အပြစ်ရှိသူက ကျမ ယုတ်မာသူက နေမြဲ နေဆဲ

in #myanmar6 years ago (edited)

ကျမသည် မြန်မာပြည်အထက်ပိုင်း မီးရထားလမ်း
အဆုံးရှိ မြို့မှာနေထိုင်သည်။ ကျမမှာ သမီးလေး
တစ်ယောက်နှင့် ခင်ပွန်းရှိသည်။ အေးချမ်းစွာ
နေထိုင်ခဲ့ပါသည်။ မအေးချမ်း မငြိမ်းချမ်းခဲ့သည့်
အတိတ်ကိုတော့မေ့လိုက်ချင်သည်။ မေ့ပစ်ချင်
ပါသည်။ သို့သော် ကျမလို မသိနားမလည်ခင်
ငယ်ရွယ်စဉ်က အမှားတစ်ခုကို မကျရောက်
မကျူးလွန်မိစေရန်ဖြစ်ပါသည်။ နောင်ကျမလို
ဒုက္ခမရောက်စေဖို့၊ကျမလို အဖြစ်မျိုးမရောက်
ကြစေဖို့ ရေးသားလိုက်ပါရစေ။

ကျမ သည်ယခင်က မန္တလေးမြို့မှာနေထိုင်ခဲ့သည်။
အစိုးရဝန်ထမ်းအလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့
သည်။ မန္တလေးအရှေ့ပြင်မှ စက်ဘီးဖြင့် အလုပ်ရှိရာ
အစိုးရဌာနတစ်ခုသို့ လာရောက်လုပ်ကိုင်ပါသည်။
အဆိုပါလုပ်ငန်းခွင်တွင် ကျမအတွက် အရိပ်မဲကြီး
က ကျရောက်ခဲ့ပါတော့သည်။ ကျမတို့ရုံးခန်းသည်
မနက် ၉ နာရီအချိန်တွင် လူစုံ၍လက်မှတ်ထိုးကာ
ပြီးလျှင် အသီးသီး ကိုယ့်လုပ်ငန်းခွင်သို့ သွာရောက်
လုပ်ကိုင်ကြသည်။ ရုံးခန်းတွင် ကျမနှင့် သန့်ရှင်းရေး
သမားသာကျန်ခဲ့သည်။ ကျမက ရုံးလုပ်ငန်း
စာရင်းများလုပ်ကိုင်ရသည်။

Guide-dog-perfect-match-2.jpg
image source

ကျမတို့ရုံးသည် ကန်ထရိုက်များနှင့်ဆက်ဆံကာ
လုပ်ကိုင်ဆောင်ရွက်ရသည်။ အဆိုပါ ကန်ထရိုက်များအနက်မှ အပြောကောင်းသည့်လူတစ်ဦး
ပါရှိသည်။ အစပထမတွင်တော့ လုပ်ငန်းအဆင်ပြေ
ရန်အတွက် ကျမတို့ရုံးအဖွဲ့ ကို ကျွေးမွေးပါသည်။
အတော်ရက်ရောသည့်သူဟုလည်း ထင်ခဲ့မိသည်။
နောက်ပိုင်းတွင် လုပ်ငန်းများအဆင်ပြေသည်
ကျမလုပ်ပေးသည့် စာရင်းများ၊ စာများက
လပ်ကီးကောင်းသည် ဆိုကာ အကျွေးအမွေးနှင့်
လက်ဆောင်များပေးလာသည်။

ကျမသည်ရိုးသားစွာပင် သူပြောဆိုသည်များကို
အဟုတ်မှတ်ထင်သဘောကျခဲ့သည်။ နောက်ပိုင်း
ရုံးလူရှင်းချိန်များတွင်လည်း လာကာ ရီစရာစကားများပြောကာအကျွမ်းဝင်လာအောင် ပြုမူနေထိုင်
လာသည်။ အစားအသောက်များ ဝယ်လာခြင်း၊
လူလစ်လျှင် လစ်သလို ချစ်စကားကြိုက်စကားများ
ပြောလာသည်။ နေ့စဉ်နီးပါး လူလစ်ချိန်များတွင်
ရောက်လာကာ ကျမကို နှူးနှပ်ပါသည်။
နှစ်ယောက်ထဲရှိချိန်များတွင် ခေါင်းပုတ်
ခြေပုတ်၊ မတော်တဆပြုမူကာ ကျမကို
အတွေ့အထိမှာ ယစ်မူးစေပါသည်။

