ငယ်ဘဝကိုသတိရခြင်း

in #myanmar6 years ago

ငထွေး ငယ်စဉ်က မန္တလေး ဘူတာကြီးမြောက်ဖက်
မီးရထားဝန်ထမ်းလိုင်းခန်းမှာနေပါသည်။ ဘူတာမှ စ၍ မြောက်သို့ သွားသော် ပထမဦးစွာ ဘူတာနှင့်
ကပ်လျက် ပါဆယ်ရုံရှိသည်။ ရထားလမ်း
ပေါက်သည့် နယ်အသီးသီးမှ ဒေသထွက်ကုန်များကို
ရထားဖြင့်တင်ပို့ ကြသည်။ ယခင်က ကုန်ပစ္စည်းများကို ရထားဖြင့် အဓိကသယ်ယူ
ပို့ ဆောင်ကြသည်။ ယခုလို ၁၀ ဘီး ၁၂ဘီးကားကြီးများမပေါ်သေးပါ။ ကားလမ်း
များလည်ယခုလို ကောင်းမွန်မှုမရှိပါ။ ရထား
ကိုသာ အားပြုကြရပါသည်။

image

ပါဆယ်မြောက်ဖက်တွင် အရာရှိဆိုင်ဒင်
ရထားလမ်းရှိသည်။ ပန်းဥယျာဉ်ခြံလေး လဲရှိပါသည်။ အဆိုပါ အရာရှိဆိုင်ဒင်
ရထားလမ်းတွင် မီးရထားအရာရှိကြီးများ
ရထားဖြင့်ခရီးထွက်သည့်အခါ စီးသည့် ရထားတွဲများထားရှိရာနေရာဖြစ်သည်။
တွဲများကို ရေဖြည့် သန့် ရှင်းရေးပြုလုပ်သည့်
နေရာလဲဖြစ်သည်။

အဆိုပါတွဲများတွင် ထမင်းစားခန်း၊ အိပ်ခန်း၊
ဧည့်ခန်း၊ မီးဖိုခန်းနှင့် ရေချိုးခန်း၊ အိမ်သာများ ပါရှိသည်။ ထမင်းချက်ပြုတ်ပေးရန်နှင့်
သန့်ရှင်းရေးပြုလုပ်ရန်ဝန်ထမ်းတစ်ဦးလဲပါရှိသည်။
ရှေးယခင် အရာရှိများသည် ခရီးထွက်လျှင်
အလွန်စမတ်ကျပါသည်။

ခရီးထွက်ရာလမ်းတစ်လျှောက် ဘူတာများမှ
အရာထမ်း အမှုထမ်းများသည် မိမိဒေသထွက်
ပစ္စည်း များ အစားအသောက်များကို မိမိတို့ 
အရာရှိကြီးအား လက်ဆောင်ပဏ္ဍာဆက်ကြ ပေးကြသည်။ ခေတ်ကာလ လွန်စွာမှ
ကောင်ခဲ့သော အတိတ်ကာလများဖြစ်ပေသည်။
ယခုအချိန်မတော့ အဆိုပါတွဲများသည် ဟောင်နွမ်းဆွေးမြေ့သွားပြီဖြစ်သည်။
အရာရှိ များသည်လည်း ယခုအခါ ကိုယ်ပိုင်
ကားများဖြင့်သာ ခရီးထွက်ကြတော့သည်။

image

အရာရှိဆိုင်ဒင် နှင့်ကပ်လျှက်မီးရထားအရာရှိ
ဟိုတယ်ရှိသည်။ အရာရှိများသည် တွဲမှဆင်း၍
ဟိုတယ်သို့ တည်ခိုးရန်စီစဉ်ထားပါသည်။
ယခုအခါ မီးရထားဟိုတယ်အား ဟိုတယ်
အမေးဇင်း အဖြစ်ပုဂ္ဂလိကသို့ ငှါးရန်ထားသည်။
ဟိုတယ်နှင့် မျက်နှာချင်းဆိုင် တွဲပြင်ရုံ ရှိသည်။
လူစီးရထားတွဲများကို ဆိုက်ရောက်လာသည့် တွဲများနှင့် ထွက်ခွာမည့်တွဲများအား
စစ်ဆေးပြုပြင်ခြင်းကို တွဲပြင်ရုံ က
အသေးစားဆောင်ရွက်သည်။ တွဲများ
အကြီးစားပြုပြင်သည့်အခါ မြစ်ငယ်စက်ရုံသို့ 
ပေးပို့ ၍ ပြုပြင်ပါသည်။

အဆိုပါတွဲပြင်ရုံအုပ်ကြီးသည် အင်မတန်စည်းကမ်း
ရှိသည်။ သူ့ တွဲပြင်ရုံဝင်းအတွင်းသို့ တာဝန်ရှိသူမှ အပ ပြင်ပလူများဝင်ရောက်ခွင့်မရှိပါ။
ငထွေးတို့ ကလေးဘဝ လေတံခွန်လွင့်ကြသည့်
အခါ တွဲပြင်ရုံ ဝင်းအတွင်းသို့ ဝင်ရောက်၍
လွင့်ပါက သူ့ တပည့်များအားလေးခွဖြင့်
ပစ်ပေါက်ခိုင်းပါသည်။ အဆိုပါတွဲအုပ်ကြီးအား
အပေါက်ဆိုးလွန်သူအဖြစ် အမည်ပေး ထားကြသည်။ တွဲအုပ်ကြီးအား ပြဿဒါး ဟု
သူ့ ကွယ်ရာတွင်ခေါ်ဆိုကြသည်။

