Steemit နှင့်အတူ စီးမျောရင်း

in #myanmar5 years ago

image

နေမကောင်းတာနဲ့ စာရေးပိုစ်တင်ဖို့ ပျက်ကွက်ခဲ့ရပါသည်။ steemit မှာလဲ ဘာတွေထူးခြားနေလဲ
ဘာတွေဖြစ်ပျက်နေလဲ ။ တစ်နေ့က ကိုဟင်
ရေးထားသည့် မစင်ဂျာမှ စာကိုယ်ဖတ်လိုက်ရသည်။

ဒီဘက်ခေတ် social media နဲ့ Internet လောကမှာ ဥပဒေ နှစ်မျိုးပဲရှိတယ်...

Small enough to jail... သေးသေးလေး အောင်မြင်လာရင် အပိုင် ဝယ်သိမ်းမယ်....
အဝယ် မခံရင် အသေသတ်ပြစ်မယ်....

Too big to be fail.... အင်အား ကြီးလွန်တဲ့ အတွက်... ကျရှုံး ဖို့ မဖြစ်နိုင်တော့ဘူး။

w602iqj211.jpg

စဉ်းစားကြည့်တော့ steemit အောင်မြင်ဖို့က
အတော်မလွယ်ဘူး။ ခက်ခဲကြမ်းတမ်းမှာပဲ။
ခံနိုင်ရည်ရှိဖို့တော့လိုလိမ့်မယ်။ စာရေးသူတွေရော၊
တည်ထောင်ဖန်တီးသူတွေရော။ ကြံ့ကြံ့ခံနိုင်မှ
အောင်မြင်လိမ့်မယ်ထင်သည်။

SMTs တွေအောင်မြင်လာသည့်တိုင် ကိုယ့်ရဲ့
Steemit ကိုဝါးမြိုမည့် အာသာငမ်းငမ်းနှင့်
စောင့်စားနေသည့် သားရဲတွေက ပေါများလှ‌ပေ
သည်။ ဒီလိုအခက်အခဲတွေကြား steemit
အောင်မြင်လာသည်ဆိုပါက အတိုင်းထက်အလွန်
ပဲပေါ့ဗျာ။ ကိုယ်‌တွေကတော့ အောင်မြင်လာတာ
မြင်ချင်မိပါသည်။

ce0rk9t8ja.jpg

သို့သော်လည်း ယခုလောလောဆယ်တွင်တော့
Steemit မှာစာရေးနေကြသည်မှာ
မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။ အချို့ပိုစ့်များက
ရေးသားထားသည်မှာ အားရစရာ အားတက်
ဖွယ်ရာ ကောင်းသည်။

အားလျော့စရာကတော့ steem စျေးပင်ဖြစ်
ပေသည်။ btc ဈေးတက်ပါ‌သော်လည်း
သူကမတတ်ပေ။ မတက်သည့်အပြင်
ဈေးများပင် ကျ၍နေပါသေးသည်။
သို့သော် သို့သော်လည်းပေါ့နော်
ဘာဆို ဘာမှ မှန်းဆမရသည့် လောကကြီးမှာ
တခါတရံ မထင်မှတ်သောအရာများက
ဖြစ်ပျက်တတ်ပေးသည်။

ထိုမထင်မှတ်သောအရာများတွင် ကျွန်တော်တို့ရဲ့
Steemit ကြီးက ထ ပေါက်သွားခဲ့ရင်တော့
ဘာပြောစရာလိုလိမ့်မလဲဗျာ
ဘယ်လိုပြောရမှန်းမသိအောင်ပင်
အလွန်ပျော်စရာကောင်း‌နေပါလိမ့်မည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

ဘာမှ ပြောတော့ပါဘူးဗျာ
စောင့်စားမယ်လို့

Posted using Partiko Android

အတူတူတွေပါပဲလေ

ဒီလိုပဲကိုထွေးရေး.... ဘားမှ မျှော်စရာမရှိတာထက်စာရင် တခုခု မျှော်လင့်ချက်ရှိနေတာလေးက ပိုမကောင်းဘူးလား..? ကျွန်တော်တို့အားလုံး မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြရတာကိုး.....

အတူတူ မျော်လင့်နေကြဆဲပဲလေ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 62659.86
ETH 2534.03
USDT 1.00
SBD 2.63