ခေါင်းစည်းကြိုးလေး
ဆောင်းနှင်း လေအေးအေးကမျက်နှာကို
အနမ်းကြမ်းသည့်ချစ်သူနှယ် ပွတ်တိုက်တိုး
ဝှေ့သည်။ သစ်ပင်ထက်မှ ဆီးနှင်းပေါက်က
လေအဝှေ့ ကြွေကာ မျက်နှာကို ရေခဲရေအေးဖြင့်
တောက်ချသည်နှယ် အေးမြလှသည်။ ဆိုင်ကယ်
မောင်းနှင်ရင်း တင်အောင် တစ်ကိုယ်တည်း
သဘာဝတရားကို တစ်ခုချင်းခံစားလာမိသည်။
မြို့တွင်းဈေးတစ်ခုမှာရောင်းဖို့ ပန်းစည်းကြီးက
ဆိုင်ကယ်နောက်တွင် လှပမွေးပျံ့စွာလိုက်ပါလျက်။
တင်အောင်တို့မိသားစုက မန္တလေးမြို့ အထွက်
ပြင်ဦးလွင် ကားလမ်းမဘေးမှာနေထိုင်သည်။
ပန်းပင်နှင့် ရာသီပေါ်သီးနှံလေးများစိုက်၍
ရောင်းချအသက်မွေးကြသည်။ အမေ၊ ဦးလေး
နှင့် တင်အောင် သုံးဦးအေးချမ်းစွာနေထိုင်ကြသည်။
တင်အောင် သည်၁၀တန်းကျ၍ ကျောင်းဆက်မ
တက်ပဲ ဟိုယောင် ဒီယောင်လုပ်၍နေသည်။ ကား
ဆိုင်ကယ်ပြုပြင်ဆိုင်များတွင်လည်း ၂လ ၃လ နှင့်
ခဏသင်ကာတတ်မြောက်အောင် မသင်ပဲထွက်လာသည်။ ခြံအလုပ်လဲ မည်မည်ရရကူညီလုပ်ကိုင်မပေးပါ ။ တစ်ခါတစ်ရံ ပန်းယူသည့်ဖောက်သည်များမလာပါက စိတ်ကူးရ၍ မြို့ထဲဈေးများသို့ ပန်းရောင်းသွားတတ်သည်။
ဒီနေ့ ပန်းရောင်းဖို့ထွက်လာတာ ရာသီဥတုက
အအေးပိုနေသလားထင်ရသည်။ မန္တလေး
ပြင်ဦးလွင် ကားလမ်းမကြီးက မနက်စောစောမို့
ရှင်းလင်းနေသည်။ ဒီနေ့ ဘယ်ဈေးသွားရောင်းရ
ကောင်းမလဲ တင်အောင်ဆိုင်ကယ်မောင်းရင်း
စဉ်းစားနေမိသည်။ မန္တလေးမှာ အခွန်လွတ်ဈေး
တွေရှိတော့ ပန်းရောင်းရတာအဆင်ပြေသည်။
ဒီအခေါက် ဒီဈေးရောင်းမကောင်း နောက်တစ်ခါ
အခြားဈေးပြောင်းရောင်းနိုင်သည်။
ဈေးဆို၍ အရင်အပတ်က ရောင်းခဲ့သည့် ဘူတာကြီးအနီးကဈေးမှာ ပန်းရောင်းရင် မျက်လုံးမှတဆင့်
ရင်ခုန်သံလေးတစ်ခု ဖန်တီးပေးသည့် မျက်ဝန်း
တစ်စုံနဲ့ တွေ့ဆုံခဲ့မိသည်။ ဒီနေ့ ထိုဈေးမှာသွား
ရောင်းဖို့ ဆိုင်ကယ်ဘီးက အလိုလိုဦးတည်လျှက်
ဖြစ်နေသည်။ ရင်ခုန်သံတွေ မြန်စေတဲ့မျက်ဝန်းလေး
ရဲ့ ဆိုင်နဲ့ မနီးမဝေးမှာ ဆိုင်ကယ်ကို ရပ်ပြီး
ပန်းစည်းတွေရောင်းဖို့စတင်လိုက်သည်။
”ကဲ..လာထားနော်
လှလည်းလှ..မွှေးလည်းမွှေး
လတ်လတ်ဆတ်ဆတ် ခြံထွက်ပန်းတွေနော်”
တင်အောင် က ပုံမှန်အသံထက် ပိုကျယ်အောင်
အော်လိုက်သည်။ တင်အောင် အသံကြားလျှင်
ဆိုင်မှ မျက်ဝန်းလေးက မျှားတစ်စင်းအလား
အကြည့်က ရောက်ရှိလာသည်။ကောင်မလေး
ရဲ့ အကြည့်ကို အမိအရ မျက်လုံးနဲ့ဖမ်းဆုပ်ရင်း
ပန်းဝယ်လာသူကို ရောင်းဖို့မေ့မြောမိသည်။
”ပန်းလည်းရောင်းပါ ငမ်းလည်းငမ်း...
