မလှဘူးဆိုရင် ငိုချင်တယ်လို့

in #myanmar5 years ago

image

ကျွန်တော်ငယ်စဉ် စာသင်ကျောင်းမှာ
ဆရာမတစ်ဦးပြောဘူးသည်။ မြန်မာပြည်မှာ
မိန်းမလှတွေရှိတဲ့မြို့က ယင်းမာပင်မြို့ဖြစ်တယ်
လို့ပြောဘူးသည်။ တစ်ခါ ကျွန်တော်အရွယ်
ရောက်တော့ ထပ်ပြီးသိရှိရတာက အောက်ပြည်အောက်ရွာ မော်လမြိုင်၊ ပုသိမ်သူများကလည်း
လှပြန်သတဲ့။

nz71jx.jpg

မြန်မာပြည်အောက်ပိုင်းကလှသလို။ အဲ
မြန်မာပြည်အောက်ပိုင်းက မြို့သူတွေ လှသလို
မြန်မာပြည်အထက်ပိုင်းက သူလေးတွေလည်း
လှပါသည်။ ဒါကတော့ ကိုယ်တွေ့မို့ရဲရဲရေးပါသည်။
အထက်ပိုင်းဆိုတာ ကောလင်း၊ ဝန်းသိုမှ
အထက်ပိုင်းမြို့များ ပါဝင်သည်ပေါ့။ အသားအရည်
ဝါဝင်း၊ အရပ်အမောင်းကောင်း၊ အဆက်အပေါက်
လှသူများဖြစ်ကြသည်။ သတ္တိလည်း အင်မတန်ရှိ
သဗျို့။

whwl3p.jpg

ယင်းမာပင် လို့ ဆရာမကပြောတော့ ကျွန်တော့်
စိတ်မှာ အမေရွာနှင့် နီးသည့် ယင်းမာပင်ကို မြင်‌ရောင် မိသည်။ ဆရာမက ယင်းမာပင်ဟု
ပြောပြီးပြီးခြင်း မုံရွာအနီးက ယင်းမာပင်ကို
ပြောတာမဟုတ်ဘူးနော်။ ရှမ်းပြည်‌တောင်ပိုင်း
သွားရာ သာစည်အလွန် မြေပြန့်နှင့် တောင်ပေါ်
နယ်နမိတ်နေရာလေးမှာရှိသည့် ယင်းမာပင်ကို‌
ပြောခြင်းဖြစ်‌ပေသည်။

8xoubh.jpg

အမေ့ရွာအနီးမှာ ရှိသည့် ယင်းမာပင်သူများက
ရေရှားပါး၍ အလှပြင်ရာတွင် ခက်ခဲရှာကြပေ
မည်။ မြန်မာပြည်အလယ်ပိုင်းဖြစ်၍ နေကပူ၊
ဖုန်ကထူ၊ ချွေးကဆူပြီ သနပ်ခါးပါးကွက်ကြား
ပျက်ရှာ၍ အလှနည်းရှာကြပေသည်။ယင်းမာပင်
သူတွေသိကြရင်ဖြင့် ရိုက်ပေါက်ပေါ့။
အဲ သို့သော်လည်း အလယ်ပိုင်းက မန္တလေးသူလေး
တွေကတော့ဖြင့် ပြောစရာမလိုဘူးပေါ့လေ
လှချက် ပြောတာပ။

k0adrr.jpg

သို့ပေမင့် ယင်းမာပင် အမည်တူတူပဲဟာမို့
ရောသာချလိုက်ကြပါစို့။ ခုခေတ်အခါမှာတော့
နည်းပညာတိုးတက်လာပြီမို့ မိန်းမပျိုအားလုံး
အလှလေးတွေဖြစ်လာကြပါပြီ။ ခေတ်မှီစွာ
အလှအပပံ့ပိုးမှု ပစ္စည်းများက ပေါများလာပေ
သည်။ မိန်းကလေးအားလုံးသည်လည်း
အလွန်လှပလာကြပေသည်။

မလှဘူးပြောရင်လည်း အရိုက်ခံရဖို့က
ရာခိုင်နှုန်း 100 ဖြစ်ပြီလေ။ 😁

@htwegyi
MSC.036

Sort:  

လှတာလေးတွေတင်ပေးပါဗျာ

ဟုတ်ကဲ့

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62964.22
ETH 2595.61
USDT 1.00
SBD 2.74