မန္တလေးနှင့် စစ်ကိုင်းကြား ဧရာဝတီ ထက်က တံတား

in #myanmar6 years ago (edited)

ဧရာဝတီ ဟု ဆိုလိုက်သည်နှင့် မန္တလေးသား
ကျွန်တော်တို့သည် စစ်ကိုင်းတံတားကြီးကို
ရှေးဦးစွာ မြင်မိပါသည်။ ထို့နောက်မှတော့
စစ်ကိုင်းတောင်နှင့် မင်းကွန်းကို ဆက်လက်မြင်
မိသည်။ ဧရာဝတီ မြစ်ခြားထားသည့် မန္တလေးနှင့်
စစ်ကိုင်း တစ်မြို့ကနေ တစ်မြို့ကို လှမ်းကြည့်ရင်း
လွမ်းစရာအတိဖြစ်မိသည်။

ဧရာဝတီ၏ အနောက်တစ်ဖက်မှာက အေးအေးချမ်းချမ်း ငြိမ်းချမ်းခြင်းနဲ့တရားဘာဝနာ အားထုတ်ကြိုးပမ်းကာ သံသရာကြီးထဲ မှရုန်းထွက်ရန် လုံ့လ
ပြုနေကြသူများရှိသည်။ ဧရာဝတီ၏ အရှေ့
တစ်ဖက်မှာတော့ လောဘ၊ ဒေါသ၊ မောဟများနှင့်
ခရီးသွားသူများက သံသရာရထားကြီးကို တိုးဝှေ့ 
စုပြုံရင်း နေရာရရန်လုနေကြဆဲ။ ဧရာဝတီက သူ့အရှေ့နဲ့အနောက်ကို နွမ်းလျအပြုံးနဲ့ကြည့်လို့။
ပမ်းလောက်အောင် နွမ်းလျလှပြီလေ ထမ်းထား
ရသည့် တံတားတွေက များသကိုး။

IMG_20170507_130959.jpg
Photo @htwegyi

20160924_112607.jpg
Photo @htwegyi

မန္တလေးသားတို့သည် ဧရာဝတီမြစ်ကမ်းဘေး
ကားလမ်းတစ်လျှောက် ဆိုင်ကယ်စီးဖူးကြမည်ဖြစ်ပါသည်။ မြစ်ပြင်ကိုဖြတ်ကျော်တိုက်ခတ်သည့်
လေပြေတို့က ဆိုင်ကယ်စီးသူကို အပေးကြမ်းသည့်
ချစ်သူအနမ်းနှယ် ကြည်စယ်လွန်လှသည်။
မန်းအပူကို အနမ်းထုဖြင့် ဖြေသိမ့်ပေးသည်နှယ်
ကမ်းခြေကအလွမ်းမပြေတဲ့ အနမ်းလေထု
လေးကို ခံစားရင်း ရွှေကြက်ယက် ရွှေကြက်ကျ
ဘုရားများထိတိုင် ခရီးပေါက်ခဲ့ပါပေါ့။

FB_IMG_1532223302380.jpg
image source

”ရွှေကြက်ယက်ဘုရားဖူးပြီးတော့
စစ်ကိုင်းတံတားကူးတော့မည်”

ရွှေကြက်ယက်ဘုရားဖူးပြီး ဘုရားအငူလေး
ပေါ်ကနေပြီး စစ်ကိုင်းတောင်နှင့် နှင့် ရွှေကြက်ယက်
ဆိပ်ကမ်း ကိုကြည့်မိပြန်တော့ လွမ်းစရာ
ကောင်းနေပြန်ပါသည်။ တောင်ဖက်ကို
မျက်လုံးဝေ့ကြည့်မိလိုက်သည့်အခါ
တံတားနှစ်စင်းက ဧရာဝတီမြစ်ပြင်မှာ
သူ့ထက်ငါအလှချင်းပြိုင်နေကြသည်။

