စိတ်ရောင်စုံ Colorful mind.

in #myanmar5 years ago

image

စန္ဒကူးပင်သည် သွေးခြောက်သော်လည်း
အနံ့ကိုမစွန့်။
The sandal-wood thoug it be dry,
surrenders not its fragrance.

ဆင်ပြောင်သည် စစ်မြေပြင်သို့ရောက်သော်လည်း
လူထုမျက်မှောက် တင့်တယ်ခြင်းကိုမစွန့်။
The elephant thought it has reached the
bottle-ground, surrenders not it, in the
eyes of man, its grandeur.

ကြံသည် ကြံကြိတ်စက်သို့ရောက်သော်လည်း
အချိုအရသာကိုမစွန့်။
The surgar-cane, thought it be put
under grinder, surrenders not its
sweetness.

လူကောင်းသည် ဆင်းရဲခြင်းသို့ရောက်သော်လည်း
အကျင့်ကောင်းကို မစွန့်။
The virtuous, thought he be under
affliction, surrenders not his conduct.

ကျွန်‌တော်တို့မြန်မာလူမျိုးတွေမှာ စကားပုံ၊
အတိတ်နမိတ်၊ တဘောင်၊ အဆုံးအမ၊ နီတိ၊
နှင့် ဓမ္မပဒ အစရှိသည်များရှိကာ အမြင်မတော်သည်များကိုလည်း ဆို ဆုံးမ‌ပေးတတ်သည်။

ks2vxa.jpg

အရှက် အကြောက်များရှိအောင် လူကြီးများက
သွန်သင်ခဲ့ကြသည်။ ဒီလို ဆို ဆုံးမသည့်ကြားက
ကျွန်‌တော်တို့လူမျိုးသည် ယနေ့ခေတ်ကြီးမှာ
အရှက် အကြောက် ကူညီရိုင်းပင်းမှုများ
ပျောက်ဆုံးနေလေသည်။တဏှာ ရာဂများ
တနေ့တခြားပေါများလာသည်။

လူမိုက်ကပေါများပြီး လူလိမ္မာကရှားပါးနေသည်။
တစ်နေ့က ကျွန်တော်တို့မီးရထားဌာနမှ လုပ်သား
တစ်ဦး 37လမ်း၌ ဆိုင်ကယ်မတော်တဆဖြစ်သည်။
ည 7 နာရီအချိန် ဆိုင်ကယ်နှင့်လူ လဲကျ
နေပါသော်လည်း ကူညီမည်သူ့မရှိချေ။
တစ်နာရီအကြာခန့်မှ အမြင်မ‌တော်သူ
တစ်ဦးက ‌ဆေးရုံးပို့ပေးသည်။

အဆိုပါ လုပ်သားမှာ ဦးခေါင်းထိခိုက်ပြီး
သွေးများစိမ့်ထွက်နေသည်။ ဆေးရုံကြီးသို့
ရောက်သောအခါ ဦးခေါင်းခွဲစိတ်ရသည်။
5ရက်အကြာမှာ သေဆုံးသည်။မြန်မာတို့၏
စိတ်ရင်းစေတနာ မူလက ကောင်းသူများဖြစ်
သည်။ စိတ်ပျော့ပျောင်းသူများဖြစ်သည်။

krv0bv.jpg

တစ်နေ့က ရတနာပုံဈေး မီးလောင်သည်။
ရွှေနှင့် ကျောက်မျက်ရတနာရောင်းချသည့်
ဆိုင်ခန်းနေရာများ မီးလောင်ခြင်း ဖြစ်သည်။
ထိုဆိုင်ခန်းများမှ ပျောက်ဆုံးပစ္စည်းများကို
ဆိုင်ခန်းပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ကြောင်း facebook မှာ ဖတ်လိုက်ရတော့ ရင်ထဲမှာ
ကြည်နူးမိသည်။ ဒီလို စိတ်ဓာတ်တွေရှိသေး
တယ်၊ ကြားသိရတော့ မြန်မာတွေ စိတ်ဓာတ်
မြင့်မြတ်သေးကြောင်း ကြက်သီးထစွာ
ဝမ်းသာ ပီတီဖြစ်မိလေသည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

ဘယ်သူမကောင်းကောင်း ကိုယ်ကောင်းအောင်နေကြမယ်ဗျာ

Posted using Partiko Android

ဟုတ်ကဲ့ပါဗျာ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thanks esteemapp

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 60637.64
ETH 2405.36
USDT 1.00
SBD 2.60