အဲ..ကြည့်လည်း ကြည့်ပေါ့ဟယ်”
”အဟီး..ဟုတ်အစ်မ ပန်းတွေက
အကုန်လတ်တယ် ကြိုက်တာယူ”
ရှက်ရယ် ရယ်ရင်း ပန်းဝယ်သူအစ်မကြီးကို
ပန်းရောင်းလိုက်သည်။ ပန်းစည်းများရေဖျန်းရင်း
စနစ်တကျစီထပ်နေစဉ် ဆည်းလည်းသံလား သတ္တုသံလား ဆွဲအားသံလေးတော့ပါမယ်ထင်တယ်ဗျ
”ဒီမယ်..ပန်းဝယ်မလို့ ဘယ်လောက်လဲ”
ကျွန်တော်ရဲ့ မျက်ဝန်းလေးရယ်ပါ။
မျက်ဝန်းတင်မကဘူး တကယ်ဗျ သူ့မရဲ့
အသံလေးကလည်း ဆွဲအားရှိသဗျ။
”ဟိုလေ.... ယူမယ်ဆို နှစ်စည်း ၁၅၀၀ နဲ့
ယူဗျာ”
”အံမယ်..လူကြီးမျက်နှာက ပြုံးစိစိနဲ့
နှစ်စည်းမယူပါဘူး တစ်စည်းပဲယူမယ်
အိမ်ကဘုရားအိုးက သေးတယ်”
”ပန်းတွေက လှပြီးအထားခံပါတယ်ဗျ
ဆိုင်နဲ့ အိမ်မှာမြိုင်မြိုင်ဆိုင်ဆိုင်လှလှပပ
ဝေဝေဆာဆာကြီးတင်ရတာပေါ့
ဘုရားပန်းကပ်တဲ့သူလည်း လက်ရှိထက်
ပိုပြီးလှသွားတာပေါ့”
”အံမလေး....လှတောသား
ဘုရားပန်းရောင်းနေပါလား”
”လှတောသား ဟုတ်ပါဘူးဗျာ
ပန်းမြို့တော်အပါးက
ဒုဌဝတီမြစ်အနားမှာနေတာပါနော်”
”အို့ ....လူကအလာကြီး”
ပြောပြောဆိုဆို ကောင်မလေးက ပန်းဝယ်ပြီး
သူ့ဆိုင်ရှိရာထွက်သွားသည်။ ကောင်မလေး
ဆိုင်ကစတိုးဆိုင်အသေးစားလေးကို ကွမ်းယာနဲ့
တွဲရောင်းသည်။
သီချင်းတအေးအေး ဘိုကေတသသနှင့်မြို့ထဲ
သွားဖို့ တင်အောင်းရှိုးထုတ်နေသည်။
”အင်း..ငါ့သားတော့ မြို့ထဲခဏခဏ သွားပုံ
ထောက်တော့ အပျိုမြင်နေပြီထင်တယ်
အမေ့စိတ်ကူးကတော့ ညိုစိမ့်လေးသာ ချွေးမ
တော်ချင်တာကွယ်၊ ကိုယ်နဲ့ခြံချင်းကပ်လျှက်
အစင်းသိ အတွင်းသိ၊ ငါ့သားထက်တောင်
ကောင်မလေးက အားကိုးရတယ်၊ ခြံအလုပ်တွေ
လည်းဝိုင်းကူရှာတယ်၊ နာမည်အတိုင်း တစိမ့်စိမ့်
ကြည့်ရင် ညိုတာလေးကိုက အကြည့်ခံတာ”
”ဟိုးး...တော်ပါအမေရာ ညိုစိမ့်ကို
ဘော်ဒါတစ်ယောက်လိုပဲမြင်တယ်
ကောင်မလေးလို့မမြင်ဘူးဗျ”
(ဆက်ရန်....)
ပန်းရောင်းသမားလေးဇာတ်လမ်းက စိတ်ဝင်စားစရာလေးပါးခင်ဗျာ။ဘာတွေဆက်ဖြစ်မယ်ဆိုတာ စောင့်မျှော်အားပေးပါ့မယ်ခင်ဗျာ။
ဟုတ်ကဲ့ဖတ်ပေးတဲ့အတွက် ကျေးဇူးပါဗျာ
အိုက်ရှားပါး ! ထိတယ်ဟေ့။
ရှောင်မှ မရှောင်တာ ထိပေါ့😁
ဇွတ်ပေးတဲ့ ၁၅၀၀
ယူမရို့ပဲဟာ😁
အို ဘာပြောရမလဲတောင်မသိတော့ဘူး
ပြောကြည့် ရင်ထဲပေါ့သွားတာပ
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
👍👍👍
ဦးထွေးကြီးလည်း ဝတ္တုလိုင်းဘက် ကူးလာပြီကောအေ
မတ်မတ်စု တို့အားကျလို့ပါ
အဟား ...မိုက်တယ်ဗျာ ....ဆက်အားပေးမယ်ဗျို့မျှော်လင့်လျှက်ပါ၊
ဟုတ် ကျေးဇူးဗျို့
ဆက်အားပေးပါ့မယ်
ကျေးဇူးပါ
နှစ်စီး 1500 ဖြင့် နှစ်ဦးပေါင်းချင်တဲ့ တင်အောင် လေးလား
သူတော်တော်တတ်😁
အိုက် . . . အစစာပိုက်ထဲကကို ကြွေလောက်တယ်ဗျာ ဦးထွေးရေးသားတွေက
အောင်ကြီးကတော့ မောင်းတီးပြီဟေ့😁