ငြိမ်းချမ်းအေးမြဆောက်တည်ရာ

in #myanmar6 years ago (edited)

တခါတလေ ကျတော့ လူ့ ဘဝ လောကကြီးက
စိတ်ပျက်ငြီးငွေ့ စရာကောင်းလှသည်။
လောဘ ဒေါသ မောဟ များနှင့် တစ်ဦးနှင့်တစ်ဦး
တိုက်ခိုက် မျက်စောင်းထိုး အပြစ်ဖို့ အပြစ်ပြော
ကွယ်ရာအတင်းပြော မခံချင်အောင်စောင်းမြောင်း
ခွက်စောင်းခုတ်တာ သင်္ကြန် မဟုတ်တောင်
ခုတ်နေကြတော့သည်။ ဘဝတွေကစိတ်ပျော်စရာက
နည်းနည်း စိတ်ပျက်စရာကများလေစွ။

လူ့ ဘဝ လူ့ လောကမှာရှိသည့် လူမှုပြဿနာများ
သည် အင်မတန်ခက်ခဲသိမ်မွေ့ လှသည်။
သိပ္ပံပညာရပ်တွေထက်ပိုခက်ခဲသည်။ သိပ္ပံ
ပညာရပ်သည်ကသေချာစွာ အဖြေရှာတွက်ချက်
ကြည့်ပါကအဖြေကိုတိကျစွာသိနိုင်သည်။
လူမှုပြဿနာများကိုဖြေရှင်းရသည့်အခါ သိပ်ကိုသတိထားရကြောင်း ဆရာ နန္ဒာသိန်းဇံပြောကြားထားသည်။

FB_IMG_1523880933699.jpg
Credit sayar paw oo thet

လူ့ဘဝတဏှာတွေ မဖြတ်နိုင်တော့ သားစာ
မယားစာ ငါ့ဆွေငါ့အမျိုး အိုမကုန်ဆုံးနိုင်သည့်
သံယောဇဉ်တွေနဲ့ ရစ်ပတ်ခြင်းခံကြရသည်။
လောဘ ဒေါသ မောဟ တွေနဲ့  ငါလုပ်သလို မလုပ်ဘူး၊ ငါပြောသလိုမပြောဘူး၊ ငါ့စကားနားမထောင် ဘူး၊ ဒင်းကဘာမို့ လို့ လဲ။ ဒင်းလောက်တော့
ငါလဲလုပ်နိုင်တယ်။ အိုဗျာ ဒေါသ မောဟတွေနဲ့
ပြီးကိုမပြီးနိုင်တော့ပါဘူး။

လောဘကိုအတောမသတ်နိုင်သည့် ရှေးအခါက
ကုန်သည်တစ်စုသည် ညအချိန်မှောင်မဲမဲတွင်
သဲကန္တာရတစ်ခုကို မြင်းများဖြင့်ဖြတ်ကျော်ကြ
သည်။ သဲကန္တာရ ရှိ ချောင်းခြောက်တစ်ခုသို့ 
အရောက်တွင် ကြောက်မက်ဖွယ်အသံကြီးတစ်ခု
ကြားရသည်။ အားလုံးရပ်ကြ မြင်းပေါ်ကဆင်းပြီး
အောက်ကကျောက်တုံးများကိုကောက်ယူပြီး
သွားကြဟု အမိန့် ပေးသည်။ကုန်သည်များသည်
ကြောက်ကြောက်ဖြင့်မှောင်မဲထဲတွင် လက်တစ်ဆုပ်စီယူကာအိတ်တွင်ထည့်၍ အဆိုပါနေရာမှ မြင်းများကို အတင်းမောင်းပြေးကြသည်။ ခရီးအတော်
ပေါက်၍ လင်းအာရုဏ်ရသောအခါ သယ်ယူခဲ့သည့်
ကျောက်တုံးများကို ကြည့်မိသောအခါမှတန်ဘိုး
ရှိသော ကျောက်သံပတ္တမြားများဖြစ်နေ သည်။
သူတို့ သည် တန်ဘိုးရှိသော ကျောက်များရရှိ၍
ပျော်ရွှင်ရမည့်အစား သယ်ယူခဲ့သည်မှာ နည်းပါး
လေခြင်း ဟု လောဘဖြင့်စိတ်ပင်ပန်းနေကြပါတော့သည်။

9.jpg
Credit sayar paw oo thet

ရုံးလုပ်ငန်းများလုပ်ကိုင်ရာတွင်လည်း သူ့ ဆရာ
ငါ့ဆရာ၊ သူ့ တပည့် ငါ့တပည့်၊ သူ့ အလုပ် ငါ့အလုပ်စသည့်ဖြင့် ခွဲခြားကာပြုမူဆောင်ရွက်ကြသည်။
ငါက ပိုလုပ်ရတယ် သူကတော့အလုပ်မလုပ်ဘူး။
ငါပဲအလုပ်တွေ အကုန်လုပ်ရတယ်မတရားဘူး
စသဖြင့် ကိုယ်သာလုပ်ရပြီးကိုယ်သာပင်ပန်းသည်ဟု မြင်ကြသည်။လူသည် အတ္တသမားဖြစ်၍ ကိုယ့်အတွက်သာကိုယ်ကြည့်ကြသည်။ သူ့ ဘက်
ကိုယ့်ဘက်နှစ်ဖက်မျှတွေးဖို့ စိတ်ကူးမိကြရဲ့လား
မသိပါဘူး။

