Sex သည် တစ်ခါတစ်ရံ

in #myanmar6 years ago (edited)

ငါ သူတစ်ပါးယောက်ျား မိန်းမ မဟုတ်ပါလား။
အပုပ် ကောင်တွေ ရုပ်ဆောင်ထားကြတာပါ။
လှတာမြင်တော့ လိုချင် ရချင် တပ်မက်ချင်စိတ်တွေ
ပေါက်လာပါသည်။ ငထွေးလဲ လူထဲကလူမို့ 
ဘယ်နေမလဲ လှတာတွေ့ ရင် ကြည့်ချင်
မြင်ချင်တာပေါ့။ တဏှာ ရာဂသည် အရိယာ
သူတော်စင်များမှ လွဲ၍ လူတိုင်းမှာရှိကြပါ
သည်။ မရှိဘူးမပြောပါနှင့်  လူတိုင်းမှာရှိ
ပါသည်။ sex သည် လူတို့ တွင် တစ်ခါတစ်ရံ ဖြစ်ပေါ်တတ်ပါသည်။သို့ ပေသိ အသိဥာဏ် ကိုယ်ကျင့်တရား သိက္ခာမျာနှင့် ဆင်ခြင်မှုများ
က လူနှင့် တိရစ္ဆာန် ကိုခွဲခြားထားပါသည်။ တဏှာကြီးက အသုဘကမ္မဌာန်းရှုရာသည်။

တိရစ္ဆာန် တို့ က အိပ် စား ကာမ သာရှိသည်။
လူနှင့် တိရစ္ဆာန် သည် သတ္တဝါခြင်းအတူတူ
လူက အသိဉာဏ် ပို၍ လူဟုခေါ်တွင်သည်။
ယနေ့ တိုးတက်သောခေတ်ကြီးမှာ လူ့ အသုံး
အဆောင်များ နေထိုင်မှုပုံစံများတိုးတက်လာ
ပါသည်။ စိတ်ပိုင်း ဆိုင်ရာများသည်ကား
ဆန့် ကျင်ဖက် ဆိုးယုတ် အောက်သို့ အဝီစိထိ
ထိုးကြနေသည်။ စိတ်ပျက်ဖွယ်ကောင်းလေစွ
လူမှုကွန်ယက် စာမျက်နှာ များမှာ မကြားဝံ့မနာ
သာ ယုတ်မာချက် ရက်စက်ချက် တဏှာကြီး
ချက်များက လူတို့ ၏ လောဘ ဒေါသ မောဟ
ကိလေသာများ ထူပြောလာသည်ကို တွေ့ မြင်ရပါသည်။ တိရစ္ဆာန် နှင့် တစ်ဖြည်းဖြည်း
ဆင်တူလာသူများကို မြင်တွေ့ နေရပါသည်။

(

ယခုခေတ်မှလား။ ရှေးယခင်တုန်းကရော
တဏှာကိစ္စများမရှိဘူးလား ရှိပါသည်။
ရှေးလူတို့ သည် သူ့ စည်း ကိုယ့်စည်းရှိကြပါ
သည်။ ရတနာသုံးပါး ကိုင်းရှိုင်းကြပါသည်။
ကိုယ်ကျင့်တရား ခါးဝတ်ပုဆိုးကဲ့သို့
့မြဲကြပါသည်။ ဘုရင်မင်းမြတ်တို့ သည်
ဘုန်းတန်ခိုးတောက်ပကြသည် တရားစောင့်ထိန်း
ကြသည်။ အမျိုးသမီး တစ်ဦးအား မိဖုရား
မြှောက်လိုလျှင် လင်ရှိမယား ဟုတ်မဟုတ် စစ်ဆေးပြီးမှ မိဖုရားမြောက်သည်။ တရားမစောင့်သူသာ သူမယားကိုလိုလျှင်
သူလင် လှံနဲ့ ထိုး သူလည်းရှိခဲ့သည်။

