ငထွေးနှင့် ယမကာ

in #myanmar6 years ago (edited)

အရက်ကိုအမျိုးစုံ အမည်စုံ အမျိုးမျိုးခေါ်ဆိုကြ
သည်။
ဘရန်ဒီ၊ ဝီစကီ၊ ဝိုင်နှင့် ရှန်ပိန်တို့အပြင် ဘီယာ။

”ဘီယာဟာအရက်တော့မဟုတ်ပါ
တငွေ့ငွေ့လေးနဲ့ ပေါ်လာတာ”

ကျွန်တော်တို့ ငယ်စဉ် tv ပေါ်ကာစက မန္တလေးဘီယာကို မင်းသားတစ်ယောက်က ဖော်ပြပါ
စာသားဖြင့်သီချင်းဆိုပြီး ကြော်ငြာထားသည်ကို တွေ့မြင်ခဲ့ရသည်။ ဒီသီချင်းကြော်ငြာကြောင့်
ငယ်စဉ်က အော် ဘီယာက အရက်မဟုတ်ဘူးလို့
အတွေးမှာဖြစ်ပေါ်ခဲ့ဖူးသည်။

ဒါနဲ့. အိမ်နားက ဦးလေးတစ်ယောက်မေးကြည့်တာ

”ဦးလေး ဘီယာက အရက်မဟုတ်ဘူးဆို”

”နင့်မေ့ကလွှား ဘီယာကလဲ မူးတာပဲ
အရက်ကလဲ မူးတာပဲ အတူတူပေါ့ဟ
ကုလားကြီးနဲ့ အရာကြီးပဲဟာ
လခွီးတဲ့မှ နှမပေးများကလဲ
ကြော်ငြာကောင်းကြပါ့”

mandalay-beer-2.jpg
image source

ခုခေတ်မှာတော့ အရက်ကို အမျိုးသားများနည်းတူ
အမျိုးသမီးများလဲ မှီဝဲလာကြသည်။ အထူးသဖြင့်
နိုင်ငံခြားဇာတ်ကားများကြည့်ကာ အမျိုးသမီးငယ်များသည် ဘီယာ၊ ဆိုဂျူ နှင့် ဝိုင်စသည့် အရက်
သေစာများကို သောက်သုံးလာကြသည်။ သောက်ပုံ
သောက်နည်း ရစ်ပုံရစ်နည်းများပင် ကိုရီးယားကား
ဇာတ်ကောင်များအတိုင်း အနှီးအမျိုးသမီးငယ်တို့က
အတုခိုးကြကုန်၏။

တစ်လောက ဖေ့စ်ဘွတ် စာမျက်နှာမှာဖတ်လိုက်ရ
သည်။ အရက်သည် _

”ချမ်းသာသူများ သောက်လျှင် ယမကာ
လူလတ်တန်းစားများသောက်လျှင် အရက်
ဆင်းရဲသားများသေါက်လျှင်ေ--ာက်ရည်”

ဟုခေါ်တွင်ကြောင်း ဖတ်လိုက်ရသည်။
ဘယ်အရာဖြစ်ဖြစ် တန်ဆေး လွန်ဘေးပါ။
နိုင်ငံခြားဇာတ်ကားမှ ကောင်းကွက်လေးများ
ကိုတော့ အတုမယူကြပါ။ နိုင်ငံခြားသားများက
အရက်သောက်ရာတွင် ဇိမ်ခံ ဇိမ်ယူကာ
အရက်ကို တစ်ဖြည်းဖြည်းခြင်း အရသာခံ
သောက်ကြပါသည်။ အရက်ကို အပမ်းဖြေ
သဘောသောက်ကြသည် စည်းနှင့်ကမ်းနှင့်
သောက်ကြသည်ကို အတုယူသောက်
သင့်ပေသည်။အရက်သောက်တာ ကောင်းသည်
ဟု မဆိုလိုပါ စည်းကမ်းတကျသောက်ရန်ဖြစ်
ပါသည်။

18-17.jpg
image source

ငထွေးတို့ငယ်စဉ်က ထန်းရည်သည်များပေါ
လှသည်။ ထန်းရည်သည်များက တံတားဦး
မှရထားစီးကာ မန္တလေးဘူတာသို့ လာကြသည်။
ဘူတာရထားဆိုက်ရောက်လျှင် သံလမ်းအတိုင်း
ထန်းရည်တောင်းများကိုယ်စီရွက်၍ ထန်းရည်
ရောင်းသူအမျိုးသမီးများသည် ငထွေးတို့ ဝန်ထမ်းလိုင်းခန်းများဆီသို့  စီးတန်းကာလာကြသည်။
ထန်းခေါက်တောင်များတွင် ထန်းရည်အိုးကြီး
ထည့်ပြီး အိုးဘေးပတ်လည်တွင် ထန်းရည်ပုလင်းများစီကာထည့်၍ ခေါင်းရွက်လာကြသည်။

လက်တစ်ဖက်စီတွင်လဲ ခြင်းတောင်းများ
ဆွဲထားကြသေးသည်။ အဆိုပါခြင်းတောင်းက
ငထွေးတို့ကလေးများရဲ့အကြိုက် ထန်းရည်ချို
များထည့်ထားခြင်းဖြစ်ပေသည်။ ထန်းရည်ရောင်းသူများသည် ငထွေးတို့ လိုင်းခန်းများတွင် ခဏ
နားကာရောင်းချကြသည်။ လူကြီးများ ထန်းရည်
သောက်သည်ကို မြင်ရသည်မှာ သောက်ချင်စိတ်
ဖြစ်မိသည်။

