ငါးနာရီထိုးရင် အိမ်ပေါ်က ဆင်းမယ်

in #myanmar5 years ago (edited)

image

ယနေ့တော့ ကလေးတွေအကြောင်း ရေးပြချင်ပါသည်။ ကျွန်တော်က ကလေးချစ်တတ်သူဖြစ်သည်။ ကလေးတစ်‌ယောက်ကို မြင်ရင်
မ စဘဲ၊ စကားမပြောပဲ မနေနိုင်သူဖြစ်သည်။
ပထမဦးစွာ တိုက်တန်းမှာ ကလေးမလေးတစ်ယောက်အကြောင်း ရေးသားပြချင်ပါသည်။

အဆိုပါကလေးမလေးမှာ 2နှစ်အရွယ်ရှိသေးသည်။
ကလေးမလေးအမည်မှာ ဒီဒီ ဟု ချစ်စနိုးဖြင့်
ခေါ်ဆိုကြသည်။ သူမ၏ အဖေနှင့်အမေမှာ
အသက်ငယ်ရွယ်သူများ ဖြစ်ကြသည်။ ငယ်ရွယ်သူများ ဖြစ်သည့်အလျောက်
တဦးကို တဦး အနွံတာ၊ အနစ်နာမခံကြပေ။
ငယ်ရွယ်သူတို့ ထုံးစံအတိုင်း ချစ်ညားကွဲကြ
လေသည်။

မအေဖြစ်သူက ဒီဒီတို့သားအဖအား ပစ်ထားခဲ့လေသည်။ ဒီဒီ တို့သားအဖအား ရပ်ကွက်မှ ဝိုင်းဝန်း
ကူညီကြသည် ။ သို့သော် ဒီဒီ အဖေသည်
ငယ်ငယ်ရွယ်ရွယ်နှင့် ယမကာလုလင်
ဖြစ်နေသည်။ ညမိုးချုပ် အရက်ဝိုင်းဘေးတွင်
ဒီဒီကလေးမှာ အမြည်းစားရင်း အိပ်ငိုက်
နေရှာသည်။

zrx0xh.jpg

ဒီလိုပတ်ဝန်းကျင်မှာ ကျင်လည်ခဲ့သော
ဒီဒီလေးမှာ အရွယ်နှင့်မမျှအောင် သိတတ်လေ
သည်။ ချက်ချက်ချာချာရှိသည်။ ကောင်းသော
စရိုက်ရော၊ မကောင်းသည့်စရိုက်ပါ ကလေးမှာ
ကူးစက်နေသည့်။ ကလေးအား သနား၍
ကျွေးမွေးကြသည်။

ထို့ကြာင့် ကလေးသည် သူ့အား မုန့်ကျွေးထားသူ
ကိုတွေ့လျှင်

"မြိုင်မြိုင် ငါ့ကို မုန့်ဝယ်ကျွေးအုံး"

"အံ့ဩပါ့အေ ညည်းကိုတစ်ခါထဲ ငါကျွေးနိုင်မှာပေါ့
ခဏခဏကျွေးရအောင် ငါက ညည်းအမေမှ
မဟုတ်တာ"

ပြောဆို စနောက်ပြီး ကျွေးသူများလည်ရှိသည်။
တွေ့သမျှလူကိုလည် မုန့်ကျွေးခိုင်း၊ မုန့်ဖိုး
တောင်းတတ်သည်။ တစ်နေ့ ဒီဒီနှင့်
ကျွန်တော်လမ်းမှာတွေ့သည်။

"ဟ ဒီဒီ စောစောစီးစီး အအေးတွေသောက်
နေတာလား၊ လက်ထဲမှာလဲ ပိုက်ဆံတွေနဲ့"

"ဟုတ်တယ် ဒီဒီ အရုပ်ဝယ်မလို့ အရုပ်ရောင်း
တဲ့ဆိုင်ရှာနေတာ"

"ဟ ဒီဒီ ရ ညည်းက အလည်ကြီးဟာ အရုပ်ဆိုင်
မသိဘူးပေါ့၊ စျေးထဲမှာရှိတယ်လေ"

"ဒီဒီကို အရုပ်ဆိုင် လိုက်ပို့ပေးပါ"

"ငင့် ဟိုမှာ အရုပ်ဆိုင်လေ သွားဝယ်ပေါ့"

ဒီဒီသည် လူသာငယ်တာ လည်တာမှ ကျွန်တော်ကို
ရောင်းစားနိုင်သည်။ မျက်နှာလေးက ပြုံးစိစိလုပ်၍
အအေးဗူးသောက်ကာ အရုပ်ဆိုင်ရှိရာ တလှုပ်လှုပ်နှင့် သွားလေသည်။

ktwru1.jpg

နောက်တစ်ယောက်က ကျွန်‌တော်တို့ရဲ့ဇာတ်လိုက်ကျော် ကစ်ကို အကြောင်းဖြစ်သည်။ ကစ်ကို အား
သိပြီးသားဖြစ်ပေမည်။ 15မိနစ်နေရင် အလိုလို
ခေါင်းမူးလာစေသည့်ကောင်ဖြစ်သည်။ တစ်နေ့
ဘွားအေဖြစ်သူက နေမကောင်း၍ ကစ်ကိုကို
သူ့အမေရုံးသို့ထည့်လိုက်သည်။ ရုံးမှာအငြိမ်မ‌နေ
သည့်ကစ်ကိုအား သူ့အမေက အိမ်သာထဲခေါ်၍
ရိုက်လေသည်။

ရုံးဆင်း၍အိမ်သို့ရောက်သောအခါ ကစ်ကိုသည်
မျက်နှာစူပုပ်၍ ပြော‌လိုက်သည်ကား။

"ကစ်ကို အိမ်မှာ နေတော့ဘူး၊ ရုံးမှာနေရင်
မေမေက ရိုက်တယ်၊ အိမ်မှာ နေရင် ဖွားဖွားက
ဆူတယ် ကစ်ကို ငါးနာရီထိုးရင် အိမ်ပေါ်က
ဆင်းမယ်"

@htwegyi
Photo @htwegyi
MSC.036

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thanks esteemapp

Coin Marketplace

STEEM 0.19
TRX 0.16
JST 0.033
BTC 64198.11
ETH 2759.09
USDT 1.00
SBD 2.66