can-dogs-fall-in-love-body-image-1486692574.jpg
image source

ကျမမှာ အတွေ့အကြုံမရှိသည့်သူဖြစ်၍
သူပြုသမျှ သဘောကျကာ အတွေ့မှာသာယာခြင်း၊
အကျွေးအမွေးမှာသာယာခြင်းနှင့် ငွေကြေးများ
ပေးကမ်းရက်ရောသူမို့  တစ်ကိုယ်လုံးပုံအပ်မိပါ
တော့သည်။ ကျမရုံးဆင်းချိန်များတွင်စောင့်ကာ
ဒီနေ့လုပ်ငန်းအဆင်ပြေ၍ ပြုစုချင်သဖြင့် ကာရာအိုကေသို့ခေါ်ခြင်း နောက်တွင် အဆင့်တက်ကာ
တည်ခိုးခန်းများသို့ပင် အဆင့်တက်ကာခေါ်ဆောင်သွားပါသည်။ ကျမသည်ကိုယ့်ကိုကိုယ်မှားလို့ မှားမှန်
မသိအောင် သူ့အပြော သူ့အပြုအမူများအောက်မှာ
နွံနစ်ခဲ့ပါတော့သည်။

ကျမတို့ လက်ထပ်ဖို့ပြောသောအခါတွင် သူ့မှာ
သားမယားရှိကြောင်းသိရပါသည်။ ကျမမိုက်တွင်း
နက်ပုံက သူ့အပြောမှာနစ်မြောရင်း မိုက်တွင်း
နက်သထက် နက်ခဲ့၊ မှားပြီးရင် အမှားကြီးကို
ဆက်ပြီးမှားနေခဲ့သည်။ သားမယားကြီး ရှိသည်ကို
သိလျှက်ပင် ကျမသည် ထိုသူနှင့် ဆက်ပြီးမိုက်တွင်း
နက်ခဲ့သည်။ ကျမသည် ထိုသူအား ချစ်ခဲ့သည်လား
တဏှာ့ကျွန်းမှာ နစ်ခဲ့သည်လား မသိအောင်
ထိုသူနှင့် ဆက်လက်ဖောက်ပြန်နေခဲ့သည်။
အမှားအမှန်ကို မခွဲခြားနိုင်အောင် တဏှာကြောမှာ
မျှောခဲ့သည်။ သို့သော် လောကကြီး က ဆက်ပြီးမှားခွင့်မပေးတော့ပါ။

ကျမသည် ရာထူးတိုးကာ အထက်ရုံးသို့ပြောင်ရွေ့ 
ရသည်။ အထက်ရုံးတွင် ထိုသူနှင့်တွေ့ဖို့ အနည်းငယ်
အလှမ်းဝေးသွားသည်။ သို့သော် ရံဖန်ရံခါတွေ့ကြ
သည်လည်းရှိသည်။ တဖြည်းဖြည်း အနေဝေး၍
သွေးအေးလာခဲ့သည်။ သို့သော် အောက်ရုံးတွင်
ကျမအစား ကောင်မလေးတစ်ယောက်ရောက်ရှိ
လာသည်။ ထိုလူသည် ထိုကောင်းမလေးကိုလည်း
အလွတ်မပေးခဲ့ပါ။ သတင်းကြား၍ ကျမသည်
ကိျတ်မနိုင် ခဲမရဖြစ်ကာ အဆိုပါ ကောင်မလေးနှင့်
သွားရောက်ရန်ဖြစ်မိလေသည်။

69064c462a98ca1efb21850288632863--dog-love-puppy-love.jpg
image source

စေ့စေ့တွေးမှ ရေးရေးပေါ်ဆိုသလို သူ၏မယားကြီး
ဖြစ်သူက ဘာမျှမလုပ်ရပါပဲ ကျမတို့နှစ်ယောက်မှာသာအကြီးအကျယ် ပြဿနာတက်ကာ ရုံးလုပ်ငန်း
များကိုပါထိခိုက်လာသည်။ အဆိုပါ ပြဿနာ
ကြောင့် လူကြီးများသိ၍ ဖြေရှင်းရာ နောက်
ကောင်မလေးက အလုပ်ပြုတ်သည်။ ကျမကတော့
ယခုနေထိုင်သည့် မြန်မာပြည်မြောက်ပိုင်းသို့
အပြစ်ပေးပြောင်းရွေ့ ခံရပါသည်။