သူကမှန်တယ် ငါကမှန်တယ် ငြင်းခုံလို မပြီးတော့ ပါ။ လောဘတွေနောက်လိုက်ရင်း ဒေါသတွေက
နောက်ဆက်တွဲပါလာကြသည်။ သံသရာမှာ
ကျင်လည်ကြတာချင်းအတူတူ တချို့ ကချမ်းသာ
ကြပြီး တချို့ ကဆင်းဆင်းရဲရဲနှင့် လုပ်ကိုင်ရှာဖွေ
စားသောက်ကြရသည်။ ရှေးအတိတ်ကုသိုလ်ကံ
ကွာခြား၍သာ ယခုကဲ့သို့  ဘဝတွေကွာခြားကြောင်း
သိရှိကြသည်။ အတိတ်ကောင်း ကုသိုလ်ကံကောင်းအာင်
စိတ်ရင်း စိတ်ဓာတ်ကောင်းရမည်ဟု သိကြပါသော်လည်း လွယ်မယောင် နှင့်
လူတို့ သည်လိုက်နာရန်
ခက်ခဲနေကြသည်။

DSC02194.JPG
Photo @htwegyi

ဒါကြောင့် သူတော်ကောင်းများက လူပြည် လူ့ ရွာ လူ့လောကနှင့် ကင်းနိုင်သမျှ ကင်းအောင်နေကြ
သည်။ လူသူဝေးရာ တောတောင်များတွင် ကျင့်ကြံအားထုတ် လုံ့ လပြုကြသည်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးနှင့်
ဆရာတော်ကြီးများ အား ကြည်ညိုလက်စုံမိုးလိုက်ပါသည်။ တဏှာတွေကိုဖြတ်တောက်ဖို့ အားထုတ်မှု
မပြုနိုင်သော်လည်း မြို့ ပြနှင့် အဝေးသို့ ခဏ
ကင်းကွာ၍ တောတောင်အရိပ်မှာ ခိုဝင်သည့်ခဏမှာပင် စိတ်ချမ်းမြေ့ဖွယ်ကောင်းလှသည်။ လတ်ဆတ်
အေးမြသောလေ၊ စိမ်းလန်းသော စိုက်ခင်းနှင့်တောင်တန်းများက စိတ်ချမ်းသာ ကြည်းနူးဖွယ်ကောင်းလှပါပေသည်။ တဖန် ဗုဒ္ဓ၏တရားဒေသနာများနှင့်
တောတောင်၏ အေးမြသောအရိပ်များပေါင်းစပ်
လိုက်သည့်အခါ အတိုင်းမသိကြည်နူးပီတိ
အေးငြိမ်းပြည့်စုံမှုသုခရရှိပါပေတော့သည်။

Author @htwegyi
MSC.036

Sort:  

အေးချမ်းခြင်းအရသာကိုလမ်းပြပေးတာကောင်းပါသည်

ဟုတ်ကဲ့ပါဗျာ

ချီတတ်လည်းအေးချမ်းတာကိုကြိုက်လို့လာခိုလှုံတာထင်တယ်။မောင်းထုတ်လို့ကလဲမရ ခက်တော့နေပြီကွီးထွေးရေ။

အေးဟေး ချီတက်လည်း လာနားခိုတာထင်ပ 😁

တောထွက်တော့မလား ဦးထွေး။ ချီတာကတော့ဦးထွေးကို လာစွပ်စွဲနေတယ်နော်။😁😁😁

တောထွက်နိုင်သေးပါဘူးဗျာ😁
ဒီချီတက်ကတော့

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

အေးချမ်းခြင်းခိုနားရာအမှတ်ရစရာ

တစ်ကမ္ဘာလုံးမှာ
များသတ္တဝါ ချမ်းသာကိုယ်စိတ်
မြဲပါစေ...

ချီတက်က ကိုထွေးသူငယ်ချင်းလားဗျို့

ဟုတ်မယ် ဆရာတင်

လောဘ​ဒေါသ​တွေ​ကြောင့်​လည်း လူ​တွေစိတ်​ပင်​ပန်းလှပါတယ်​ ဦး​ထွေး

လူတွေက ငွေကြေးနောက်လိုက်နေကြရတာကို

တောထွက်တော့မှာလား ဦးထွေး ! တောထွက်ရင်တော့ လှူမယ်ဗျာ နိုင်သလောက်

MSC မှာ လူနည်းသွားမှာ စိုးသကွယ်😁

အေးချမ်းတဲ့ လမ်းကို ရေးပြထားတာကောင်းပါတယ်ဗျာ။

ဟုတ်ကဲ့ဗျ

ခက်တယ်ဗျာ ကျနော်ကအစ လောဘရှိနေတယ်

လောဘတော့ရှိရမှာပေါ့
ကောင်းသောလောဘပေါ့

Coin Marketplace

STEEM 0.16
TRX 0.14
JST 0.028
BTC 59117.70
ETH 2597.31
USDT 1.00
SBD 2.43