ချစ်သူလမ်းကြား Love street

in #myanmar5 years ago (edited)

image

ကျွန်တော်တို့ တိုက်တန်းများရဲ့ အနောက်ဖက်မှာ
ချစ်သူလမ်းကြားဆိုသည့် လမ်းတခုရှိသည်။
ထိုချစ်သူလမ်းကြား ဖြစ်ပေါ်လာပုံက ရာဇဝင်ရှိ
သည်။ ထိုလမ်းကြားသည် ယခင်က မြက်ရိုင်းများ၊
ခြုံတောများပေါက်ရောက်နေသည်။ ထိုလမ်းကြား
မီးရထားပိုင်မြေကို ငှားရမ်းထားသလားမသိပါ။
ထိုလမ်းကြားအား ကုမ္ပဏီတခုက ကွန်ကရစ်လမ်းခင်းလိုက်သည်။ လမ်းခင်းပြီး ကျွန်တော်တို့တိုက်တန်းအား အုတ်တံတိုင်းပိတ်ကာလိုက်သည်။

ကျွန်တော်တို့တိုက်တန်းမှ လူအချို့က အုတ်တံတိုင်းပိတ်ကာထားသည်ကို လက်မခံကြပါ။ ဝင်ပေါက်ထွက်ပေါက် ဖွင့်ပေးရန်တောင်းဆိုကြသည်။
ကာရံထားသည့် အုတ်တံတိုင်းအား ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖွင့်ဖောက်ကာ ထွက်ပေါက်လုပ်ကြသည်။ယခင်က ကျွန်တော်တို့တိုက်တန်းသည် 77လမ်းမှ အဝင်အထွက်ပြုလုပ်ကြသည်။

ထိုချစ်သူလမ်းကြား ဖောက်လုပ်သည့်အခါမှာတော့
တိုက်တန်းအရှေ့ ‌အနောက် အဝင်အထွက်ပြုလုပ်
လာကြသည်။ ချစ်သူလမ်းကြားသည် တောင်နှင့်မြောက်ဖောက်လုပ်ထားသည်။ချစ်သူလမ်းကြားမှ 28လမ်းနှင့် 78လမ်းများသို့ ဝင်ထွက်ပြုလုပ်နိုင်သည်။ 28လမ်းမှ အဝင်အထွက်များသည်။
ထိုလမ်းကြား ဖောက်ပြီးသည့်အချိန်က
တိုက်တန်းမှာရှိသည့် ဆိုင်ကယ်အတော်များများပျောက်ဆုံးခဲ့သည်။ ထိုလမ်းကြားက ညအချိန်တွင်
လူအသွားအလာနည်းပါးသည်။

လမ်းကြားသည် လူအသွားအလာနည်းပါး၍ မှောင်ရိပ်ခိုအတွဲများက ညနေမှစ၍ ညအချိန်ထိပေါများသည်။ ထိုစုံတွဲများကိုအစပြု၍ ထိုလမ်းကြားကို ချစ်သူလမ်းကြားဟု အမည်ခေါ်တွင်လေသည်။
ချစ်သူလမ်းကြား ကြမ်းသလားမမေးနဲ့
ဆိုင်ကယ်နှင့် စုံတွဲများသာမက ကားဖြင့်
လာသည့်အတွဲများပါ အင်အားတောင့်တင်း
လာသည်။ အတုမြင် အတတ်သင်ဆိုသလို
လူငယ်များက ထိုချစ်သူလမ်းကြားကို
အတတ်သင်လာကြသည်။

rayrvunjru.jpg

ဟုတ်ကဲ့ လူငယ်ဆိုတော့လည်း လူကြီးထက်
လက်စောင်းထက်ကြပေသည်။ တစ်နေ့
ကျွန်တော်သည် တုပ်ကွေးဖြစ်၍ ကျုံးဘေး
လမ်းမလျှောက်နိုင်၍ ချစ်သူလမ်းကြား
လမ်းလျှောက်မိသည်။ ညနေ ရုံးဆင်းပြီး
5နာရီအချိန် ချစ်သူလမ်းကြားတွင် လမ်း
လျှောက်နေစဉ် အဖြူအစိမ်းကျောင်းဝတ်စုံ
ဝတ်ထားသည့်ကလေးငယ် 5ဦးကို
အဝေးမှမြင်လိုက်ရသည်။

အနီးရောက်သည့်အခါ တိုက်တန်းမှ ကလေးငယ်
သုံးလေးဦးကိုလည်းမြင်လိုက်ရသည်။
တိုက်တန်းမှ ကလေးငယ်များ၏ မျက်နှာများကပြုံးစိစိဖြစ်နေကြသည်။ ထိုက‌လေးငယ်များနှင့်
မလှမ်းမကမ်းတွင် အဖြူအစိမ်းဝတ်ထားသည့်
ကောင်လေးနှင့် ကောင်မလေးတစ်ယောက်တို့
ရင်ချင်းအပ် ဖက်နေသည်ကိုမြင်လိုက်ရသည်။

အော် လူကြီးမရှိလို့များ အတင်းရဲကြသလားပေါ့
ကိုယ့်စိတ်ထဲကတော့။ အမယ်မင်း ကိုယ်လည်း
သူတို့အနီးရောက်ရော မောင်မင်းကြီးသားနဲ့
မယ်မင်းကြီးမတို့က နှုတ်သီးများတောင်
တေ့ နေကြသဗျို့။ ကျွန်တော်မှာသာ ရှေ့တိုး
ရမလို နောက်ဆုတ်ရမလိုနဲ့ အသာလှည့်
ပြန်လာခဲ့ရပါတော့သည်။ နောက်နေ့
တိုက်တန်းမှ ကလေးများကို မေးကြည့်ရသည်။
နှုတ်သီးတေ့သူ မောင်မင်းကြီးသားနဲ့
မယ်မင်းကြီးမ တို့က အရှေ့ရပ်ကွက်မှ 8တန်း
ကျောင်းသူ ကျောင်းသားများဖြစ်ကြောင်း
သိရှိရလေသည်။

@htwegyi
Photo @htwegyi
MSC 036

Sort:  

ငွေမကုန်ဘဲ ရုပ်ရှင်ကြည့်လိုက်ရတယ်ပေါ့

Posted using Partiko Android

အိုင်ဆေး ကိုဟိန်း ဟုတ်သဗျို့ 😁

အဲ့တာမျိုးပေါ့ ထိုင်ကြည့်ချင်တာလေ 😁

စိတ်ထဲကတော့ အဲသလိုပ အပြင်ကတော့ ဟန်ကို့ရတာပ 😁

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62648.12
ETH 2562.87
USDT 1.00
SBD 2.74