သို့သော် စစ်ကိုင်းတံတားကိုကြည့်မိတော့
ဧရာဝတီတံတား ရတနာပုံရယ်က သူ့ကိုသာကြည့်
ပါ ယခုအခါ သူ့အပေါ်မှဖြတ်သန်းကာ
စစ်ကိုင်းကိုဖြတ်သန်းသွားနေကြပါပြီးတဲ့။
စစ်ကိုင်းတံတားကြီး ရယ်လေ သူ့ခမျာမျက်နှာအို
သွားရှာလိုက်တာ။

FB_IMG_1532223312296.jpg
image source

”မြန်မာလူမျိုး တွေအလုပ်မရှိတော့ တံတားကြီးကို
ကြည့်ကာ ငိုမိသည် ငိုမိပါသည် တဲ့”

ခုတော့ သူငိုနေရပါပြီးတဲ့ သူကိုဖြတ်သန်းသွား
ကြသည့်သူများက အင်မတန်နည်းပါးသွားပါတယ်
လို့ပြောနေသယောင်။ စစ်ကိုင်းတံတားကြီး က
ရတနာပုံတံတားကို ကျော်ပြီးခြေဖျားလေး
ထောက်ကာ ရွှေကြက်ယက် ဘုရားပေါ်က
ကျွန်တော်ဆီကို လှမ်းပြီးပြောနေသလို။

”မေကညာ ဇေယျာသူတွေ ပုသိမ်ထီး
စိတ်ပုတီးနဲ့ သနပ်ခါးလူးပြီးတော့
စစ်ကိုင်းတံတားကူးတော့မည်”

မန္တလာသူများနှင့် ဇေယျာသူများကလည်း
သူ့ကို စိမ်းကားနေကြသည်မှာ သူတို့ရဲ့
ဟန်ပန်အမူအရာများကိုပင်မေ့နေမိပါတော့
သည်တဲ့။
စစ်ကိုင်းတံတားကြီးရယ်ဗျာ
ကလေးဆိုးကြီးတစ်ယောက်လို
ကျွန်တော်ကို လှမ်းတိုင်ပြောနေသလား
မှတ်ထင်ရပါတော့သည်။

@ htwegyi
MSC.036

Sort:  

စစ်ကိုင်းတံတားကိုဖြတ်လို့  မန်းလေးရောက်ထဲအခါ စိတ်ထဲမှာ ဆွေးဆွေးမြေ့မြေ့ကြီး ခံစားဖူးတယ် မန်းလေးကနေ ရန်ကုန်ပြန်တော့လည်း ထို့ အတူပါပဲ ဆွေးပြန်တာပဲ ဦးထွေးရေ

ရဟန်းမှာလည်း ခံစားချက်နဲ့ပေါ့ ဘုရား

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

လွမ်းချင်ရင် ညနေခင်း ရတနာပုံ တံတားပေါ် လာခဲ့ ပြီး view လေးတေ ကြည့် စွန်းလွမ်းသွားမယ် ဟ်ဟ်

လာ အုံး မှာ......
..,😁

ခုတောင် သွားချင်လာပြီ

သွားစို့

အရင်ကစစ်ကိုင်းတံတားပေါ်ကဖြတ်သွားရင်ဂုံးတွေကိုရေရတာအမောကားကမြန်မြန်မောင်းတော့ရေထားတဲ့ဂုံးတွေရောပြန်ရော

ရထားနဲ့ တစ်ခေါက်ပြန်သွာပြီး ရေတွက် ဗျာ😁

တံတားနှစ်စင်းရယ်
ဧရာဝတီရယ်
စေတီပုထိုးတွေရယ် လွမ်းမောလို့ မဝနိုင်တဲ့ မြင်ကွင်းလေးပါ

မှန်ပါတယ် ညိုညိုရေ

လာဦး​ထွေး ခုသွားကြည့်​ရ​အောင်

လုပ်လိုက်လေ 😁

သတိရမိပါသည် ။ ဘာကိုမန်းလဲ မသိ

သွား... မသိဘူးတဲ့ သူက

ရွှေကြက်ယက် ရာဇဝင်လေး ရေးပါဗျို့

ဘုရားလူကြီးတွနဲ့ တွေ့ခဲ့ဘူးဗျ 😁

Congratulations @htwegyi! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63156.23
ETH 2560.33
USDT 1.00
SBD 2.83