လွမ်းလို့ကျန်ရစ်ခဲ့မှာကို စိုးသဗျို့

in #myanmar6 years ago (edited)

Steemit မှာ ကျွန်တော်တို့သည်စာရေးကြသည်။
ဘာကြောင့်စာရေးကြတာလဲ၊ ဝါသနာပါလို့လား၊
ပိုက်ဆံရချင်လို့လား။ ကျွန်တော် ကတော့
နှစ်ခုစလုံးပါပဲ။ စာဖတ်ဝါသနာပါသည်မှ စာရေး
ဆရာများကဲ့သို့ သူတို့ကို အားကျကာ စာရေးချင်
စိတ်ဖြစ်ပေါ်ခဲ့သည်။ တကယ်လက်တွေ့ စာရေးသည့်အခါ ထင်သလောက် မလွယ်ကူပါ။ ငယ်စဉ်က
ရည်းစားစာကို ကြိုးစားရေးသလို Steemit မှာ
လည်း စာများကို ကြိုးစားရေးခဲ့ပါသည်။

ရည်းစားစာရေးရတာနှင့် Steemit မှာစာရေးရတာ တူတော့မတူဘူးပေါ့။ ရည်းစားစာဆိုတာက
ကောင်မလေးနဲ့ ကိုယ်နဲ့ အဆင်ပြေသွားရင် ထပ်ပြီး
ရေးစရာမလိုဘူးပေါ့။ ရည်းစားမဖြစ်ဘူးဆိုလည်း မရေးရတော့ဘူးပေါ့။steemit ကတော့ ပိုက်ဆံဆိုသည့် အရာကြောင့် ထပ်ခါထပ်ခါရေးရပါလေသည်။
ဒီတော့ ပိုက်ဆံဆိုတာကြီးကြောင့်ပဲဖြစ်ဖြစ်၊ ဝါသနာ ပါလို့ပဲဖြစ်ဖြစ် Steemit မှာ စာများဆက်ပြီး
ရေးကြရပါအုံးမည်။

steemit-logo-800x381.png
image soure

MSC ၏ရည်ရွယ်ချက်ကို ကျွန်တော်
သိရသလောက်မှာ
မြန်မာစာမြန်မာစကားများဖွံ့ဖြိုးတိုးတက်
မှန်ကန်ရန်၊
လူငယ်များစာပေများကို ဖတ်ရှုကြရန်၊
စာပေအရေးအသားများ မှန်ကန်မှုရှိကြရန်၊
စာပေများရေးသားရင်းဖြင့်ဝင်ငွေများရရှိကြစေရန်
အတွက် MSC ကလူငယ်များကို
အဓိကထား ခေါ်ဆောင်ခြင်းဖြစ်ပါသည်။

ကျွန်တော် ကိုယ်တိုင်ပင် Steemit မှာ စာရေး
ကာစတွင် စာလုံးပေါင်း သတ်ပုံများ လွန်စွာမှား
ပါသည်။ စာအထား အသိုများလည်း အမှားများ
လှပါသည်။စာဖတ်အားနည်းသဖြင့် စာရေးသား
ရာတွင် အမှားများလေသည်။သူငယ်ချင်းနှင့်
ရုံးမှဘော်ဒါများကိုလက်ဖက်ရည်တိုက်၍
ဖတ်ခိုင်းကာ စာလုံးပေါင်းများစစ်ဆေးခိုင်းရ
ပါသည်။ တဖြည်းဖြည်းမှစာအရေးအသား
တိုးတက်လာခြင်းဖြစ်ပါသည်။

Screenshot_20180826-083330.png

တစ်ဖြည်းဖြည်း တစ်ရွေ့ရွေ့ခြင်းလှမ်းလာခဲ့
သော ကျွန်တော်သည် 2018 August 20 မှာ
Steemit ၌စာရေးခြင်းတစ်နှစ်ပြည့်ခဲ့ပါသည်။
လက်ရှိအချိန်မှာ steem power 450 ပြည့်ပါ
တော့မည်။ rp 55 ရှိပါသည်။ ကျွန်တော်ထက်များသူများရှိသလို နည်းသူများလည်းရှိပါသည်။
မဝေးတော့သည့် ရွှေရောင်အနာဂတ်ဆီသို့
ကျွန်တော်တို့တစ်ဖြည်းဖြည်းခြင်းသွားကြဖို့
လူငယ်များကို အထူးပဲဖိတ်ခေါ်လိုက်ပါသည်။

ကျွန်တော်တို့ရဲ့ ယခု msc မှာ လူငယ်ဦးရေမည်မျှထိရှိနေသည်ကိုမသိပါ။ msc တွင်လူငယ်နှင့်
လူကြီး၊ လူကြီးဦးရေက များနေမလားမသိပါ။
လက်ရှိ post တင်နေသူများကို ဆိုလိုပါသည်။
ရှိသောလူငယ်များမှာလည်း steem ဈေးက
ကျနေသဖြင့် ဇွဲရှိသူလောက်သာ ကျန်နေပါမည်။
လူငယ်တွေကို စာရေးသားဖို့ခေါ်ချင်ပါသည်။
ယခုအချိန်မှာတော့ steemဈေး ကျဆင်းနေသဖြင့်
ခေါ်ယူဖို့အားနည်းမိပါသည်။ ထို့အပြင် ကိုယ်တိုင်ပင်
စာရေးဖို့ မနည်းကြိုးစားရေးနေရသောကြောင့်
လည်းဖြစ်ပါသည်။

