အမှတ်တရ မန်းတက္ကသိုလ်ညများ

in #myanmar6 years ago (edited)

ငထွေး တက္ကသိုလ်တက်ခဲ့တာ မန္တလေး တက္ကသိုလ်
မှာဖြစ်ပါတယ်။ တိတိကျကျပြောရရင် ညနေသင်တန်း လုပ်သားတက္ကသိုလ်ပေါ့ဗျာ။
၁၀ တန်းအောင်ပြီးပြီးချင်း ငထွေး လုပ်ငန်းခွင်
သို့ တန်းပြီးဝင်ခဲ့ရပါတယ်။ ငထွေးတို့ မိသားစုက
ဝန်ထမ်းအိမ်ရာမှာနေပါတယ်။ လက်ရှိနေတဲ့
အိမ်က ငထွေးယောက်ဖ အလုပ်လုပ်လို့ နေရတာပါ။ ယောက်ဖက ယမကာလုလင် ဆိုတော့
အချိန်မရွေး အလုပ်ပြုတ်နိုင်တယ်။ ဒါကြောင့်
အိမ်ခန်းမဖယ်ရအောင် ၁၀ တန်းအောင်ပြီးပြီးချင်း
ဝန်ထမ်း ဘဝသို့  ငထွေးရောက်ရှိခဲ့ပါသည်။

မန္တလေးတက္ကသိုလ်မှာ ကျောင်းစတက်တဲ့နေ့က
ရင်ခုန်စိတ်လှုပ်ရှားပါဘိ။ ငထွေးနေတဲ့ ဘူတာကြီးကနေ မိန်းထဲရောက်ဖို့  မိနစ် ၂၀ ခန့် 
စက်ဘီးနင်းရပါတယ်။ စက်ဘီးဆိုလို့ ယိုးဒယား
ဘီးများစီးတယ်လို့ မထင်ပါနဲ့ တရုတ်ဘီးလေးနဲ့ 
ကျောင်းတက်တာပါ။ ငထွေးက ကိုယ်ကောင်
သေးသေးဆိုတော့ တရုတ်ဘီးနဲ့ အနေတော်ပါပဲ။ ယိုးဒယား ဘီးများက ခိုင်ခန့် တယ်ဆိုပေသိ
တရုတ် ဘီးနဲ့ စာလျှင် လေးတယ်ဗျ။

image

မန္တလေးညကျောင်းတက်ရောက်ဖို့  ဝန်ထမ်းဖြစ်
ကြောင်းထောက်ခံချက်နဲ့ လျှောက်လွှာတင်ရ
ပါတယ်။ ရုံးက အစ်မကြီးတစ်ဦးမှ AEn
လက်ထောက်အင်ဂျင်နီယာ ထံဝင်၍ ထောက်ခံချက်
ပြုလုပ်ပေးပါသည်။ ငထွေးက အလုပ်ဝင်ကာစ
ဆိုတော့ အရာရှိအခန်းအတွင်း မဝင်ရဲပါ။ ယခုအချိန်မှာတော့ အဆိုပါ အစ်မကြီးသည်
ပင်စင်ယူသွားပြီဖြစ်ပါသည်။

တရုတ်ဘီးလေးစီးပြီး မန္တလေးတက္ကသိုလ်မုခ်ဦး
ကိုမြင်ရပြီးဆိုလျှင်ပဲ အော် ငါတက်မယ့်
ကျောင်းကြီးပါလား စိတ်ကြီးဝင်သွားတာ။
ဆက်ပြီး ဘီးလေးကိုနင်းဝင်ရောက်တဲ့အခါမှာ
တော့ အိပ်မက်နဲ့ တင် ရင်ခုန်လွမ်းမော
စိတ်လှုပ်ရှားခဲ့ရပါသော မန္တလေး တက္ကသိုလ်ရဲ့ 
အဓိပတိ နေရာဖြစ်တဲ့ ပင်မဆောင်ကြီးကို မြင်တွေ့ ရပြီလေ။

