ကျန်းမာရေး နှင့် ကံစမ်းမဲ

in #myanmar5 years ago (edited)

image

ကျွန်တော့်အမေ နေမကောင်းဖြစ်တော့
ကျွန်တော့်အစ်မက သူလည်း နေမကောင်း
ချင်သလိုဖြစ်နေသည်ဟု ပြောသည်။

”ငါလည်း ကိုယ်တွေလက်တွေက လေးတာ
ရင်ထဲမှာ မောသလိုလို ပန်းသလိုလိုနဲ့
အားမရှိသလိုဖြစ်နေတယ်”

”ငါလဲ ဆီးချိုစစ်ကြည့်အုံးမှ အမေဆီးချို
စစ်ရင် ငါလဲစစ်မယ်”

ကျွန်တော်တို့ မိတ်ဆွေ မမတင်ကလည်း
ဆီးချိုဖြစ်နေသူတစ်ဦးဖြစ်သည်။ သူမက
ဆီးချို ဆရာကြီးအဆင့်ရောက်နေသူဖြစ်သည်။
မမတင်သမီးလေးက အမေ့ကိုဆီးချိုလာ
တိုင်းပေးသည့်အခါ ကျွန်တော့်အစ်မကလည်း
စစ်လေသည်။ မနက်စာ မစားမီ သားအမိနှစ်ဦး
စစ်ကြ တိုင်းကြသည်။ ဆီးချိုတိုင်းသည့်အခါ
အမေက ၈ ဖြစ်ပြီး၊ အစ်မက ၁၀ ဖြစ်နေသည်။

dcvtrvi57f.jpg

ဆီးချိုစစ်ပေးသည့် ကလေးမလေးက အစ်မ
ဒါဆို ဆီးချိုဖြစ်နိုင်ချေရှိတယ်ဟုပြောလေသည်။
အစ်မသည် သူ့မှာဆီးချိုဖြစ်နေသည်ဟု ကြားသိရ
သောအခါ စိတ်တွေကလှုပ်ရှားနေလေတော့သည်။

”ငါက လက်ဘက်ရည် ကော်ဖီလည်း
မသောက်ပါဘူး။ ငါချက်တဲ့ ထမင်း၊ ဟင်းသာ
စားတာပါ။ ဆီးချိုက ဘယ်လိုကနေ ဘယ်ချောင်း
က စဖြစ်လာတာပါလိမ့် စဉ်းစားလို့မရဘူး”

”အစ်မကလည်း အဲ့ ထမင်းစားရင်လည်း
ဆီးချိုဖြစ်တယ်တဲ့။ သေချာအောင် ဆေးခန်း
သွားပြပြီး စစ်ဆေးကြည့်ပေါ့”

ကျွန်တော်က ဆေခန်း ဆီးချိုအထူးကုသွားပြရန်
ပြောပါသော်လည်း နေ့ရွေ့ ညရွေ့ ဖြင့် ဆေးခန်းသွားရန် ကြန့်ကြာနေသည်။ မမတင်ကလည်း

”မဌေး မပေါ့နဲ့တော့ ဆေးခန်းသွားပြအုံး”

ကျွန်တော်တို့တွေ ပြောလွန်းအားကြီး၍
အစ်မသည် ဆေးခန်းသို့သွားပြသည်။ ဆီးချို
စစ်ဆေးသည့် HbA1c 7.8 ဖြစ်ကြောင်း
သွေးစစ် အဖြေထွက်လေသည်။

284n5cp54z.jpg

အစ်မသည် သူမှာ ဆီးချိုဖြစ်ကြောင်းသိသော
အခါ မမတင်နှင့် ဆီးချို ဟောပြောပွဲသွား၍
နားထောင်ကြသည်။ ဆီးချို ဟောပြောပွဲသည်
မန္တလေး မြို့တော်ခန်းမမှာပြုလုပ်သည်။
မမတင်က အစ်မကိုပြောသည်။

”မဌေးရေ ငါတို့ မြို့တော်ခန်းမမှာ ဆီးချို
ဟောပြောပွဲသွားနားထောင်ရအောင်”

သူမတို့ပြောစကားသံ ကြားရ၍ ကျွန်တော်သည်
စိတ်ထဲမှာ အံမယ် ငါ့အစ်မတွေက ကျန်းမာရေး
ဗဟုသုတတွေ လေ့လာလိုက်စားကြတာပဲ။
သူတို့တွေဆီက ကျန်းမာရေး ဗဟုသုတ
ပြန်မျှခိုင်းရမယ်ဟု စိတ်ကူးထားသည်။
သူတို့နှစ်ဦးပြန်လာသောအခါ သူတို့နှစ်ဦး၏
ပြောစကားများနားထောင်မိသော ကျွန်တော်မှာ
ဆွံ့ အ သွားမိပါတော့သည်။

”မဌေးရယ် ဒါကြောင့်မို့ စောစောသွားရအောင်ပါလို့ပြောတာကို ခုတော့ ပေါင်မုန့်ဝေတာလည်းမရလိုက်ဘူး။ ထိုင်ခုံလည်း ရှေ့မှာမရပဲ နောက်မှာ
ထိုင်ရတယ်။ ကံစမ်းမဲ လက်မှတ်လည်း ဝေ
မဝေ မသိရဘူး”

”ကျုပ်လဲ စောစောလုပ်တာပဲ မမတင်ရယ်
သူတို့က ကံစမ်းမဲ ဘယ်အချိန်က ဝေလိုက်လဲမှ
မသိတာ။ ပြီးတော့ မဲပေါက်တာလဲ သူတို့ထဲက
လူတွေပဲပေါက်တာပါ။ ဒါကြောင့် ဟောပြောပွဲ
ပြီးအောင် မစောင့်ပါနဲ့တော့ ပြန်ရအောင်လို့
မမတင် ကိုပြောသား”

”မသိပါဘူးအေး ဟောပြောပွဲပြီးမှ ကံစမ်းမဲ
လက်မှတ်က ဝေမယ်ထင်တာ။ သူတို့ပြောတာ
တွေလည်း နားထောင်ရတာ နားထဲမဝင်ပါဘူး
အေ။ မဲလက်မှတ်မရမှတော့ အိမ်ပြန်ချင်တာပဲ
စိတ်ထဲရှိတော့တယ်”

သူမတို့နှစ်ဦးသည် မရ ရတာယူမယ် စိတ်ကူး၍
လက်သွေးဖောက်ကာ ဆီးချိုစစ်ခဲ့ကြပြီး အိမ်ပြန်လာကြခြင်း ဖြစ်ပေတော့သည်။

xfluzt9r9z.jpg

@htwegyi
Photo @htwegyi
MSC.036

Sort:  

ဟုတ်ကဲ့ပါဗျ

Posted using Partiko Android

သဘောပေါက်လွယ်သား 😁

ဟုတ်ပ ရောဂါတွေကလည်း နော်

ကျုပ်တောင် တုပ်ကွေးဖြစ်နေပါပြီအေ

ခေတ်မှီသုတိုင်း ဆင်တုတ်ကွေး ကွေးကြသည်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 64432.28
ETH 2648.26
USDT 1.00
SBD 2.78