သို့သော် ရှေးလူကြီးတို့ သည် မိဘ နှမ သားချင်း
ဆွေမျိုးများကို စောင့်ရှောက်ကြသလို ကိုယ့်ရပ် ကိုယ့်ရွာသူများကိုလည်း နှမသားချင်းစာနာစွာ
စောင့်ရှောက်ကြသည်။ အမြင်မတော်လျှင်
ဝိုင်းဝန်းကူညီ စောင့်ရှောက်ဖို့  လက်နှေးသူများ
မဟုတ်ကြပါ။ ကြီးသူကိုရိုသေ ရွယ်သူကိုလေးစား
ငယ်သူကို သနားညှာတာကြသည်။

ယခုခေတ်မှာတော့ အမြင်မတော်လျှင် ကူညီသူ
လွန်စွာမှနည်းပါးသွားသည်။ ကူညီသူများပင်
လောဘသားများကြောင့် ဒုက္ခ ရောက်ကြသူများ
ရှိသည်။ တစ်ဖြည်းဖြည်းဖြင့် အမြင်မတော်
မြင်ရတာကိုပင် ကိုယ်နှင့်မဆိုင်သလိုနေထိုင်ကြ
တော့သည်။ အမှန်တရားကို မျက်ကွယ်ပြုလာ
ကြသည်။ ဟီရိသြတပ္ပတရားများပျောက်လာ
သည်။ လောဘနောက်မှ ကိုယ်ကျင့်တရား များ
ပျောက်ဆုံးလာသည်။

image
Photo @htwegyi

ဟိုတစ်လောဆီမှ သတင်းတစ်ခုကြားရတာ
စိတ်မချမ်းသာစရာပါ။ တရားဟောကောင်း
စာရေးကောင်းသည့်ဆရာတော် တစ်ပါး
လူထွက်ပြီးမိန်းမ ယူသွားသည်။ နှစ်အနည်းငယ်
ကြာတော့ မိန်းမ နှင့် ပြဿနာတက်ကာ
ဂျာနယ်တွင် ဟိုးလေးတကြော် ကွဲကြပြဲကြတာ
ဖတ်ရသည်။ ငွေရေး ကြေးရေး ကိစ္စ များဖြင့်
ကွဲပြဲကြခြင်းလား လောဘ ဒေါသ မောဟ များကြောင့်လား တဏှာ ကြောင့်ဖြစ်ပြီး
လောဘကြောင့် ပျက်သွားတာပါလားဟု
စဉ်းစားမိပါသည်။

ယောက်ျားဟူသည် ကိလေသာကာမဂုဏ်နှင့်
မျှားလျှင်ပါတတ်ကြသည်။ မင်းတုန်းမင်းကြီး
သည် ဗန်းမော်ဆရာတော်အား ခင်မင်လေးစား
ကြည်ညိုသဖြင့် စမ်းသပ်ရန် စီစဉ်သည်။
နန်းတွင်း အနောက်ဆောင်မှ
လှသော ရဲသောအပျိုတော်များအား
အဝတ်အစားလျှော့တိ လျှော့ရဲဝတ်စေကာ အဆောင်တော်အတွင်း ဆရာတော်နှင့် နန်းတွင်း သူများသာထားရှိ၍ ဆွမ်းကပ်
စေသည်။ ဆရာတော်သည်
ဆွမ်းကို အားရပါးရဘုဉ်းပေးသည်။ နန်းတွင်းသူများကလည်း တစ်ယောက်ပြီး
တစ်ယောက် ဆရာတော်အပါး ဆွမ်းဟင်းများ
လာဖြည့်ကြသည်။

မင်းတုန်းမင်း ကြီးက ဗန်းမော်ဆရာတော် အား
အာရုံငါးပါးဖြင့် မြှူဆွယ်ရန်ပြင်ဆင်သည်။
ဆရာတော်သည် ဆွမ်း ဟင်းတို့ အားမြိန်မြိန်ကြီး
ဘုန်း ပေးပြီး_

