ငွေ ငွေ ရအောင်ရှာမယ်.....

in #myanmar6 years ago (edited)

လူဆိုသည်ကား လောဘသားဖြစ်သည်။ ကိုယ်တိုင် လည်း ငွေကြေးနောက်လိုက်မိသည်။ လိုက်မိတာမှ အလွယ်နောက်ကို ကောက်ကောက်ပါအောင် လိုက်မိ သည်။ steemit မှာစာလေးရေး၊ အတွေးလေးတွေ နောက်လိုက်နေရာက ဟော... သူများတွေက byteball ဆိုတော့ လိုက်ပြီး ဘိုက်ဘောလိုက်သည်။ မဆိုးတော့
မဆိုးဘူးဗျ 16$ လောက်တော့ ရတယ်လေ။ မဆိုးဘူး ပြောရမှာပေါ့။ ဖုန်းဘေလ် ၃၀၀၀ ကျပ်ဖိုး စမ်းပြီး ရောင်းကြည့်တာ အံမယ် တကယ်ရတယ်ဗျို့။ byte တွေ ၃၀၀၀ ဖိုးရောင်းပြီး ကျန်တာကို ဥ ထားတယ်။ ဘိုက်ဘော ဘိုက်ဘော ဖြစ်သွားပြီပေါ့ဗျာ။

Screenshot_20180731-125352.png

ဟော့... ခုတစ်မျိုးပေါ်လာပြန်ပြီဗျို့။ enlte တဲ့ ။ သူကလည်း steemit နဲ့ ခပ်ဆင်ဆင်။ သူကတော့ စာရေးစရာသိပ်မလိုဘူးတဲ့ဗျ။ ပုံတင်တာနဲ့ token. တွေဆိုလားရသတဲ့။ ပေါ်ပင် လိုက်လုပ်ပြီပေါ့ဗျာ။ ဘယ်နေမတုန်း။ အဲ့မှာ တွေ့ပြီလေ.....။ ပုံတွေတင်ပြီး ရင် ပုံတွေတင် သူများတကာတွေလို ကိုယ်ရဲ့ ပုံအောက် နားမှာ ဂဏန်း၊ အက္ခရာလေး မတွေ့တော့ ရင်ခုန်သံတွေ မမြန်တော့ဘူး။ enlte ရယ်။ KYC ဆိုတာကြီးမှာ လိုင်စင်ဆိုတာကြီးထည့်ရမှာကို ကိုယ့်ပုံတွေသာ တင်လိုက်တယ်။ enlte က ကြွေသွားတယ်ထင်ပ။
လေးလုံးနဲ့ ကိုယ့်ရဲ့မှန်ကြောင်ပုံလေးကို 😁😁။ သူများ တကာတွေ enlte မှာ ပုံတင်မရ၊ ဖုန်းရွေးသဟနဲ့ တိုင်ပတ်နေချိန် ကိုယ်တွေကပုံတွေ ဒင်းကြမ်းတင်နေ တာ။

Screenshot_20180730-124707.png

ဒါပေသိဗျာ...။ ကိုယ်တင်တဲ့ပုံရဲ့အောက်နားမှာ သူများ တကာတွေက ဂဏန်းလေးတွေပေါ်နေပြီး ကိုယ့်ပုံတွေ အောက်မှာတော့ ဂဏန်းတွေမပေါ်သောအခါရင်နာတယ် ဇူလိုင်ရယ်။ ဇူလိုင်က တကယ်ဝမ်းနည်းစရာ ကောင်း သည့် လပဲဗျာ။ စစ်တောင်းမြစ်က ရေတွေလျှံလို့ မြစ်ကမ်းပါးနေထိုင်သူများ ဒုက္ခရောက်ကြသတဲ့။ ဇူလိုင် မိုးကလည်း တိတ်ပါတော့ပြောရသည်အထိ။ မိုးရွာချက် က ကမ်းပါးရေလျှံထွက်အောင်ကို ရွာလွန်းပါတယ်ဗျာ။ အုံ့ဆိုင်းမဲမှောင်လာတဲ့ မိုးကောင်းကင်ကြီးကို ကြည့်ပြီး
ရေကြီးတဲ့ ဒေသကလူများအတွက်လည်း စိတ်မချမ်း သာဘူးဗျာ။ ဒိန်းကနဲ့ လျှပ်စီးလက် မိုးအခြိမ့်မှ ဟဲ့ .. ပလုတ်တုတ် ငါ ပရိုအတွက် ပိုစ့်ရေးရအုံးမှာပါလား။