နင်းဖြတ်ချင်သော လှေကားထစ်များ

ပွတ်သပ်ကိုင်တွယ်ချင်မိသော တိုင်လုံးကြီးများ

အိပ်မက်ထဲက ငထွေးရဲ့  မန္တလေးတက္ကသိုလ်ကြီး
ထံမှောက်သို့  ရောက်ရှိခဲ့ပါပေါ့။

ရောက်ရောက်ချင်း ကျောင်းသားရေးရာသွား
ငွေသွင်း အချိန်ဇယားကူး ပြီးမှ တက်ရမည့်
အခန်းလိုက်ရှာ ညနေကျောင်းဆိုတော့
ကိုယ်နဲ့ ကျောင်းနေဖက်ကရှားပါး။ တူတဲ့သူငယ်ချင်းတစ်ဦးတစ်လေများ
တွေ့ မလားလို့ ရှာ မတွေ့ ။
ည ဆိုတော့ လင်းတဲ့နေရာကလင်း မှောင်တဲ့နေရာက မှောင် အတွဲရှိတဲ့သူများဆို အဆင်ပြေချက် လို့  စိတ်များမဟုတ်တဲ့နေရာ
တန်းရောက်သွားတာ။

image

စာသင်မည့် အခန်းအချို့ သာမီးထွန်းထားပါသည်။
ကိုယ်သင်ရမည့် အခန်းရှေ့ မှာ ကျောင်းသားတွေ
စုစုနဲ့  ရင်ခုန်စရာ ပျော်စရာကောင်းတယ်ဗျ။
၆း၃၀ နာရီ မှာအတန်းထဲလူတွေအတော်များနေပြီ
ကျောင်းသား ကျောင်းသူစုစုပေါင်း ၅၀ ၆၀
လောက်ရှိပါတယ်။ ဆရာမ လား ဆရာလား သင်မည့်ဆရာကို ရင်ခုန်စွာမျှော်ရတာလဲ
တစ်မျိုးစိတ်လှုပ်ရှားတယ်ဗျို့။ လာပါပြီဗျ
ဆရာကြီးတစ်ဦး သူမရောက်ခင် ဖက်ကြမ်း
ဆေးလိပ် အနံ့က ဦးစွာရောက်ရှိခဲ့ပါသည်။

ရောက်ရှိလာသော ဆရာကြီးမှာ အရှေ့ တိုင်း
(ပါဠိဘာသာ)ဌာနမှ ပါမောက္ခဖြစ်ပါသည်။
အတန်းထဲမဝင်မှီ ရှေးဦးစွာ ဆေးလိပ်မီးကို
သတ်၍ ဝင်ရောက်ကာ ဆေးလိပ်ကို ပြတင်းပေါက်
ဘောင်မှာတင်လိုက်ပါသည်။ ဒီနေ့တော့ ကျောင်းစဖွင့်တဲ့နေ့ ဖြစ်သမို့ မိတ်ဆက်စကားလေးပြောပါမည်ဟု အစချီကာပြောပါလေသည်။

ခင်ဗျာတို့ စိတ်ထဲမှာ မျှော်လင့်နေတာက ပဝါနှစ်ဖက်ချ ကြွကြွရွရွ လှလှပပ ဝင်လာမဲ့
ဆရာမချောချောလှလှတစ်ဦး ကိုမျှော်နေကြမယ်
ထင်ပ။ ခုဝင်လာတာက ဆေးပေါ့လိပ်မီးခိုးငွေ့ ထောင်းထောင်းနဲ့ ပါမလာဆရာ ဟာတာတာ
ကြီးပါကွာလို့ မှတ်နေကြမယ်ထင်တယ်ဗျာ။
ပြုံးရယ်ကာ ဗဟုသုတဖြစ်ဖွယ်ရာများပြောဆို
သွားသည်မှာ အချိန်ကုန်မှန်းမသိ ကုန်ဆုံး
သွားပါသည်။ အတန်းမှ ထွက်ခါနီးတွင်

