ဆိုင်ကယ်နှင့် ခန္ဓာကိုယ်ကို လောင်းကစားခြင်း

in #myanmar6 years ago (edited)

”ဝုန်း

ဒုန်း”

”တိုက်ပဟ ဆိုင်ကယ်နဲ့  ဘာနဲ့ လဲဟေ့”
အမေးမှာကို ဆိုင်ကယ်နဲ့  ဘာနဲ့လဲဟေ့တဲ့
မန်းလေးသားတွေရဲ့  ထုံးစံ အမေးနဲ့ သေချာမှု
နောက်ဆက်တွဲ မှတ်ချက်။
ဟုတ်တယ်ဗျာ ကားလမ်းမပေါ် ဝုန်းကနဲ့ 
ယာဉ်မတော်တဆမှု ဖြစ်ပြီ တိုက်ပြီဆိုလျှင်
ဆိုင်ကယ်နဲ့ ဖြစ်ဖို့ များပြီး အခြားတစ်ဖက်ကို
ဘာယာဉ်လဲမေးယူရအောင် မန္တလေး ရဲ့ 
ဆိုင်ကယ်မတော်တဆမှုက အင်မတန်မှ
ပေါများလှပါသည်။

ဟို ၂ရက်ခန့် က ငထွေး ဝမ်းကွဲတူမ၏ ခင်ပွန်း ကျုံးလမ်းအရှေ့ ဖက် ၆၆ လမ်း အမျိုးသားဇာတ်ရုံ အနီးမှာ သူစီးတဲ့ဆိုင်ကယ်နဲ့ အခြားတစ်ဖက်မှကား ဖြင့်တိုက်တာနေရာမှာတင် အသက်ဆုံးပါးသွား ပါတယ်။ ညအချိန် ယမကာလေးမှီဝဲထားကြ
တော့ အမှန်အမှားမခွဲခြားနိုင် ဘယ်သူမှန်လို့ 
ဘယ်သူမှား မဆုံးဖြတ်နိုင်ခင်မှာ လူ့ အသက်
တစ်ချောင်းကဆုံးပါးသွားခဲ့ပါသည်။

image

မန္တလေး မှာ ဆိုင်ကယ်စီးသူများအနေဖြင့်
အန္တရာယ် က လက်တစ်ကမ်းအလိုမို့ 
ဘုရားတပြီးစီးနေကြရပါတယ်။ သို့ သော်
တစ်ချို့  တစ်ချို့ သောလူငယ်များသည်
စတန့်ထွင်စီးခြင်း တစ်ချို့ လူများသည်
အရက်သေစာမှီဝဲကာ ဆိုင်ကယ်မောင်းနှင်
ကြသဖြင့် လူ. အသက်များ မဆုံးရှုံးသင့်ပဲ
ဆုံးရှုံးခဲ့ကြပါသည်။

ယနေ့ ရုံးမှထွက် လမ်းကူးရန်စောင့်နေစဉ် ဘူတာကြီးရှေ့ လမ်းလေးခွ မီးပွိုင့်၌ မီးနီပြထားသည်ကို ဆိုင်ကယ်တစ်စီးသည်
မြောက်မှလာကာ အရှေ့ ဖက်သို့ ကန့် လန့် ဖြတ်
စွတ်၍မောင်းနှင်စီးသွားသည်။ ဘူတာမှ ခရီး
သွားများသည် မီးနီပြထား၍ လမ်းမကို
ဖြတ်အကူး အဆိုပါ ဆိုင်ကယ်ဖြင့်
ပွတ်ကာသီကာ တိုက်မိမလိုဖြစ်သွားသည်။
ကံသီ၍ မတိုက်မိခဲ့ပါ။ ထို ဆိုင်ကယ်လည်း
ကသောကမျော ယိုင်ထိုးကာမောင်းနှင်
ထွက်ပြေးသွားသည်။

image

စည်းကမ်းများ၊ မီးပွိုင့် များထားရှိသော်လည်း
လူတို့ သည် စည်းကမ်း မလိုက်နာကြသဖြင့်
အသက်များဆုံးရှုံးခဲ့ကြရသည်။ မသေသင့်ပဲ
အသက်များ သေဆုံးသဖြင့် အင်မတန်မှ
ဝမ်းနည်းစရာကောင်းလှပါသည်။