ကြည့်စမ်း byteball တွေ enlte တွေနဲ့ ဇယားရှုပ်နေ တာ ကိုယ့်ရဲ့ Steemit မှာ ပိုစ့်တင်ဖို့ အတွေးများ
တောင် ပျောက်ဆုံးနေပါရောလား။ အလွယ်လိုက်
ငွေကြေးနောက်လိုက်နေတဲ့ ငနဲ နင်တော့လား...။
မှတ်ကရော ငါ့အတွေးများကို ပင့်ကူမှေးတက်အောင် လုပ်တယ်။ ငါအတွေးကို မိုးရာသီလို အုံ့မှိုင်းထုံထိုင်းစေ တယ်။ ငါအတွေးကို အမြဲလတ်ဆတ် တက်ကြွ ဖျတ်လတ်နေစေဖို့ မေ့နေတဲ့ ငနဲ ဒင်းတော့လား...။ ပစ်ထားလိုက်အုံးမယ်။

အဲ့ကလိုတော့ မလုပ်လိုက်ပါနဲ့။ မကျီစားလိုက်ပါနဲ့
အတွေးလေးရယ်။ အသစ်တွေဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ တလည်လည်ပါကွယ် နော်... ။ Steemit မှာ ပိုစ့်တွေရေးဖို့ အတွေးသစ်၊ စိတ်ကူးသစ် ပြန်ခေါ်ပေးပါ အတွေးရယ်။ ငွေဆိုသည်က လူတိုင်း သည်းခြေကြိုက်မို့ပါ။

ငွေအကြောင်းလေးပြောပြရသေးတာပ။
”လူမှာငွေမရှိရင် လင်ယူမိတာနာတယ်ထင်တယ်”
သီချင်းတောင်ရှိသေး။ ဗန်းမော် ဆရာတော်ကြီးရဲ့ပုံပြင် လေး ငွေနဲ့ပတ်သက်လို့ရေးပြချင်ပါသည်။

တစ်ခါက ရွာတစ်ရွာမှာ လင်မယားနှစ်ယောက်ရှိသည်။ ရွာမှာလုပ်ငန်းက အဆင်မပြေ မိန်းမဖြစ်သူကငြူစူ ဆူပူ သဖြင့် ယောက်ျားလုပ်သူက အခြားဒေသသို့ အလုပ်ရှာ သွားသည်။ အခြားနေရာသို့ အလုပ်ရှာသော်လည်း အလုပ်အဆင်မပြေသည့်အပြင် အဖျားရောဂါသာ စွဲကပ်လာသည်။ အိမ်သို့ရောက်လျှင် အဖျားအားကြီး၍ အိမ်အတွင်းသို့မဝင်နိုင်ဘဲ အိမ်ရှေ့လှေခါးအနီးမှာသာ ခွေအိပ်နေလေသည်။

20180731_125611.jpg

မိန်းမ ဖြစ်သူသည် ယောက်ျားအားကြင်နာမှုမရှိ၊ မပြုစု ဘဲ ပါးစပ်မှ ဗြစ်တောက်ဗြစ်တောက်ပြောဆိုကာ ယောက်ျား ကို ကျော်ခွသွားလေသည်။ ရက်အနည်းငယ် ကြာ၍ ယောက်ျားဖြစ်သူလည်း ကျန်းမာလာပြီး နောက် တစ်ကြိမ် ခရီးထွက်ခါ စီးပွားရှာပြန်သည်။

