Steemit လှိုင်းဂယက်

in #myanmar5 years ago

image

ကျွန်တော်သည် Steemit မှာ ပိုစ့်တင်နေသည်မှာ
နှစ်ရက်ခြားတစ်ခါတင်ဖြစ်သည်။ ယခုအခါမှာ
ကျွန်တော်၏ မျက်စိတွင် အတွင်းတိမ် ဖြစ်နေ
သည်။ ထိုကြောင့် စာရေးခြင်းများကို
3 ရက်ခြားတစ်ခါသာ ရေးမိပါတော့သည်။
ဖုန်းနှင့်မျက်စိအား ထိတွေ့မှုကို လျှော့နည်း
စေရန်ဖြစ်သည်။

3 ရက်ခြားတစ်ခါ post တင်ပါသော်လည်း
ကျွန်တော်၏ မျက်လုံးများက ဖုန်းမှာရှိသော
steemit စာမျက်နှာများကိုသာ ရောက်ရှိနေ
လေသည်။ steemit၏ အကြောင်းအရာများကို
စိတ်ဝင်စားနေသည်။သတင်းများကို မျက်ခြေ
မပြတ် ကြည့်မိနေသည်။

ကျွန်တော်၏မျက်လုံးများ ရောဂါဖြစ်နေသည့်
အချိန်မှာပင် steemit ၏သတင်းများ၊
အခြေအနေများက စိတ်လှုပ်ရှားစရာ၊ စိတ်ဝင်စားစရာ၊ ရင်ခုန်စရာကောင်းနေသည်။ ရှေ့ကို မည်သို့ဖြစ်လာမည် ကောင်းသည်ဆိုးသည်ကို သိချင်နေမိပြန်သည်။ ဂျက်စတင်းနှင့် ဝင်းနက်စ်များရဲ့
ပြိုင်ပွဲတစ်ခုကို မြင်တွေ့နေရသည်။

nbi5d6.jpg

ထိုသူတို့၏ အားပြိုင်မှုသည် နောက်ဆက်တွဲအနေနှင့် လူအများ၏ စိတ်ဝင်စားမှုကို ရရှိစေသည်။
steemit ၏ အကြောင်းကို ကြော်ငြာမလိုဘဲ
အားလုံးကိုသိရှိစေသည်။ မည်သို့ပင်ဆိုစေ
Crytocurrency လောကမှာ steemit ၏
အကြောင်း၊ သတင်းက ထိပ်ကရှိနေပေမည်။
ဘာဖြစ်ဖြစ် ကောင်းဖို့ပင် ဖြစ်လာသည်ဟု
ကျွန်တော်ထင်ပါသည်။

ကျွန်တော့်မျက်စိကတော့ တိမ်ပါးသေးသဖြင့်
နောက်ထပ်သုံးလအထိ စောင့်ကြည့်ရပါမည်။
အမြင်မကြည်လင်ပဲ ပိုမိုဆိုးဝါးလာပါလျှင်
ခွဲရမည်ဖြစ်ပေသည်။ မည်သည့်‌ဆေးရုံး၊
ဆေးခန်းတွင် ခွဲရမည်ကိုတော့ စဉ်းစားရ
ပါအုံးမည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

မျက်စိသုံးတာလေး လျှော့ပါဗျာ ဘာမှရတာလည်း မဟုတ်

အေးဗျာ ခုတော့လျော့သုံးရတော့မှာပ။

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.028
BTC 57673.98
ETH 2343.83
USDT 1.00
SBD 2.37