အသံတိတ် လူသတ်သမား

in #myanmar5 years ago (edited)

image

အမေ့ကျန်းမာရေးကြောင့် စာရေးဖို့ စဉ်းစားထားသည့် အကြောင်းအရာလေးတွေက ဝါဆို ဝါခေါင်
လေတွေ တိုက်သလို တဝေါဝေါနှင့် အပါးမှ ထွက်သွားကြသည်။ ရေကြီး၍ ရေနီ ရေဝါများဖြစ်သလို ဦးနှောက်မှာ စဉ်းစားလိုက်တိုင်း အရောင်စုံ
အတွေးများပေါ်လာလိုက် ပျောက်သွားလိုက်
ဖြစ်နေသည်။

Steemit မှာ နှစ်ရက်တစ်ခါ စာရေးရမည်ဆိုသည့်
အသိ အတွေးက ခေါင်းထဲမှာ အဆက်မပြတ်
ခေါင်းလောင်းထိုးနေသည်နှယ်။ နှစ်ရက်မြောက်
သောနေ့ ရောက်ပြီဆိုမှဖြင့် ခေါင်းထဲမှာ မရှိ
ရှိတာရှာကြံ ရေးရပါတော့သည်။ စာဖြစ်ပြီးရော
ဆိုသည့် အတွေးကိုလည်း လက်မခံချင်။
ကိုယ်ရေးသည့်စာ ကိုယ်ပြန်ဖတ်သောအခါ
စိတ်မဝင်စားပါလျှင် အခြားသူများအဖို့ရာ
ပြောဖွယ်မရှိပါ။

tvyc2xjl8c.jpg

Steemit မှာစာရေးလာတာ ၂နှစ်ကျော်ပြီဆိုတော့
ရေးစရာ စာတို့က တဖြည်းဖြည်း နယ်မြေကျဉ်း
လာခဲ့သည်။ အဆိုပါနယ်မြေကျဉ်းလေးထဲမှ
မရ ရတာ မရှိ ရှိတာကုပ်ကပ်ရေးရပြန်ပါသည်။
စာတွေဖတ်ရသည်။ သတင်းစာများဖတ်ရသည်။
ဗဟုသုတဖြစ်မည့်အရာများ ရှာကြံဖတ်ရသည်။
အခုတလောဖတ်ဖြစ်သည့် အကြောင်းအရာများက
အမေ့ ရောဂါနှင့်ပတ်သက်သည့် ဆီချို၊ လေဖြတ်
ရောဂါများ အကြောင်းဖြစ်သည်။

ဆီချိုရောဂါကို အသံတိတ်လူသတ်သမားလို့
တင်စားထားသည်။ ဒီရောဂါက ဖြစ်မှန်းသတိ
မထားမိကြဘူး။ ငွေကုန်ကြေးကျ အများဆုံး
ရောဂါလည်းဖြစ်သည်။ ရောဂါဖြစ်လာပါလျှင်
ကိုယ်စားချင်တာ မစားရတော့ပါ။ အစား
အသောက်လည်းဂရုပြု ဆင်ခြင်ရသည်။
အသက်လေးဆယ်ကျော်လာလျှင် သတိထား
စစ်ဆေးသင့်သည်။သွေးတွင်းရှိ HbA1C အား
သုံးလတစ်ကြိမ်စစ်ဆေးခြင်းဖြင့် ဆီးချိုရောဂါကို သိရှိနိုင်သည်။

2dmj1sctli.jpg
Image credit

HbA1C ပမာဏ ၆ရာခိုင်နှုန်းဆိုလျှင် ဆီးချို
မဖြစ်သေးပါ။ ၆အထက်မှ ၆.၄ရာခိုင်နှုန်း အတွင်း
ရှိပါလျှင် ဆီးချို အစပျိုးအဆင့်ဖြစ်သည်။
၆.၅ အထက်ရှိပါက ဆီးချိုရောဂါဟု သတ်မှတ်
သည်။ ဆီးချိုရောဂါ လက္ခဏာများမှာ-

၁။ လူနုံးခြင်း
၂။ ဆီးခဏခဏသွားခြင်း
၃။ ရေငတ်ခြင်း
၎။ အနာတစ်ခုဖြစ်လျှင် အနာမကျက်ခြင်း
၅။ မျက်လုံးများ ဝေ့ဝါးခြင်း
၆။ ခြေဖျား လက်ဖျားများထုံးကျင်ခြင်း
၇။ ကိုယ်အလေးချိန်ကျဆင်းခြင်း

ခန္ဓာကိုယ် ဝသောသူများလည်းသတိထားရပါ
သည်။ ယခုအချိန်ထိ ဆီးချိုရောဂါပျောက်သည့်
ဆေး မရှိသေးပါ။ ရောဂါမတိုးနိုင်အောင်သာ
ကုသသည့်ဆေးဝါးများသာရှိသည်။

ဆီးချိုရောဂါ မဖြစ်ပွားအောင် နေ့စဉ်စားသုံး
နေသည့် အစားအသောက်များမှ သကြားပါဝင်မှု
လျှော့ချစားသုံးရမည်။ နေ့စဉ်ပုံမှန် လေ့ကျင့်ခန်း
လုပ်ပြီး လှုပ်လှုပ်ရှားရှား နေထိုင်ရမည်။ ဆေးလိပ်
သောက်ခြင်းမပြုရန်နှင့် အဆီများလျှော့စားရမည်။
တစ်ပတ်ကို အနည်းဆုံး ၂နာရီခွဲလေ့ကျင့်ခန်း
ပြုလုပ်ပေးခြင်းဖြင့် အသံတိတ်လူသတ်သမား
ဆီးချိုရောဂါကို ကာကွယ်နိုင်ပေမည်။

53b5zcflfx.jpg

ကျွန်တော့်အမေသည် အသက်ကြီးမှ ဆီးချိုရောဂါ
ဖြစ်ပြီး ဆေးရုံ၊ ဆေးခန်းကြောက်ခြင်း၊ ဆေး
သောက်ကြောက်ခြင်းကြောင့် လေဖြတ်ဝေဒနာ
ခံစားရခြင်းဖြစ်သည်။ အချိန်လွန်မှ နောင်တ
မဖြစ်ကြစေရန် နှင့် ဗဟုသုတရကြပါစေရန်
ရေးသားလိုက်ရပါသည်။

@htwegyi
Photo @htwegyi
MSC.036

Sort:  

အဲတော့ ကိုဒေလည်း ဆီချိများ ဖြစ်နေဘီလား?
အခုကို steemit က post တေဖတ်ရင်း မျက်စီ ကဝေဝါး လာ

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62804.67
ETH 2444.00
USDT 1.00
SBD 2.71