ယခုအခေါက်တွင် ယောက်ျား ဖြစ်သူက ကြိုးစား
လုပ်ကိုင်ရှာဖွေ၍ ရရှိသောငွေများကို ဝါးကျည်တောက် တွင်ထည့်ကာစုလေသည်။ စုဆောင်ရှာဖွေပြီးယောက်ျား ဖြစ်သူသည် အိမ်သို့ပြန်လာသည်။ ပထမတစ်ခါကဲ့သို့ ယောက်ျားဖြစ်သူက နေမကောင်းဟန်ဆောင်ကာ လှေခါအနီး၌ အိပ်လေသည်။ ထိုအခါ မိန်းမက ထုံးစံ အတိုင်းပြောဆိုကာ ထမင်းချက်ဖို့ ထင်းတောင်မရှိ၊ အဖြစ်မရှိသူဟု ယောက်ျားကိုပြောဆို၏ ယောက်ျားက ထင်းမရှိလျှင် သူ့ပါလာသည့် ဝါးကျည်တောက်ကို ခွဲ၍ထင်းစိုက်ရန် မိန်းမ ထံပစ်ပေးလေသည်။

ထိုအခါ ဝါးကျည်တောက်အတွင်းမှ အသံများကြား၍ မိန်းမက ခွဲကြည့်လေသည့်အခါ ငွေစများကို တွေ့လေ သည်။ ငွေစမြင်တော့ မိန်းမသည် ယောက်ျားအနီးသို့ သွားကာ...

”လူမြင်မကောင်းပါဘူးတော် အိမ်ထဲဝင်ပါ”

”အရင်လိုသာ ကျော်ခွသွားပါကွာ”

”တော်ပါတော် ကျုပ်ကို ငရဲငအုံမပေးစမ်းပါနဲ့
ကျုပ်ကိုတွဲပါ အိမ်ထဲဝင်ရအောင်ပါ
ကိုရင် ရယ် ” တဲ့။
ကဲ... အိမ်ထဲဝင်ချင်တဲ့ ကိုရင်တို့
ငွေကို ကြိုးစားရှာကြပါစို့...လို့.။

Author @htwegyi
Photo @htwegyi
MSC.036

Sort:  

ငွေနဲ့ပတ်သက်လို့ အမကို သူ့ယောက်ျားကပြောတာမှတ်မိသေးတယ်။ နင့်လိုငွေမက်တဲ့မိန်းမ တနေ့ကျမှငွေထုပ်နဲ့ကောက်ပေါက်မယ်ပြောတော့ မိန်းမကပြန်ပြောတယ်။ ငွေထုပ်နဲ့များပေါက်ရင် အောင့်ခံမှာပေါ့တဲ့။

ဟားဟား အောင့်ခံမယ့်သူတွေ များသဟေ့ 😁😁

လောကတွင်တန်ဖိုးရှိသောအရာငွေပါလား

သဝေထိုး ငဝဆွဲငွေ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

enlteသုံးတယ်

စမ်းသုံးကြည့်တာပါ
ဘာလို့လဲဗျ

ဘာမှမဖြစ်ပါ

ငင့်

သြော် မှတ်သားလောက်ပါ ပေတယ်
ဒါနဲ့ မမကတော့ biteball တေထုတ်စားပလ်ုက်တာ ကြာပေါ့
လက်ထဲမထားဘူး ခေတ်ကြီးက ကောင်းတာမဟုတ်တော့

ဟုတ်ကဲ့ အနော်လည်းရောင်းမယ်

မွီးမနဲ့ အဆင်ပြေဖို့ ဝါးကျဉ်တောက်လေ ဖြည့်ရမယ်လား

ဖြည့်သင့်ရင်တော့ ဖြည့်ရမှာပေါ့ ကိုရင်ရဲ့ 😁

ငွေ ဆိုတာ အသုံးလွယ်ပြီးအရှာခက်

မှန်တာပေါ့ဗျာ

အတော်ရလိုက်တယ်ပေါ့ ဦးထွေး အားကျတာခွယ်

အေးပါခွယ်

ငွေ ​ငွေ ​ငွေ
မျက်​နှာကြီးတယ်​😂

မျက်နှာကြီးတာ ငွေကြောင့်ကိုး

ဘိုက်ဘော အဆင်ပြေသွားတာကိုး သားတို့မှာ8$သာသာပဲ့ရ

rp အရ ပေးတာတဲ့ဗျ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 62629.89
ETH 2572.37
USDT 1.00
SBD 2.74