ဖေဖော်ဝါရီရဲ့ အမှတ်တရ နေ့စွဲများ

in #myanmar5 years ago

image

ဖေဖော်ဝါရီလရဲ့ ရက်စွဲများအနက် 12,13,14
ရက်စွဲများကတော့ အမှတ်တရများဖြစ်စေခဲ့သည်။
12 ရက်က ပြည်ထောင်စုနေ့ဖြစ်သည်။
ပြည်ထောင်စုနေ့မှာ ရှမ်းပြည်နယ် ပင်လုံမြို့၌
ပြည်ထောင်စုနေ့ကျင်းပခဲ့သည်။ ထိုပွဲ၌
နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က
အမှာစကားပြောကြားခဲ့သည်။ ထိုပွဲသို့
တက်ရောက်လာကြသည့် လူထုကို ကျွန်တော်စိတ်ဝင်စားမိသည်။

ထိုလူထုသည် ယခင်အစိုးရများလက်ထက်လို
မလာမနေရ၍ လာခဲ့ကြသလား။ စိတ်ဝင်စား၍ပဲ
ကိုယ်တိုင်တက်ရောက်လာခဲ့ကြသလား ဆိုတာ
သူတို့သာ သိကြလေမည်။

3g60ik.jpg

ဖေဖော်ဝါရီ 13 ရက်၊ ဒီနေ့က ကျွန်တော်တို့
အားလုံးရဲ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောက်ဆန်း၏ မွေး‌နေ့ဖြစ်သည်။ ဗိုလ်ချုပ်
မွေးနေ့မှာ မြို့တိုင်း၊ နယ်တိုင်း၊ ရပ်ကွက်တိုင်း
တွင် အမှတ်တရပွဲများ ကျင်းပပြုလုပ်ကြသည်။
ကျွန်တော်တို့ မန္တလေးမြို့မှာတော့ ယခင်နှစ်များက
ဗိုလ်ချုပ်မွေးနေ့မှာ ပဲပြုတ်နှင့်နံပြားကို
နေရာအနှံအပြား ကျွေးမွေးကုသိုလ်ပြုကြသည်။

သို့သော်ယခုနှစ်မှာတော့ ယခင်နှစ်များကလောက်
ကျွေးမွေးကုသိုလ်ပြုသူ နည်းပါးသွားသည်။
နည်းပါးဆို ယခင်နှစ်တွေက နံပြားတစ်ချပ်ကို
100ကျပ်သာပေးရသည်။ ယခုနှစ်မှာတော့
နံပြားတချက်ကို 300ကျပ်ဖြစ်နေသည်။

ဖေဖော်ဝါရီ 14ရက် ကတော့ သိတော်မူကြသည့်အတိုင်း လူငယ်တွေရဲ့ ပွဲပေါ့။ လူငယ်တွေရဲ့ပွဲမှာ
လူငယ်ပီပီ လွတ်လပ်ပျော်ပါးနိုင်ပါတယ်။
ဘာ မာယာ၊ ဘာ တဏှာဘီးလူးမှ မပါဘဲ
ရင်ခုန်ပျော်စေချင်ပါတယ်။
အချစ်တွေကို
ဖြူစင်ပါစေ၊
သန့်ရှင်းပါစေ၊
လူငယ်တွေရေ
အချစ်‌တွေ
အေးမြပါစေကွယ်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

အမှတ်ရနေရုံထက် တန်ဖိုးထားတတ်ဖို့ ပိုလိုအပ်လှ

မှန်ပေဗျို့

Yay!
Your post has been boosted with ESTM. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thanks esteemapp

အယ်တော့ ခုမှဝင်ကျိမိ နာတို့သိုင်းလောကသားတေ ရှိသေးတယ် တော့

နေကောင်းပါစေ စာဖတ်မရဘူး unicode ပြောင်းဘူးလား

ပြောင်းရတော့မှါပေါ့ အေ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62869.05
ETH 2545.35
USDT 1.00
SBD 2.72