးလွှားဆော့ကြသည်။ ထိုအခါ
အတူလိုက်ပါလာသော အဒေါ်က...

”ဟဲ့..ဟဲ့. ကလေးတွေ အဲ့လို မအော်နဲ့လေ
ဒုက္ခတွေတော့ ရောက်တော့မှာပဲ”

ကျွန်တော်က ဘာဖြစ်လို့လဲ ဒေါ်ကြီး ဟုမေးရာ
အနားသို့ ကပ်ကာ တိုတိုးပြောလေးလေ၏

” ဒီအရပ်မှာ ”ကျား” လို့
မအော်ရဘူး အော်ရင် အန္တရာယ် တစ်ခုခုတွေ့
တတ်တယ် ဘာလို့လဲတော့ ငါ့မမေးနဲ့
ငါလည်းမပြောတတ်ဘူး”

ဒေါ်ကြီးကပြောခဲ့ဖူးသဖြင့် ကျွန်တော်မှာ
သိချင်ခဲ့သည်။ ငယ်စဉ်က ဦးပိန်တံတားနှင့်
ပတ်သက်၍ ပုံပြင်လား အမှန်လားမသိတဲ့
အကြောင်းအရာလေးတစ်ခုသိရသည်။
လူတစ်ယောက်သည် ဦးပိန်တံတားပေါ်မှ
တောင်သမန်အင်းထဲသို့ ”ကျား” ဟု
အော်ကာ ဒိုင်ဗင်ထိုးချရာ ရေပေါ်သို့ပြန်လည်
ပေါ်မလာတော့ကြောင်း ကြားခဲ့ရဖူးသည်။

image

image

”ကျား”ဟု မအော်ရခြင်းကို Steemit မိတ်ဆွေ
များလည်းသိရန် ဝေမျှ လိုက်ပါသည်။

တောင်သမန်ဘိုးဘိုးကြီသည် ရှေးယခင်က
ကျားသတ္တဝါကိုက်၍ သေဆုံးခဲ့သည်။ သို့အတွက်
တောင်သမန်အင်းတစ်ဝိုက်တွင် ကျားပုံအသုံးပြုခြင်းမရှိကြပေ။

ထို့အပြင် ဦးပိန်တံတားနှင့် နတ်နန်းအနီးတွင်
ကျား ဟု ကြုံးဝါးခြင်းမပြုရဟု ဆိုကြသည်။
နယ်ခံများသည် ကျားပုံပါ ပစ္စည်းကိရိယာများ
ဝယ်ယူအသုံးပြုပါက ကျားပုံကို တိုက်ခြစ်
ဖျက်ပြီးမှအသုံးပြုကြသည်။ နယ်ခံများက
ကျားကို တောကောင်ဟု ခေါ်ဝေါ်သုံးကြသည်။

လွန်ခဲ့သော ၅နှစ်ခန့်ကဖြစ်သည်။ ရုံးမှဆရာက
သူ့ဖုန်းမှ ဓာတ်ပုံများကို ကွန်ပျူတာ နှင့်ချိတ်၍
လိုအပ်သည့်ပုံများကိုရှာခိုင်းသည်။ ကျွန်တော်နှင့်
ကွန်ပျူတာရိုက်သည့်ကောင်မလေးတို့ကရှာပေး
ရသည်။ ပုံတွေထဲတွင် တောင်သမန်အင်းမှ
ကျောက်တိုင်တစ်တိုင်ကို ရိုက်ထားသည့်ပုံကို
တွေ့ရသည်။ ထိုပုံကို ကျွန်တော်တို့နှစ်ဦးကြည့်
နေစဉ် ဆရာက အဲ့ကျောက်တိုင်က ဘာအဓိပ္ပါယ်
လဲသိလားမေးရာ ကျွန်တော် တို့ကမသိကြောင်း
ပြောသည်။ ဆရာက ပြုံးသာပြုံးပြီး အဓိပ္ပါယ်ကိုမူ ပြောမပြခဲ့ပါ။

image

ကျွန်တော်တို့ မှာ အဆိုပါ ဦးပိန်တံတားမှ
ကျောက်တိုင်စိုက်ထားရခြင်း အဓိပ္ပာယ် နှင့်
အထိမ်းအမှတ်ကို သိချင်မိခဲ့သည်။ ထိုဆရာလည်း
ယခုအချိန်မှာတော့ ပင်စင်ယူသွားပြီဖြစ်သည်။
ဟိုတစ်နေ့က မန္တလေးသတင်းစာမှာ တောင်သမန်
နှင့် ဦးပိန်တံတားအကြောင်းဖတ်လိုက်ရသည်။