လူငယ်များအနေဖြင့် Steemit မှာ ကြိုးစားရေးသားစေချင်မိပါသည်။ တစ်ချိန်မှာ မဝေးတော့မည့်အချိန်မှာဇွဲလုံ့လ အကျိုးကို အတူဝေမျှခံစားကြစေချင်ပါသည်။ ပျော်စရာ ရွှေရောင်အနာဂတ်များ မကြာခင်
ရောက်ရှိလာပါတော့မည်။ ကျွန်တော်တို့က
ပုံမှန် စာပေများရေးသားရင်းဖြင့် စောင့်ကြိုနေဖို့
သာရှိပါတော့သည်။ အချိန်လွန်နောင်တများ
မရစေချင်ပါဘူး။

003.png
Credit image

နောင်လာမည့်အချိန်မှာ steem ဈေးက
$100 ဖြစ်မည်ဆိုပါလျှင် .......။
ကျွန်တော်တို့ရဲ့ Leader
ကိုဟင် က msc အဖွဲ့ကို စင်္ကာပူသို့
လေယာဉ်ကြီးဖြင့် ခေါ်ယူကာ
MSC တွေ့ဆုံပွဲကြီးကျင်းပ ပါရင်...။
စာမရေးလိုက်ရလေခြင်း...
ပိုစ့်မတင်လိုက်ရလေခြင်း...
စောစောကပြောထားပါလျှက်နဲ့
မလုပ်မိ လိုက်လေခြင်း...
စသည့်..စသည့် နောင်တများဖြင့်....
လွမ်းလို့ကျန်နေခဲ့မှာကို အားနာရမည်
ဖြစ်ပါသောကြောင့်...။
လူငယ်များ၊ မိတ်ဆွေ သူငယ်ချင်းများ
အနေဖြင့် Steemit မှာစာရေးဖို့အရေး
တိုက်တွန်းနိုးဆော်လိုက်ရပါသည်။

Author @htwegyi
MSC.036
26-8-2018

Sort:  

ချချ ဆက်ရေး အားပေးနေမယ်

ဒီမှာ..မြှောက်ပေးနေပါတယ်ဗျို့

ဆက်၍ရေးနေရအုံးမည်

ဟုတ်ကဲ့ပါ တီနွယ်😁

airdorpတွေနဲ့အချိန်ကုန်နေတာ။ခုမှစပြန်ရေးနေရတယ်

အဲ့ကလိုလား

အ​နော်​ကတနှစ်​မ ပြည့်​​သေးဘူးရယ်
ခုနှစ်​လ​လောက်​ဘဲ ရှိမယ်

ခုနှစ်လဆိုတော့ မွေးလို့ရပြီးထင်ပ😁

သိပ်​မ​ပေါ်ဘူး​နော်​ အပျိုဗိုက်​​နေမယ်

😁😁😁

စာရေးစာဖတ်ဝါသနာပါတဲ့တွက်voteမရရှိလည်းကြိုးစားရေးနေပါတယ်

တစ်ဖြည်းဖြည်းတော့ တိုးတက်နေတာပ

ဦးထွေး sp500 ပြည့်တော့မှာပဲ

ကြိုးစားနေတုန်းပဲ ကိုစော

ဆက်​လက်​​ရေးသားပါအုံးမည်​☺ ☺

ဖိုက်တင်း ရည်မှန်ရာပန်းတိုင် အမြန်ရောက်ရှိဖို့

စင်​ကာပှုသွားရဲပါဘူ​တော်​ leader က​ ကျ​နော်​တို့ကို​ရောင်းစားမှဖြင့်

အဲ့တာလေ မစဉ်းမိဘူးတော် ဟုတ်ပ
အဲ့လူကြီးက ယုံရဘူးတဲ့ ကောင်မလေးတွေ
ပြောသံကြားမိလိုက်သလိုပ

၃၆ သိန်းတန်ကိုလား

ဒေါ်လာဈေးတက်နေတာ သူကဈေးမတက်သေးဘူး

ခက်ခဲပေမဲ့ ဆက်လက်ကြိုးစားရေးနေလျက်။

ရင်ဆိုင်ကျော်ဖြတ်မယ်လမ်း လာအတူတူသွားစို့
ဖိုက်တင်း

ဝါသနာက ပိုက်ပိုက်ပါ ရနိုင်လို့ ပျော်ပျော်ကြီး သုံးနေတာပါဗျ

ကိုဟိန်းကို ယုံပြီးသား👍

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66258.39
ETH 3170.93
USDT 1.00
SBD 4.07