ကစ်ကို အိမ်ပြန်ချင်ပြီ

in #myanmar4 years ago

image

ကျွန်တော်ရဲ့ ဇာတ်လိုက်ကျော် ကစ်ကို
အကြောင်းရေးပြချင်ပါသည်။ ကစ်ကိုသည်
3နှစ်ခွဲအရွယ်ရှိ ကလေးဖြစ်သည်။
ကစ်ကို မိသားစုက နေပြည်တော်မှာနေသည်။
ကစ်ကို အဖေက မန္တလေးမှာနေသည်။
ထို့ကြောင့် ကစ်ကိုတို့သားအမိသည် စနေ၊
တနင်္ဂနွေ တပတ်ခြား၍ မန္တလေးသို့လာကြသည်။

ယခုအပတ် စနေ၊တနင်္ဂ‌နွေတွင် ကစ်ကိုတို့
သားအမိ မန္တလေးသို့လာသည်။ တနင်္ဂ‌နွေ
နေ့ နေ့လည်အချိန် ကစ်ကိုတို့သားအမိ
ထမင်းစားနေစဉ် ဆိုင်ကယ်သံကြား၍
ကစ်ကိုက

"အဖေ ပြန်လာပြီ"

ပြောဆိုကာ လမ်းပေါ်သို့ ပြေးထွက်ကြိုလေသည်။
ကစ်ကို ပြေးအထွက် ဆိုင်ကယ်တစ်စီးကလည်း
ဖြတ်မောင်းသည့် အချိန်နှင့်တွေ့၍ ကစ်ကိုအား
ဆိုင်ကယ်တိုက်မိသည်။

xiabac.jpg

ကားလမ်းမှ ကျောက်စရစ်ခဲလေးများဖြင့်
ကစ်ကို ခြေသလုံးအားပွတ်တိုက်မိသည်။
ဦးခေါင်းမှာလည်း ပွန်းပဲ့ဒဏ်ရာရသွားသည်။
နဖူးစောင်းတွင်လည်း ဒဏ်ရာရရှိသည်။
ကစ်ကို အမေနှင့်အဖေသည် သားအားပွေ့၍
နီးရာဆေးခန်းပို့ကြသည်။

ကစ်ကို၏ ဒဏ်ရာများမှာ နေ့ခင်းအချိန်ဖြစ်၍
သွေးထွက်များသည်။ ထို့ကြောင့် ဆေးခန်းများမှ
ကုမပေး၍ ဆေးရုံသို့သွားရသည်။ 62လမ်းမှ
ကုတင် 300ဆံ့ ဆေးရုံကလည်း ကုမပေးချေ။
ကုတင် 500ဆံ့ ဆေးရုံကလည်း ကုမပေးချေ။
နောက်ဆုံး ပြည့်သူဆေးရုံကြီးရှိ အရေးပေါ်ဌာန
သို့ သွားရောက်ကုသရသည်။

ပြည့်သူဆေးရုံကြီးရှိ အရေးပေါ်ဌာန
သို့ ရောက်သောအခါ ညနေစောင်းပြီဖြစ်သည်။
အရေးပေါ်ဌာနမှ ဓါတ်မှန်ရိုက်၍ကြည့်ရာ
ခြေထောက်မှ အရိုးနှစ်ချောင်းကျိုးသွားသည်။
ကစ်ကို‌ခြေထောက်အား မလှုပ်နိုင်အောင်
ပတ်တီးနှင့် ထိန်းထားပေးသည်။ ည 11နာရီ
အချိန်မှ ခြေထောက်ကိုခွဲစိတ်ပေးမည်ဖြစ်သည်။

liz07i.jpg

ကစ်ကို သည် ခွဲစိတ်ခန်းဝင်ရမည်ဖြစ်၍
ညနေမှစပြီး ရေမသောက်ရပေ။ ည10နာရီ
ကျော်သောအခါ ခွဲစိတ်ခန်းဝင်ရန် ကစ်ကို ကို
ခေါ်သွားသည်။ ခွဲစိတ်ခန်းတွင် ကစ်ကိုက
ဆရာဝန်များကို ပြောလေသည်။

"ကစ်ကို ရေကို ဂလု ဂလုနဲ့ နေအောင်
သောက်ချင်တာ၊ ကစ်ကိုခြေထောက်က
ပတ်တီးဖြုတ်ပြီးရင် ဘာမှမလုပ်ကြနဲ့တော့နော်၊
ကစ်ကို အိမ်ပြန်ချင်ပြီ"

ဆရာဝန်များက ကစ်ကို ကိုသဘောကျစွာ
ပြုံးကြသည်။ နောက်တစ်နေ့ နေ့လည်မှာ
ကစ်ကို ဆေးရုံကဆင်းရသည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

ကစ်ကိုလေး အတော်ချစ်တယ်ပေါ့

ဒီကောင်က ချစ်စရာကောင်းသလို မူးအောင်လည် အတော်ကမြင်းတဲ့ကောင်

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Thanks esteemapp

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64664.11
ETH 3166.18
USDT 1.00
SBD 4.11