အဆိုပါကျောက်တိုင်မှာ ယခင်က ဦးပိန်တံတား
ဘေးတွင် သစ်သားတိုင်ကြီးဖြစ်သည်။
ရေလုပ်သားများက အုတ်တိုင်ပြုလုပ်၍
ပြုပြင်ထားသည်။ ထိုအုတ်တိုင်ကို
ဘိုးဘိုးကြီးသက်ပျောက်တိုင်ဟုခေါ်သည်။
ရေလုပ်သားများက ဦးတိုက်ကိုးကွယ်ကြသည်။
ဦးတိုက် တိုင်တည်ပြီး ငါးဖမ်းကြသည်။

image

image
တောင်သမန်အင်းနှင့် ဦးပိန်တံတားတွင်
နာမည်ကျော်ဖြစ်ရပ်များရှိခဲ့သည်။ ထိုဖြစ်ရပ်
ဇာတ်လမ်းများအနက် ယနေ့တိုင် နယ်ခံများ
ယုံကြည်စွာဖြင့် တောင်သမန်ဘိုးဘိုးကြီးနတ်ပွဲကို
ကျင်းပသည်။ နှစ်စဉ် တော်သလင်းလပြည့်ကျော်
၂ရက်နှင့် ၃ရက်နေ့တို့တွင်စတင်ကျင်းပသည်။
နယ်ခံများသည် တောင်သမန်ဘိုးဘိုးကြီးကို
ဒေသအခေါ် ဘိုးရေကြီးဟုလည်းခေါ်ဆိုသည်။

Steemit မှလူငယ်များအနေဖြင့် ဦးပိန်တံတားနှင့်
တောင်သမန်ကိုရောက်ရှိခဲ့ရင်ဖြင့် ကိုယ့်ချစ်သူ
နှင့်ဖြစ်စေ သူငယ်ချင်း မိတ်ဆွေများကိုဖြစ်စေ
ရှင်းပြကာ ဆရာကြီးလုပ်နိုင်ကြပါစေသတည်း။

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

စာမဖတ်​ဘဲ ဆရာ ကြီးလုပ်​​နေကြ​တော့ခက်​တယ်​ဆရာ​ရေ့

Posted using Partiko Android

စာဖတ်ပြီးမှ ဆရာကြီးလုပ်တာ ပိုမိုက်တဲ့အကြောင်း
ပြောပြလိုက်ပါ ဘဘကြီးရယ်

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

တွေ့ခဲ့တယ်​ ဘာမှန်း​တော့မသိခဲ့ဘူး😁😁

Posted using Partiko Android

ဟုတ်တယ်ဗျာကိုယ်လို မသိတဲ့သူတွေ
သိရအောင် ပြန်မျှဝေပေးတာပါ

ဟုတ်​တယ်​ ကိုယ်​​တော့ ဆရာမလုပ်​ရပါဘူး ဆရာ​တွေ​ပေါလို့😁😁

Posted using Partiko Android

တောင်သမန်အင်းမှာ'ကျား'မအော်ရဘူတော့ကြားဘူးတယ်ရာဇဝင်ကိုတော့သေချာမသိပါဘူး

ဟုတ်တယ်ဗျာ မသိသူတွေသိပါစေတော့
ကျွန်တော်လည်းခုမှသိလို့

ဦးပိန်တံတားနဲ့ပက်သက်တဲ့အကြောင်းအရာလေးတွေ ဗဟုသုတရပါတယ်။

Posted using Partiko Android

ဟုတ်ကဲ့ မသိသူတွေ သိရအောင်ပါ

အဲ့ ဂလို ကိုး

ဟုတ်တယ် မမရေ. အဲ့လိုဗျ

တောင်သမန်ဘိုးဘိုးကြီး ရာဇဝင် တင်ပေးပါဦးဗျာ

Posted using Partiko Android

ဟီး အဲ့တာပဲသိတာ သိသလောက်တင်လိုက်တာပ 😁

Toilet ဆိုလဲ အမျိုးသား၊ အမျိုးသမီးလို့ပဲရေးရတယ်တဲ့
ကျား၊ မလို့မရေးရဘူးတဲ့ ပြောတာကြားဖူးတာပဲ

ကျား မ ရေးရဘူးဆို မိန်းမ ယောက်ျား ရေးလိုက်မယ်နော်

ကျားဆိုတဲ့စကားလုံးဝသုံးလို့မရဘူး​ပေါ့...ခုမှသိရလို့ဗဟုသုတရပါတယ်​...မှတ်​ထားပါ့မယ်​...မသိသူ​တွေကိုဆရာကြီးလုပ်​မို့😛😁

Posted using Partiko Android

မသိသူတွေကို ဆရာကြီး လုပ်ပလိုက်ပါ
ဦးပိန်က အုတ်တိုင်ကြီးအကြောင်း

ဟုတ်​ကဲ့...😊

Posted using Partiko Android

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63362.14
ETH 2592.64
USDT 1.00
SBD 2.80