ကျုံးဘေးတူမများနှင့် လမ်းလျှောက်စဉ်
ကျုံးအနောက်ဖက်ရှိ ရွှေကျီးမြင်ဘုရား
ဝင်ရောက်ဖူးမျှော်ပြီး အသိတစ်ယောက်နှင့်
တွေ့ ၍စကားကောင်းကာ မိုးချုပ်သွားသည်။
အပြန်လေပြင်းများတိုက်ခတ်၍ မီးများပျက်ပြီး
တစ်မြို့ လုံးမှောင်မဲသွားပါသည်။ လေကတိုက် သစ်ကိုင်းကျိုးမှာလဲဆိုသမို့  ခပ်သုတ်သုတ်လမ်း
ဖြတ်ကူးကြပါသည်။ မျက်လုံးက မကောင်း
မှောင်မဲထဲ လမ်းရှင်းပဟဆို ကျုပ်က ဖြတ်ကူးမယ်
အလုပ် တူမဖြစ်သူက လက်ကို ဇတ်ကနဲ့ ဆွဲလိုက်
သဖြင့် ဆိုင်ကယ်ဘေးမှကင်းဝေးခဲ့သည်။
အဆိုပါ ဆိုင်ကယ်သည် မီးမဖွင့်ပဲ မောင်းလာ
သဖြင့် ကျွန်တော်မှာ မျက်စိ မကောင်းသဖြင့်
မမြင်ရခြင်းဖြစ်ပါသည်။

တူမဖြစ်သူအဆွဲမြန်သမို့  နို့မို့ ငထွေးတို့ 
နာမည်ကြီးပေါ့ ကျန်းမာရေးအတွက်
ကျုံး ဘေး လမ်းလျှောက်တဲ့သူ
ဆိုင်ကယ် တိုက်လို့ ဆေးခန်းရောက်ပဟ
ဖြစ်နေပါလိမ့်မည်။ ရတနာသုံးပါး
ဂုဏ်ကျေးဇူး၊ တူမ ကျေးဇူးကြောင့်
Steemit မှာ ပိုစ့်များ ရေးနေရပါသေးသည်။

image

အိမ်မှာ တရုတ်ဆိုင်ကယ် 125 တစ်စီး ရှိပါသည်။
တူမ နှင့် အစ်မဖြစ်သူတို့ စီးကြပါသည်။ ငထွေးက ဆိုင်ကယ်မစီးပါ သွားစရာရှိလျှင် လိုင်းကားစီး၍
သွားပါသည်။ ငထွေး အမေသည် တူမ နှင့်
အစ်မ တစ်ဦးဦးများ ဆိုင်ကယ်စီး၍ အိမ်မှ
ထွက်သွားလျှင် သူရို့ အိမ်ပြန်ရောက်မှ
အမေ့နုတ်မှ တစ်ဖွဖွ ဘုရားစာရွတ်ခြင်းပြီး
ဆုံးတော့သည်။

ကျွန်တော် စဉ်းစားနေမိတယ်
ဆိုင်ကယ်ဖြင့်
လူ့ ခန္ဓာကိုယ်ကို
လောင်းကစားပြုလုပ်နေသလားလို့ ။
ဆိုင်ကယ်ကခရီးတွင်
အရေးကြုံ သုံးရတာလွယ်တော့
မသုံးမဖြစ်ဆိုင်ကယ်ကိုသုံးနေကြရပါသည်။
သတိတရား ထားကာဆိုင်ကယ်မောင်းကြပါ။

