မြေကြီး ပေါ်က လောင်းကစားကျင်းလေးများအကြောင်း

in #myanmar6 years ago (edited)

ယခုတလော steemit မှာ 8 ball ထိုးတာတွေ
ခေတ်စားနေသည်။ သူလဲ 8 ball ကိုယ်လဲ
8 ball အပြိုင်အဆိုင် ကမ္ဘာအနှံ့ မြို့ ကြီးများမှာ
ချိန်းထိုးနေကြတာ အားကျစရာ ကောင်းလှပေတော့သည်။ ကိုယ်တွေက
လောင်ကစားမှာ အကျိုးမပေးလှပါဘူး။
ငယ်ငယ်က လောင်းကစားနည်းမျိုးစုံ
ကစားခဲ့ဘူးပါသည်။

image

ကျင်းနဲ့ ကစားတာဆိုလို့  ငယ်စဉ် က မြေကြီး
မှာ ကျင်းတူးပြီးကစားခဲ့သည်။ ကျင်းသုံးကျင်း
တူးပြီးပေသီးပစ်တမ်းဆော့ဖူးသည်။ ထိုကျင်းသုံးကျင်းမှာ တစ်ဖြောင့်ထဲဖြစ်ပြီး
တစ်ကျင်းနှင့် တစ်ကျင်း အကွာအဝေးမှာ
လူကြီးခြေတစ်လှမ်းကျဲ အကွာအဝေးရှိပါသည်။

ထိုကျင်းသုံးကျင်းကို စတင်ဆော့လျှင် ပထမ
ကျင်းမှ တတိယကျင်းသို့  ပေသီးပစ်၍
ပ၊ ဒု၊ တ ရွေးပါသည်။ ကိုယ့်ပေသီးက ကျင်းပေါက် နှင့်နှင့်နီးပါက ပထမ အနည်းငယ်ဝေးသူက ဒုတိယ စသည်ဖြင့် ယှဉ်ပြိုင်ဆော့ကြသည်။ ပထမ
ရသူက ဦးစွာ ပထမကျင်းမှ ဒုတိယကျင်း
သို့ ပေသီးဖြင့် ပစ်၍လှမ်းထည့်ရသည်။ ထိုမှ
ပ၊ ဒု၊ တ ကျင်းများသို့ ပတ်လည်သွားကာ
ဆော့ကြရပါသည်။

နောက်ထပ် မြေကြီးကို တြိဂံ ပုံစံကျင်းလေးများ
တူးပြီးဆော့ကြသည်။ အဆိုပါဆော့နည်းက
ငွေကြေးနှင့် ပေသီးကြေး ပေးကာလောင်းကစား
ဆော့နည်းတစ်ခုဖြစ်ပါသည်။ ပထမ ထိပ်စီး
ကျင်းမှာ တစ်ကျင်း နောက် ၂ကျင်း ၃ကျင်းမှ
၅ကျင်းထိ တြိဂံ ပုံတူးထားသည်။ ကလေးများမှ
ဦးစွာ ပေသီးကြေး၊ ကြက်ပေါင်ကွင်းကြေး
လိမ့်နေကြသည်။ နောက်ပိုင်းတွင်း လူကြီးများ
ပါရောက်ရှိကာ ပိုက်ဆံကြေးလောင်းကြသည်အထိ
ဖြစ်လာကြသည်။

အဆိုပါ တစ်ကျင်းမှ ငါးကျင်းမြောက်အထိကို
ပေသီး ၃ လုံးနှင့်ပစ်ရသည်။ ပထမ ပေသီးက
၅ ကျင်းဝင်သွားလျှင် နောက် ဒုတိယအလုံး
ပေသီးကို အားလျှော့၍ ၄ နှင့် ၃ ကျင်းများ
ဝင်အောင်ပစ်ရသည်။ အားပြင်း၍ ၅ ကျင်းကို
ဝင်သွားပါက ဘူကျသည်။ နောက်လက်ကျန်
ပေသီးတစ်လုံးသာကျန်၍ ဆက်လက်ပစ်ပါက အများဆုံး ၅ ကျင်းသာကျနိင်ပါတော့သည်။

image

ထို့ကြောင့် ပထမနှင့် ဒုတိယ ပေသီးများက
၅နှင့် ၄ ကျင်းပေါက်များသို့ ဝင်ရောက်ထားပါ ကိုးပေါက်၊ ၅နှင့် ၃ ဝင်ပါက ရှစ်ပေါက်ဖြစ်၍
တတိယပေသီးလုံး ဘေးချော်ကာပစ်ထား
နိုင်ပါသည်။ ကိုးပေါက် ရှစ်ပေါက်များကို
ရှေ့ လူကဝင်ရောက်ထားပါက နောက်ပစ် မည့်သူများ အတွက် အားလျော့စေပါသည်။

တြိဂံ မြေကျင်းတူးဆော့ခြင်းအား ငယ်စဉ်က
စွဲလမ်းခဲ့ပါသည်။ ပေသီး ၃လုံးဖြင့်တစ်ပြိုင်နက်
ပစ်ဆော့တာလည်းရှိခဲ့ပါသည်။ ပေသီးသုံးလုံး
ကို ပစ်ထဲ့လိုက်ပါက ပေသီးလိမ့်ရာ လမ်းကြောင်း တစ်လျှောက် ပေသီးလေးများလိမ့်နေသည်ကို
ကြည့်ရသည်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာ
ကောင်းလှပါသည်။ မည်သည့်ကျင်းများတွင်
ဝင်ရောက်မည်လည်းဟု ခံစားမှု
ပျော်စရာ ရင်ခုန်စရာကောင်းလှပေသည်။

image

ပေသီးကျင်းလေးများကို ကိုယ်တိုင်တူးပြီး
ရိုက်ပြချင်ပါသော်လည်း တိုက်တန်းတွင်မြေကြီး
မရှိပါသဖြင့် စာရွက်ပေါ်တွင် ရေးဆွဲပြသ လိုက်ပါသည်။ ငယ်စဉ်က ရင်ခုန်စိတ်လှုပ်ရှား
စွာလောင်းကစားပြုလုပ်ခဲ့သည်များကို
မြေကြီးပေါ်က ပေသီးကျင်းလေးများ
အဖြစ်ရေးသားတင်ပြလိုက်ပါသည်။

Author @htwegyi
Phpto @htwegyi
4-6-2018

Sort:  

ဆော့ဖူးတယ် 😂

အဖွဲ့ ဝင်တွေများသဟေ့

တခါမှမကစားဖူးဘူး ဒါပေမယ့် အဲ့ပေသီးကျင်းလေးတွေက ဇယ်တောက်လို့ကောင်းတယ်

အေ ပါကွယ် စိမ်ပြေနပြေ
ငုတ်တုတ်ထိုင်ပြီတောက်ပါ😁😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကျ​နော်​က ၁၂၃ကျတာ​နော်​😂😂

ဝိုး အောင်ကြီး အောင်ကြီး.....

ဆော့ဖူးတယ်

အဖွဲ့ ဝင်တွေ

ဟီဟိ..သတိတွေရနေပြီကွီးထွေးတော့။

sbdကြေးတောင်လိမ့်ချင်လာပြီ😁

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62904.22
ETH 2571.38
USDT 1.00
SBD 2.76