လူမှုကိစ္စ

in #myanmar6 years ago

image

ယနေ့ မြန်မာမီးရထား၊ ပို့ဆောင်ရေးဌာနမှ
သက်ကြီးပူဇော်ပွဲပြုလုပ်သည်။
မြန်မာမီးရထားမှာ

  1. မြို့ပြအင်ဂျင်နီယာဌာန
    2.စက်မှုဌာန
    3.ပို့ဆောင်ရေးဌာန

ဌာနသုံးခုရှိသည်။ ယခုပြုလုပ်သည့် ပို့ဆောင်ရေးဌာနမှ သက်ကြီးပူဇော်ပွဲ ကို ဝန်ကြီးကိုယ်တိုင်
ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ ယခု ဝန်ကြီးသည် ယခင်က ပို့ဆောင်ရေးဌာနမှ ဝန်ထမ်းဖြစ်သည်။ ထို့ကြောင့် ပို့ဆောင်ရေးဌာနမှ
လူများသာ သက်ကြီးပူဇော်ပွဲပြုလုပ်ပေးခြင်းဖြစ်သည်။

npc4kbu9uc.jpg

အခြား မြို့ပြနှင့် စက်မှုဌာနများသည်လည်း
သူတို့အစီအစဉ်များဖြင့် သက်ကြီးပူဇော်ပွဲများ
ပြုလုပ်ကြသည်။ မြို့ပြဌာနမှ သက်ကြီးပူဇော်ပွဲ
နှင့် သာရေး နာရေးအသင်းပြုလုပ်ရန် ပင်စင်စား
များထံမှ ငွေများကောက်ခံခဲ့သည်။ ပင်စင်စား
အချို့သည် ငွေထည့်၍ ထိုအသင်းသို့ဝင်ခဲ့ကြ
သည်။ ပင်စင်စားများ၏‌ငွေ လေးငါးခြောက်လ
ငွေထည့်ပြီးသောအခါ ထိုအသင်းအဖွဲ့သည်
မည်သို့ မည်ပုံပျောက်ကွယ်သွားသည်ကို
မသိရတော့ပေ။

69nh93w3zf.jpg

လစာထုတ်ရက်တွင် လစာငွေမှ အငြိမ်းစားများ
အသင်းအတွက် ငွေ 300ကျပ်ထည့်ရသည်။
ထိုငွေကို ရန်ကုန်မြို့တွင်ရှိ အငြိမ်းစားများ
အသင်းသို့ လွှဲပေးရသည်။ တစ်နေ့က
ကျွန်တော်တို့ ရုံးပေါ်သို့ တုတ်ကောက်နှင့်
အဘိုးအိုတစ်ယောက်တက်လာသည်။
သူသည် သီပေါမှ လုပ်သား‌ခေါင်းတဦး
ဖြစ်ကြောင်းပြောသည်။

"ဟေ့ ဒါ ဒီအီးရုံးလားကွ"

"ဟုတ်ပါတယ်ခင်ဗျ ဘာကိစ္စများရှိပါသလဲ"

"အေး ငါ သီပေါက လုပ်သားခေါင်းကွ
မင်းတို့ဆီက ဒီအီးနဲ့တွေ့ချင်တယ်"

"ဟုတ်ကဲ့ အဘ ဆရာက နေပြည်တော်
သွားပါတယ်"

"ငါလာတိုင်း မင်းတို့ ဒီအီးက မရှိဘူးဘဲပြောနေတယ်
ငါတို့အောက်ခြေ ဝန်ထမ်းတွေကို အလေးမထားတာ
လားကွ၊ မီးရထားကို အသက်ကြီးတဲ့အထိ
လုပ်ကျွေးလာရတာပါကွ။ အခွင့်အရေးလည်း
ဘာမှမရှိဘူး"

"ဟို အဘ အဘက ပင်စင်မရလို့လားဗျ"

"ပင်စင်ကိစ္စမဟုတ်ဘူးကွ၊ လူမှုကိစ္စပြောမလို့"

gl0jpny254.jpg

"မီးရထားကို အသက်ကြီးတဲ့အထိ ချွေးနဲ့
လုပ်ကျွေးလာရတာပါကွ ငါတို့ကို ပစ်မထား
သင့်ပါဘူး။မင်းတို့ လူကြီးလာတဲ့အထိ
ငါစောင့်မယ်"

"ဟို အဘ ဆရာက နေပြည်တော်မှာ
သုံးရက်လောက်ကြာမှာ"

"အေး ကြာပါစေ။ ငါအိပ်စောင့်မယ်ကွ"

"ဗျာ......"

uz0hkinx2e.jpg

nj1oizhs7g.jpg

ထိုသို့ အဘဖြစ်သူနဲ့ ရုံးမှ စာရေးလေးတို့
ပြောနေစဉ် စာရေးလေးကို ရုံးမှ ပြာတာက
လက်တို့ခေါ်သွားပြီး ဒီအဘိုးကြီးက
ပုံမှန်မဟုတ်ဘူးကွ။ ဒီတစ်ခါလာတာနဲဆို
ရုံးပေါ်ကို သုံးကြိမ်လောက်ရှိပြီး ငါ့ကောင်ရ။
ဟိုးတစ်ခါက ရုံးအုပ်ကြီးက မုန့်ဖိုးပေးပြီး
အတင်းချော့ပြန်ခိုင်းထားရတာကွ။
စာရေးလေးလည်း ခေါင်းကုတ်ကာ
အသာလစ်ထွက်သွားလေတော့သည်။

@htwegyi
Photo credit
MSC.936

Sort:  

Congratulations @htwegyi! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 40000 upvotes. Your next target is to reach 45000 upvotes.

You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Vote for @Steemitboard as a witness to get one more award and increased upvotes!

လက်တို့ ခေါ်လို့ သက်သာသွားတယ် ‌မဟုတ်ရင် တိုင်ပတ်ပြီ

ဟုတ်သဗျို့ နို့မို့ မလွယ်ကြောပ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.04
TRX 0.31
JST 0.073
BTC 63314.81
ETH 1670.42
USDT 1.00
SBD 0.41