စောင့်မျှော်နေမည် steem ဆီ

in #myanmar5 years ago

image

တစ်နေ့ တစ်နေ့ နေဝင်က မိုးချုပ် လူ့ဘဝ
ရုန်းကန်လှုပ်ရှားနေကြသည်။ စားဝတ်နေရေးအတွက် တစ်နေ့တာ ကုန်ဆုံးကြသည်။
မနက်အိပ်ရာထ မျက်စိနှစ်လုံးပွင့်သည်နှင့်
အစာစားဖို့ပြင်ဆင်ကြသည်။ ဝမ်းဝပြီး သကာလ
လုပ်ငန်းခွင်သို့ သွားရောက်ကြသည်။
ငထွေးလည်း မိုးလင်းသည်နှင့် အစာစားပြီး
Steemit မှာ စာရေးဖို့ စဉ်းစားရသည်။

ငထွေးက လုပ်ငန်းခွင်သို့ သွားရောက်ဖို့
အားမထုတ်ခင် Steemit မှာ စာရေးဖို့
အရင်ဦးစားပေးလေသည်။ အတော်ဆိုးသည့်လူ
ကိုယ့်ထမင်းကျွေးသည့်အလုပ်ကို ဦးစွာ
လုပ်ကိုင်မှုမရှိ။ မရေရာ မသေချာသည့်ဟာကို
ဦးစားပေးသည်။

"ဘာ" "ဘယ်လို"

"မရေရာ မသေချာသည့်ဟာ အဲ့လိုတော့
မပြောပါနဲ့လေ"

"မရေရာ မသေချာသည့်ဟာ ဆိုပေမင့်
ဒီစတီးလေးကြောင့် ကျုပ်တို့ စာတွေဖတ်ရတယ်။
ဗဟုသုတတွေ ရှာရတယ်။ တစ်နေ့ တစ်နေ့
ဘာရေးရမလဲလို့ စဉ်းစားရတာကိုက
အလုပ်မလုပ်ချင်တဲ့ ဦးနှောက်ကို အလုပ်ပေး
ရတယ်လေဗျာ"

"ဒါတွေက အမြတ်ပါလေ ဟုတ်ဘူးလား"

"နို့မို့ဖြင့် ဖုန်းပွတ်လိုက်၊ tv က ဇာတ်လမ်းတွဲ
ကြည့်လိုက်နဲ့ အချိန်တွေကုန်နေတာ။
စတီးကြောင့် စာဖတ်ဖို့ တွန်းအားဖြစ်စေခဲ့တယ်"

qljpsq6m0b.jpg

စာရေးရသည်မှာ မလွယ်ကူပါ။ ခေါင်းထဲ၌
စဉ်းစားမိသည့်အရာများ ရှိပါသော်လည်း
လက်တွေ့ ချရေးသည့်အခါ အခက်တွေ့ပါသည်။
တခါတစ်ရံ ခေါင်းထဲမှာ ပေါ်လာပါသော်လည်း
မည်သည်ကစရေးရမှန်း မသိအောင်ဖြစ်နေတတ်သည်။

ယခုအခါ ဖုန်းတွင် google traslate ရရှိခဲ့ပါသော်လည်း နှုတ်မှ မပီသလျှင် အပြောတခြား
အရေးတခြားဖြစ်ပေါ်သည်။ တခါတလေ
ကိုယ်က ‌ရေးသားသည့်အကြောင်းအရာတွင်
ဈာန်ဝင်သွားပါက နှုတ်ဖြင့်မပြောပဲ လက်ဖြင့်
စာရိုက်မှာသာ အားရမှုရှိလေသည်။ သို့ဖြင့်
လက်ဖြင့်ရိုက်မိသည့်အခါရှိသလို နှုတ်ဖြင့်
စာရေးသည့်အခါများလည်း ရှိပါသည်။

မည်သို့ပင်ဆိုစေကာမူ steem ဈေးများတက်လာ
ပါစေ ဆုတောင်းရင်း။ မရေရာ မသေချာ
ပါသည်ဟုဆိုသော်လည်း ရေရာ သေချာလာမည့်
နေ့ကို စောင့်မျှော်ကြရင်း steemit မှာ post
တွေ ‌တင်နေပါအုံးမည်လေ.....။

@htwegyi
Photo @htwegyi
MSC.036

Sort:  

စောင့်သာစောင့်

Posted using Partiko Android

ဟုတ်ကဲ့ပါ ဦးမင်း 😁

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thanks esteemapp

Steem ​တွေ ​စျေးကျ​နေတုန်း များများဝယ်ထား ​စျေးတက်လာတဲ့အခါကျ steem millionaire ဖြစ်ပြီ​ပေါ့ဗျာ

အင်း ဈေး တက်ပါစေအုံးလေ

ဘယ်​နေ့လဲ​တော့မသိ

ဟုတ်တယ် ဗျို့ ဘယ်နေ့လဲတော့သိဘူး

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63792.82
ETH 2563.50
USDT 1.00
SBD 2.66