လေတံခွန် နှစ်ခုငြိသည့်အခါ ပျက်ကျလာသော
လေတံခွန်များသည် ပြဿဒါး ခြံအတွင်း
ကျသဖြင့် ပြဿဒါး ခြံဝင်းသည် ငထွေးတို့ 
ကလေးတစ်သိုက်အတွက် အင်မတန်မှ
ဆော့စရာ သဘောကျစရာ ဘူမိနက်သန်ဖြစ်ပေ
သည်။ ခဲများ လောက်လေးခွများဖြင့် ပစ်ပေါက်သည့်ကြား သူ့ ခြံအတွင်းဝင်ရသည်မှာ
စွန့် စားခန်းဝင်ရသလိုဖြစ်ပေသည်။

image

မဝင်ရ မသွားရ မလုပ်ရ တားမြစ်ထားသည်ကိုပင်
ကလေးဘဝ သွားရ လာရ လုပ်ရသည်ကို
သဘောကျနှစ်ခြိုက်ပျော်ရွှင်ခြင်းနှင့် စိတ်လှုပ်ရှားစရာဖြစ်ခဲ့ပေသည်။
အသိမကြွယ်သေးတဲ့ ကလေးလေးဘဝကို
တစ်ခါပြန်ပြီးရချင်သေးတယ်။

Author @htwegyi
Phpto @htwegyi
MSC.036

Sort:  

ဦးစိုင်းထီးသီချင်းထဲကလိုနော်ကွီးထွေးကြီးရေ.. ဟိုစဉ်ကလွတ်လပ်မှုဟာ အခုများပျောက်လို့နေပါပြီ။အပြစ်မသိသေးတဲ့ခလေးလေးဘ၀ကိုတစ်ခါပြန်ပြီးရောက်ချင်သေးတယ်။ခုတော့သွားချင်ရာကိုမသွားနိုင် လုပ်ချင်ရာကိုမလုပ်နိုင်။စူးစမ်းစိတ်ကအောင်မြင်အောင်တွန်းပို့ဖို့အထောက်ကူဖြစ်လာမှာပါကွီးထွေးရေ။အောင်မြင်ပါစေဗျာ။

သွားချင်ရာမသွားနိုင် လုပ်ချင်ရာမလုပ်နိုင်
Steemit & MSC နဲ့ တွေ့ လို့ တော်သေးဗျို့ 

တကယ်​​တော့ ဒို့ကိုကြီးက ငယ်​ယ်​ကအတူ​ဆော့ခဲ့တဲ့ စာဥ ကိုသတိရရင်း ​ရေးလိုက်​တာမို့လား ..😂😂

စာဥတစ်ယောက်ဘယ်ရောက်နေလဲကွယ်
တရုပ်ပြည်များသွားနေမလား😁

ငယ်ဘဝတွေကတော့ ဘဝရဲ့ အမှတ်တမဲ့နဲ့ရင်ထဲမှာရှိတဲံပန်ချီကားလေးလိုပေါ့..နော

ပန်းချီကားလေးမှန်တယ်ဗျို့ 

က​လေးဆို​တော့ တားလည်းဝင်​ချင်​သွားချင်​မိာတာပ

အေး ကန္တာရဆူးများက ကြက်ပေါင်ဖိနပ်လေး
ထုတ်ချင်းပေါက်အောင်လဲဆူးပ

ဗဟုသုတဖတ်ခဲ့ပါတယ်ဗျ
မင်္ဂလာပါ

ဟုတ်ကဲ့ဗျ မင်္ဂလာပါ

အပူအပင်ကင်းတဲ့ ကလေးလေး ဘဝလား ဦးထွေး

ဒါပေါ့ ကိုထီးသီချင်းထဲကအတိုင်း

ငယ်ဘဝလေး ပြန်အမှတ်ရပါပေါ့

စွန်လိုက်ဖူးလား

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဟိုးတုန်းက တွဲဗိုလ် ဆိုတာ ရွှေတွဲလဲ ငွေတွဲလဲ ခုကတော့
ခေတ်ပြောင်းသွားပီလားမသိ

သူဌေးတွေပေါ့ဗျာ
ခေတ်ကောင်းစားခဲ့စဉ်က

မီးရထားက အရာရှိတွေလဲ တစ်ချိန်ကခရီးထွက်တဲ့အခါ ကြီးကျယ်ကြပေသကိုးဗျ။

ဒါပေါ့ဒါပေါ့ သူတို့ လဲ အထာလေးတွေရှိပ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60003.48
ETH 2309.22
USDT 1.00
SBD 2.49