”ကဲ..ဆွမ်းဒကာမလေးတို့ လာကြ နင်တို့ က
အဝတ်အစား လျှော့တိ လျှော့ရဲ နဲ့  ဆွမ်းကပ်ကြတော့ နင်တို့ စေတနာသိရတာပ
ကဲ ကန်တော့ကြ” ပြောဆိုကာ မတ်တပ်ရပ်ပြီး
မိန့် တော်မူသည်မှာ

”နင်တို့ လင် မောင်လွင် ကိုသံတော်ဦးတင်လိုက်ကြ
ဘယ်လိုပင်ဖြားယောင်းသော်လည်း ဗန်းမော် က
မဖြုံဘူးလို့ ”

ဆရာတော်ကြီးက တရားရှင်ဧကန်ဖြစ်တော်မူ
ပါပေသည်။ မင်းတုန်းမင်း ကြီးသည် ကန့် လန့်ကာ
နောက်မှ ဖြစ်စဉ်ကိုကြည့်ကာ အားရကျေနပ်
တော်မူလေသတည်း။

image
Photo @htwegyi

Author @htwegyi
MSC.036

Sort:  

ဟီရိ သြတပ္ပ ဆိုတဲ့​လောကပါလတရား​တွေသာ ​ပျောက်​ကုန်​ရင်​ အထိန်းအကွပ်​မဲ့အသိတရား​တွေနဲ့ တိရိစ္ဆာန်​​တွေလို ဖြစ်​ကုန်​ကြမှာ ကိုကြီး​ရေ​ ..

ဟုတ်ပဗျ အရှက်အကြောက်တရားလေးတောင်
ပျောက်တောက်တောက်ဖြစ်နေပ

တဏှာ က တကယ့်ကို ကြောက်စရာကောင်းတယ်ဦးထွေးရေ

ဟ .. ဟုတ်ရဲ့ လား ကြောက်စရာကောင်းတယ်ပ

ဗန်းမော်သူဖြစ်ရတာ ဂုဏ်ယူပါတယ်ရှင့်

ပျော်ပျော်ကြီးကို ဂုဏ်ယူပလိုက်

ခုခေတ်ဘုန်းကြီးတွေနဲ့တော့ကွာသွားပြီ..တကယ့်ဘုန်းကြီးတွေကနည်းသွားပြီကွီးထွေးရေ..သူတို့ကိုယ်တိုင် FB သုံးပြီးတော့ ညီ့ဆိုင်မှာလာပြီး SEX တွေထည့်ခိုင်းတာ ခနခနကြုံရလို့ စိတ်လဲတော်တော်ပျက်လှပြီ

သာသနာကို သာသနာအတွင်းကဖျက်ပျက်သတဲ့
သိက္ခာရှိတဲ့ဆရာတော်ကြီးများရှိလို့ တော်သေးတာပဗျာ

အရင်​​ခေတ်​နဲ့ အခု​ခေတ်​​တော်​​တော်​​လေးကွာသွားပီ😢

ဟုတ်ပါတယ်ဆို

ဟဲဟဲ
ဗန်းမော်ဆရာ လို အဲ့မဖြုံတဲ့ အထဲ
@htwegyi ပါမပါသိချင်တာ

အို ဘာတဲ့ မမ မြန်မာ့မီးရထားရေ
ကျိတ်လိုက်ဗျ

ဘာမန့်ရမှန်းသိတော့ဘူး။
မမန့်တာပဲ ကောင်းပါတယ်လေ။

အေး ဒါမျိုးလေး ရေးလဲဆိုးဘူးပ

ခေါင်းစဉ်ကို အရှေ့အနောက်ချိန်းပီး ဖတ်မိနေတာ..အဟိ.. :P

စိတ်ချမ်းသာသလိုဖတ်ပါ sl ကြီး

အို.......

ဗျိုး....

ဗန်းမော်ဆရာတော်စာအုပ်ဖတ်ဖူးပေမယ့် ဒီအြေ ကာင်း ကိုတော့ ခုမှပဲသိတော့တယ်

Coin Marketplace

STEEM 0.20
TRX 0.14
JST 0.030
BTC 64785.95
ETH 3471.44
USDT 1.00
SBD 2.51