FB_IMG_1527385492244.jpg
Credit sayar paw oo thet

လူကြီးများသည်ထန်းရည်သောက်ကြသည့်အခါ
အမြည်းမှာ ပဲကြီးလှော်နှင့် လက်ဖက်များကို
မြည်း၍သောက်ကြသည်။ လက်ဖက်ကို ဆီအိအိ
လေးနှပ်ထားပြီး လက်နှင့်ကော်စားလိုက် ထန်းရည်
ခွက်လေးမော့လိုက်၊ ပဲကြီးလှော်လေးဝါးလိုက်
ထန်းရည်လေး ကျိုက်လိုက်ဖြင့် သူတို့ကြည့်ကာ
ငထွေးတို့ကလေးတစ်သိုက် သွားရည်ကျမိပါသည်။
ထန်းရည်နှင့် အဲ့လိုစားပြီးသောက်ရတာ အတော်
ကောင်းမှာပဲဟု ၄တန်းအရွယ် ငထွေးကလေး
အတွေးတွေးမိသည်။

တစ်နေ့မှာတော့ ငထွေးတို့ကလေးတစ်သိုက်
ထန်းရည်တစ်ပုလင်းဝယ်ကြသည်။ ထန်းရည်
ရောင်းသူမိန်းမကြီးအား ဦးဘယ်သူက ဝယ်ခိုင်း
သည်ဟု လိမ်ညာပြော၍ ဝယ်ခဲ့ကြသည်။ ငထွေးတို့
ငယ်စဉ်က ရေသန့်ဗူးမရှိသေးပါ။ ဖန်ပုလင်းသာ
ရှိ၍ အဖြူနှင့် အညို အရောင်နှစ်မျိုးရှိသည်။
ဖန်ပုလင်းအဖြူက ထိပ်အနားတွင် လက်ကိုင်ဖို့
သိမ်ထားသဖြင့်ကိုင်ရတာပိုအဆင်ပြေသည်။
အညိုပုလင်းက ထိပ်ပိုင်းသို့ တစ်ဖြည်းဖြည်း
ရှူးသွားသည့်အတွက် ကလေးအနေဖြင့်
ကိုင်ရတာသိပ်အဆင်မပြေပါ။

27m1kgui5h.jpg
image source

ထန်းရည်ဖိုးကို ငထွေးအပါကလေးငါးယောက်
ပိုက်ဆံ စု၍ဝယ်ကြသည်။ ပဲကြီးလှော်ဆယ်ပြားတန်
တစ်ထုတ်လဲဝယ်လိုက်ကြပါသေးသည်။ တစ်ဦးမှာ
သူ့အိမ်က နတ်တင်ထားသည့် လက်ဖက်ကို
လက်တွင်ဆုပ်၍ ခိုးယူလာခဲ့သည်။ ငထွေးတို့
ကလေးတစ်သိုက်ကာ ခိုးကြောင်ခိုးဝှက်ဖြင့်
ထန်းရည်ပုလင်းကို အင်္ကျီအတွင်းဝှက်၍ယူခဲ့
ကြသည်။ ဟုတ်ကဲ့ ငထွေးတို့ကလေးများရဲ့
ထန်းရည် သောက်ပုံလေးကလဲ လူကြီးများရဲ့
သောက်ပုံသောက်နည်းကို လုံးဝကော်ပီယူထား
ပုံကို နောက်အပိုင်းမှာ ဆက်လက်ရှု့စာကြပါ
ခင်ဗျာ။

@htwegyi
MSC.036

Sort:  

ထန်းရေက မြန်မာဘီယာပဲမော

မြန်မာတို့၏ ဘီယာ ထန်းရေပါ

အယ်လဲ့ တော်တော် နောကျေနေပြီဘဲ ကိုထွေးနဲ့ တစ်ဝိုင်းထဲထိုင်ပြီး သင်ယူချင်ပါသေးတယ်

တကယ်ပြောတာ ယမကာကို မကြိုက်သေးဘူး

လူကြီး​တွေဆီက​ကော်​ပီယူထားတဲ့ထန်းရည်​​သောက်​နည်းဆက်​ဖတ်​ဖို့​မျော်​​နေပါ့မယ်​....

ဟုတ်ကဲ့ကြိုးစားရေးပေးလိုက်ပါမည်။

ကလေးတွေထန်းရည်သောက်ပီး မှောက်သွားပုံကို နောက်တစ်ပိုင်းတွင် ဆက်လက်ရှူစားပါရန် 😂

အဟီး မမှောက်ပါဘူးအေ😁

ထန်းရည်တော့ တစ်ခါပဲသောက်ဖူးတယ်။အရသာ သိပ်မကောင်းလို့သိပ်မကြိုက်ဘူး။ဝိုင်ပဲကြိုက်တယ်။ချိုလို့။

ဟယ် ပြောတတ်တယ်တော့😁

ထန်းရည်ချိုကျန်းမာရေးအတွက်အနည်းငယ်သောက်ရတယ်ဆိုလို့ သောက်ဖူးတယ်

အချို အခါး နည်းနည်းစီသောက် ကျန်းမာရေးကောင်းသတဲ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

ထန်းရည်​ နဲ့ကြွက်ေ​​ကြာ်​ဆို အရမ်းမိုက်​😂

ဟယ် သွားရည်ကျမိပါပေါ့

ချလိုက်ကြစို့ ကိုထွေးကြီး

ဖိုက် ဖိုး သရီး တူး အက်ရှင်

နွေဦးရောက်မှသောက်တာပိုအရသာရှိတယ်

ဟုတ်ကလား

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62948.49
ETH 2583.15
USDT 1.00
SBD 2.74