မင်္ဂလာပါ Unicode

in #myanmar5 years ago

image

ယူနီကုဒ်နဲ့ပတ်သက်ပြီး အဆင်ပြေတာရော
အဆင်မပြေတာရော ကျနော်တို့ရုံးမှာ ပွက်လောရိုက်ခဲ့ပါသည်။ တချို့က မပြောင်းဘူး၊ တချို့က
ပြောင်းမယ်။ ပြောင်းမှ အဆင်ပြေမယ်လို့
ပြောတော့ ပြောင်းကြပြန်သည်။ ဖုန်းမော်ဒန်နိမ့်သူတွေကတော့ ပြောင်းမရ၍ ဂွကျနေကြသည်။
ယူနီကုဒ်ပြောင်းရသူများကတော့ နှုတ်မှပြောရုံဖြင့်
စာများထွက်လာသည်ကို သဘောကျနေကြသည်။

ယူနီကုဒ်သည် မြန်မာစာမှ english စာသို့၊
အင်္ဂလိပ်စာမှ မြန်မာစာသို့ ပြောင်းလဲအသုံးပြု
ရသည့်အပြင် အခြားဘာသာစကားများကိုလည်း
မြန်မာဘာသာသို့ပြန်နိုင်သည်။ ထိုသို့ယူနီကုဒ်ကို
အသုံးပြုရာတွင် ဖုန်းအမျိုးအစားအလိုက်
အသုံးပြုပုံ ကွာခြားတတ်သည်။ ကျနော်တို့ရုံတွင်
ဖုန်းအမျိုးအစား များစွာရှိသည်။ ဖုန်းများကို
ယူနီကုဒ်ကို ပြောင်းကြတဲ့အခါ ပြဿနာတက်
လေသည်။

q9j3ip4yx8.jpg

unicode ဖောင့်‌ပြောင်း‌ပေးသူအား သူ့ဖုန်းကြ
ရတယ်၊ ငါ့ဖုန်းကြ မရဘူးဖြင့် ရန်လုပ်ခံရသည်။
အော် သူ့ခများ အလကားလုပ်ပေးရသေး၊
အပြောအဆိုခံရသေး၊ နာလည်းနာ နံလည်နံ
ဟုပြောရှာလေသည်။ ကျွန်တော်၏ ဖုန်းတွင်
ယူနီကုဒ် စပြောင်းရာတွင် ဖုန်းတစ်ခုလို
မြန်မာစာများ အကုန်ဖြစ်သွားသည်။ ဆက်တင်ထဲ
ဝင်ရာတွင်လည်း မြန်မာစာများအကုန်ဖြစ်သွား၍
ကိုယ့်မြန်မာစာကိုပင် ဘာသာမပြန်တတ်အောင်
ဖြစ်ရသေးသည်။

sm5nw40wwo.jpg

ဖုန်းတွင်မြန်မာယူနီကုဒ် ရသောအခါ စမ်းသပ်
ကြည့်မိသည်။ Google Translate မှာပါသော
ကင်မရာဖြင့် အခြားဘာသာစကားများကို
ကင်မရာဖြင့်ချိန်၍ ဘာသာပြန်ခိုင်းလို့ရသည်။
ယူနီကုဒ်က သုံးရတာတော်တော်အဆင်ပြေသည်။ အထူးသဖြင့်မိုက်ကလေးကိုနှိပ်၍ နှုတ်မှပြောသည့်စကားများကိုစာအဖြစ် ဖန်တီးပေးသည့်အခါ
စာရေးဖို့သက်သာလေသည်။ ယခင်က ဖုန်းမှာ
စာရိုက်ရာတွင် လက်ညှိုးလေးဖြင့် စာရိုက်ခဲ့သည်။
စာရိုက်ပါများသောအခါ လက်ညှိုးလေးမှာ
အောင့်လာခဲ့သည်။

ထို့ကြောင့် ကလေးများစာရိုက်သည်ကို အတုခိုးကာ
လက်မနှစ်ချောင်းဖြင့် စာရိုက်ကြည့်ခဲ့သည်။
ထိုအခါမှ ပိုဆိုးတော့သည် လက်မနှစ်ချောင်းမှ
အကြောလေးများသည် လက်မောင်းထိအောင်ပင်
နာလေသည်။ အကြောများနာ၍ steemit မှာ
စာမရိုက်နိုင်တော့ဘူးဟု စိတ်မကောင်းဖြစ်ခဲ့ရ
သည်။

ex64pyt29i.jpg

ယခု unicode ကျေးဇူးကြောင့် ဖုန်းမှာ
စာများကို အလွယ်တကူ ရေးသားနိုင်တော့သည်။
နှုတ်ထွက်နှင့် စာထွက် မကိုက်သည်များကို
ပြုပြင်ရသည်မှအပ unicode သုံးရသည်မှာ
အဆင်ပြေလှပါသည်။ ဒီ့အပြင် ခရုန်းဘရောက်ဇာ
မှာ အင်္ဂလိပ်နှင့် အခြားဘာသာများ ရေးသားထားသည်ကိုမြန်မာလို တိုက်ရိုက်ဘာသာပြန်နိုင်သောကြောင့်ပိုမိုအဆင်ပြေ လွယ်ကူမှုရှိပေ‌တော့သည်။
ကျေးဇူးပါ Unicode
မင်္ဂလာပါ Unicode .....။

@htwegyi
Photo @htwegyi
MSC.036

Sort:  

ခေတ်အလိုက်ပေါ့ဗျာ ပြောင်းလဲသင့်ပါတယ်

Posted using Partiko Android

ဟုတ်တယ်ဗျို့

ဇော်ဂျီ ယူနီ ထိုနှစ်လီ လွန်စွာ တိုင်ပတ်၏
😁

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63184.34
ETH 2560.17
USDT 1.00
SBD 2.72