ဘယ်သူမပြု မိမိအမှုပါ လက်ခုပ်က နှစ်ဖက်တီးမှ
မြည်းတာမို့ ကျမမှာလည်း အပြစ်ရှိပါသည်။
ကျမ ယခုချိန်မှာတော့ ကျမမိသားစုလေးနဲ့ ဘဝက
နေသားတကျဖြစ်နေပါသည်။ ကျမလိုအဖြစ်မျိုး
မိန်ကလေးတိုင်း ကြုံတွေ့လာပါက စိတ်ဓာတ်
ကြံ့ခိုင်ကာ လောဘ မောဟ တဏှာအမှောင်မိုက်
များမှလွတ်မြောက်နိုင်ကြပါစေ၊
ယုတ်မာကောက်ကျစ်သူများနှင့်လည်း
ကင်းဝေးကြပါစေလို့ တောင်းဆုပြုရင်း
ကျမလိုအဖြစ်ဆိုးမှ ကင်းဝေး၍
သင်ခန်းစာယူနိုင်ကြပါစေ။

Author @htwegyi
MSC.036

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

မိန်းကလေးများ လူယုတ်မာများနှင့်ကင်းဝေးကြပါစေရှင်

ကင်းဝေးကြပါစေဗျာ

ဟိုက်​' မိန်းက​လေးဖြစ်​ရတဲ့ဘဝ

ယောက်ျားလေးလဲ ယောက်ျားလေးပ

ကိလေသာ အမှောင်ဖုံး မိုက်လုံးကြီးတတ်သည်

တင်ပါ့ဘုရား

အတိတ်က အရိပ်လိုလိုက်လာတက်ပါတယ်

အရိပ်မဲကြီး ဖြစ်ပါပေါ့

မိန်းခ​လေး​တွေ ဘဝမလွယ်​ပါလား😢

ဟုတ်တယ်ကိုကြီးအောင်ရယ်😩

သင်ခန်းစာယူစရာဖြစ်ရပ်ပါပဲ။

ဟုတ်တယ်ဗျ
ဖြစ်ရပ်မှန်လေး နည်းနည်းပြင်ထားတာ

ယုတ်ညံ့တဲ့ သူတွေလည်း လောကကြီးမှာ တစ်ပုံတစ်ပင်ပါပဲ့ကော

အကောင်းအဆိုးက ဒွန်တွဲနေတာပ

အားနာတတ်​လွန်းတဲ့ စိတ်​.​ပျော့ညံ့တဲ့စိတ်​.
သနားတတ်​လွန်းတဲ့စိတ်​​တွေဟာ.....
မိန်းခ​လေးတစ်​​ယောက်​အတွက်​တင်​မဟုတ်​ပါဘူး။
ယောကျာင်္းတစ်​​ယောက်​လဲ အားနာတတ်​လွန်းရင်​မ​ကောင်းပါဘူး။
...စိတ်​​တွေကို ထိန်းချုပ်​နိင်​ပြီး....
ဖြစ်​သင့်​ဖြစ်​ထိုက်​တာကိုပဲ ဦးစား​ပေး​ရွေးချယ်​ရမယ်​။.....။
ဒီ​post​လေးက​နေ....
ကျွန်​​တော်​ ရှူ​ထောင့်​က​နေ ​တွေးမိတဲ့.... အားနည်းချက်​ဆိုတဲ့အရာ​လေးပါ
အဓိကက​ အ​ပေါ်က ​ပြေားခဲ့သလိုပဲ။
ပစ္စည်းမက်​တာမျိုးထက်​....အားနာတတ်​တဲ့စိတ်​​ပျော့ညံ့တဲ့စိတ်​ကအဓိက အမှားဖြစ်​​စေခဲ့တာလို့ ထင်​မိတယ်
....သတိထားသင့်​တဲ့ အရာ​လေးပါ. Good post ပါ။:-)

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62975.56
ETH 3112.53
USDT 1.00
SBD 3.87