image
Credit image

ကိုယ်က စည်းကမ်း နဲ့အညီမောင်းသော်လည်း
စည်းကမ်း မလိုက်နာသူများကြောင့် ဒုက္ခ ရောက်သူများလည်း များစွာရှိပါသည်။
မည်သို့ ပင်ဆိုစေ လူတစ်ဦးအန္တရာယ်ဖြစ်ပြီ
ဆိုလျှင် အဆိုပါလူအား မှီခိုနေသူများလည်း
ထိုသူနှင့်အတူ ဒုက္ခ ရောက်ရှာကြသည်။
စည်းကမ်း မလိုက်နာသူကြောင့် လူများစွာ
အတွက် ဒုက္ခ များမရောက်ရှိစေရန်
စည်ကမ်းလိုက်နာ ဘေးကင်းကွာ
ဆိုတဲ့အတိုင်း ကျွန်တော်တို့ အားလုံး
စည်းကမ်းလိုက်နာဆောင်ရွက်ကြရအောင်ဗျာ။

သတိတရား ထားကာ ဆိုင်ကယ်မောင်းကြပါဗျာဟုသာ...
ဘေးရန် ခပ်သိမ်းငြိမ်းကြပါစေ...။

Author @htwegyi
Photo @htwegyi
12-5-2018

Sort:  

ကံကောင်းတယ်။ရတနာသုံးပါးကျေးဇူးဗျာ။သေဖို့ကနီးနီလေး။ဘ၀ကူးကောင်းအောင်ညီလေးတို့ဘုရားတရားများများလုပ်ထားကြရမယ်။ဘယ်အချိန်သေမယ်ဆိုတာဘယ်သူမှမသိဘူးလေ။ကောင်းတယ်ဗျာကွီးထွေး။အသိနဲ့သတိကိုအမြဲတမ်းစဉ်ခြင်နိုင်ကြပါစေ။

ဟုတ်တယ် ဇာကြီးရေ ကိုယ်တို့ မန်းလေးသားတွေ
ဆိုင်ကယ်က မရှိမဖြစ် အန္တရာယ်ကလည်းများသမို့ 

ဟုတ်​တယ်​ ကိုကြီး​ရေ ..မန်း​လေးမှာ ဆိုင်​ကယ်​​မောင်းရတာ ဘုံဆိုင်​မှာ ထိုင်​​သောက်​​နေရသလိုပ .. ကိုယ့်​ဖာသာကိုယ်​ ​အေး​ဆေး​နေလဲ ​ဘေးက ရန်​ရှာချင်​ရှာတာမျိုးပဲဗျာ ..

ဘုရားတသာစီးကြပါဗျာ

ခေါင်းစဉ်ပေးထားတာတော်ပါ့ဗျာ။

ကျေးဇူး အထွေးရေ

Congratulations @htwegyi! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on any badge to view your own Board of Honor on SteemitBoard.

To support your work, I also upvoted your post!
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

This post has received a 3.35 % upvote from @boomerang.

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကံသီပေလို့ပေါ့ ဦးထွေးရယ်

အမယ်မင်း မသေလို့ တွေ့ ရ မေ့နိုင်ပါ့မလား....😁

စည်းတွင်းမှာနေ ကင်းပေလိမ့်ရန်ဘေး
ကမ်းကိုကျော်ချော်ကာကျ များလှရန်ဘေး

အို good တယ် ဒါလဲဖြစ်တယ်ပေါ့

ဆိုင်​ကယ်​တိုက်​တဲ့ သတင်း​တွေက​တော့ ခနခနကြာ​နေရတာဘဲ ဦး​ထွေးရာ

မန္တလေးရဲ့ နေ့ စဉ်သတင်းပါပဲဗျာ

IT ခေတ် လက်နက်ဆန်းလေ။

စိတ်မကောင်းစရာတွေမြင်ရလို့ ဆရာတင်

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62963.68
ETH 3115.67
USDT 1.00
SBD 3.89