image

”ခင်များတို့ မျှော်နေတဲ့ ဆရာမ လှလှများ
လာပြီးသင်ပါလိမ့်မယ် ခုနေတော့ သူတို့ တစ်တွေ
နေ့ နဲ့  ညအတွက် အချိန်ဇယားညှိနေကြလို့ 
ပါဗျာ” ဟု ပြောဆိုကာထွက်ခွာသွားပါသည်။
နောင်တစ်ချိန်တွင် အဆိုပါ ဆရာကြီးသည်
ကျွန်တော်တို့ ညနေကျောင်းသားများအတွက်
အတွက် အသင်အပြ အပြောအဟော
ဗဟုသုတများစွာပေးအပ်သူ ကြီးတစ်ဦး
ဖြစ်ကြောင်းသိရပါတော့သည်။
အော်.. တက္ကသိုလ်ညများက
အမှတ်ရဖွယ်ကောင်းလေစွ...။
သတိရရင် ရမိတဲ့ အကြောင်းလေးများအား
ဆက်လက်ပြီးဖော်ပြပါအုံးမည်။

image
Author @htwegyi
Photo @htwegyi
MSC.036

Sort:  

ဒီ​ကောင်​က အလွမ်းဓာတ်​ခံကြီးပါတယ်​ဆို ကိုကြီးရယ်​ .. အရမ်းသတိရ​အောင်​ လုပ်​တယ်​ဗျာ .. လွမ်း​မောရပါတယ်​ဗျာ ..

အို..ကောင်လေး
တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ပါဗျာ

မန္တလေးတက္ကသိုလ်ကြီး တော်တော်လှတယ် 😃

သေချာတယ်နော် ကောင်မလေး

ဦးထွေးက ညကျောင်းမီတယ်ဆိုတော့ နည်းတဲ့သက်တန်းလား

ဟတ်တယ်မမစု ကျွန်တော်စတက်တဲ့နှစ်မှာပဲ
မန်းတ္ကသိုလ် နေ့ တက်သူများက
နောက်ဆုံးအကြိမ်ပဲ
ရတနာပုံကိုပြောင်းကြရတယ်
ညကျောင်းများနှင့် ဘွဲ့ လွန်တက်သူများသာကျန်တော့တာ

အာ့ဆို မိန်းရှေ့ လှေကားထစ် တေပေါ်မှာလည်း ထိုင်ထူးမှာပေါ့
ရာဇတ် ခမ်းမ မှာလည်း စာသင်ဖူးမှာပေါ့
ရေနီ မြောင်း ကအနံ့ ကိုလည်းရှုဖူးမှာပေါ့

အို ဘယ်လိုများရေးလိုက်ပါလိမ့် ဗျာ
မိန်းရှေ့ က ယူနီစန်လက်ဘက်ရည်ဆိုင်လေးတောင်
ခုနေ ပုံဆိမ့်လေးသွားမော့လိုက်ရ

တစ်ချိန်က လွမ်းမောဖွယ်ရာများပေါ့

ဟုတ်ပဗျာ

လွမ်းလွန်းရတဲ့တက္ကသိုလ်ကြီး။၁၃နှစ်တောင်ရှိခဲ့ပေါ့ကွီးထွေးရာ။

သတိရစရာများ ရှိခဲ့ထင်ပ

ဟုတ်ပ ဖဲတေပဲရိုက်တာ ညမြန်မြန်ရောက်ပါစေပဲဆုတောင်းနေတာ ကွီးထွေးရ

😁😁😁

တက္ကသိုလ်က ရင်ခုန်စရာလေးရောရေးပါအုံး လို့တောင်းဆိုပါတယ် 😁😁

ရင်တော့မခုန်ခဲ့ရပါဘူးအေ
ဖင်ကုန်းအောင် စက်ဘီးပဲနင်းခဲ့ရတာပါ 😁

😁😁😁😁

တက္ကသိုလ် အမှတ်တရလေးတေပေါ့

လူတိုင်းရှိခဲ့ကြမှာပါ

လွမ်း​မောဖွယ်​ တက္ကသိုလ်​ အမှတ်​တရ​လေး​တွေ

ဟုတ်တယ်ဆို

မြသန်းထွေး လို့ ကလောင်နံမည်ပြောင်းသင့်တယ်ဗျ။ မြသန်းတင့်က လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ လို့ရေးခဲ့တယ်လေ။

အဟီး စဉ်းစားနေတာ အထွေးရ
ပြောင်းမလားလို့  😁

ကိုထွေး ပြောတာ ထောက်ခံပါတယ် ကလောင်နာမည်ပြောင်းပေးလိုက်ရင် ok ပြီဗျာ

အို အားပေးချက်

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63696.24
ETH 2486.53
USDT 1.00
SBD 2.69