အမှန်တရားကို ရှာဖွေပါစေ လူငယ်တွေ

in #myanmar • 6 years ago

🎼လူငယ်ဟာ ...လူငယ် ဇွဲကောင်းကောင်း🎤
🎼ရှာဖွေပါစေကွယ်.,..🎤
🎼အမှန်တရားကို ရှာတဲ့အခါ 🎼
🎼ရဲရဲပဲ ရင်ဆိုင်ပါစေ....။

ငယ်ငယ်က ပလေးဘွိုင်း သန်းနိုင်
သီဆိုထားတဲ့သီချင်းလေးပါ။ လူငယ်လေး
တစ်ဦးဖြစ်သည့် ဂရေဟမ်ဘဲလ် ၏ ဇွဲ၊ စူးစမ်းမှု၊
ကြိုးပမ်းချက်များကြောင့် တယ်လီဖုန်း ဆိုသည့်
အရာလေးဖြင့် ဝေးကွာသည့်နေရာများမှ
သတင်းစကားများကြားနိုင်ခဲ့ကြသည်။
ယနေ့ခေတ်လူငယ် အချို့သည် အချိန်တွေကို
များသောအားဖြင့်ဂိမ်းဆော့ခြင်း၊ ရည်းစားဖြင့်
ဖုန်းပြောခြင်းတဆင့်တက်ကာ လောင်းကစား၊
မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် အချိန်ကုန်နေကြ
သည်။မူးယစ်ဆေးဝါး ဆိုသည်မှာလည်း
လူငယ်များကြားအလွယ်တကူ ဝယ်ယူရရှိ
စေခြင်းကလည်းလူငယ်များပျက်စီးဖို့
အဆင်းမှာ ဘီးတပ်ပေးထားသလိုဖြစ်နေသည်။

20180303_162036.jpg
photo @htwegyi

တလောကဆီက သတင်းကြားရသည်မှာ
စိတ်တုန်လှုပ်ဖွယ်ကောင်းသည်။ အမှန်သတင်းလား
မမှန်သတင်းလားမသိပါ။ အတော်တုန်လှုပ်ဖွယ်
ကောင်းလှသည်။ နာမည်ကြီးဘော်ဒါဆောင်
တစ်ခုတွင် မူးယစ်ဆေးပြားများဖြန့်ချီနေကြောင်း
ကြားရသည်။ ဘော်ဒါနေ ကျောင်းသားတစ်ဦးမှ
အခြားသူ့သူငယ်ချင်းများကို စာကျက်ကောင်း
ကြောင်း၊ အိပ်ချင်စိတ်မရှိကြောင်း၊ ဦးနှောက်
ကြည်လင်ကြောင်းပြောကာ ပထမဆေးပြားများကို
အလကားလိုက်ဝေပေးသည်။ နောက်ကျောင်းသားများ စွဲသွားသည့်အခါ မူးယစ်ဆေးပြားများကို
ရောင်းချလေသည်။ ဖော်ပြပါအကြောင်းအရာ
သည် ကောလဟလလား အမှန်လားမသိပါ
တဖြည်းဖြည်းဖြင့်သတင်းအေးသွားသည်။

လူငယ်သည် ရည်မှန်းချက်ရှိရသည်။ တွေးခေါ်
စဉ်းစားတတ်ရမည်။ ပညာကို ပြီးဆုံးအောင်
သင်ယူကြရပါမည်။ ပညာသင်ရင်း အချစ်မရှာ
သင့်ပါ။

20170213_123240.jpg
Photo @htwegyi

ပညာသင်နေတဲ့အခါမှာ အိမ်ထောင်ကျ မသွား
အောင် အချစ်ကိုအချိုသတ်ထားပါ။
#အောင်သင်း

အချစ်မှာ မျက်စိမရှိတာမှန်သည်
သို့သော် ဦးနှောက်မှာတော့ မျက်စိရှိရလိမ့်မည်။
#အောင်သင်း

အမေရိကန်၌ လူဖြူ လူမဲပြဿနာကို
မာတင်လူသာကင်း အသက်စွန့်ဖြေရှင်း
ပြီးနောက် သူ့ကြိုးပမ်းမှု၏ အသီးအပွင့်များကို
ကွန်ဒိုလီဇာရိုက်နှင့် ဘားရက်အိုဘားမားတို့
ခူးယူသုံးစွဲနိုင်ခဲ့ကြသည်။ အမေရိကန်၌
ထင်ရှားကျော်ကြားခဲ့သည်။

condi03.jpg
image source

ကွန်ဒိုလီဇာရိုက် ငယ်စဉ်ကသူ့အမေနှင့်
အတူသွားစဉ် ပန်းခြံတွင်ဆော့ချင်ကြောင်း
ပြောရာ ဆော့မရဘူး၊ ဟိုတယ်မှ ရေခဲမု့န်စားချင်
ကြောင်းပြောရာ စားမရကြောင်း၊ ဘတ်စ်ကားစီးရာ
တွင်လည်း ကားနောက်ပိုင်းတွင်သာ စီးရသည်။
သမီးတို့က ဘာဖြစ်လို့ မဆော့ရ၊ မစားရ၊
မစီးရတာလဲ အမေဟုမေးရာ ငါတို့က
အသားမဲ လူမဲတွေဖြစ်လို့ဟုဖြေသည်။
ဒါဆို သမီးက အဲ့လို စားလို့၊ စီးလို့၊ ဆော့လို့
ရအောင် ဘာလုပ်ရမလဲဟု သူမအမေ ကို
မေးခဲ့သည်။

ငါ့သမီး အဲ့နေရာတွေမှာ နေချင် ဆော့ချင် စားချင်ရင်
စာကြိုးစား၊ ကြိုးစားပြီး တတ်အောင်၊ သိအောင်၊
လိမ္မာအောင်လုပ်ရင် အိမ်ဖြူတော်ထိ ငါ့သမီး
ရောက်မည်ဟု သူ့အမေကပြောသည်။ သို့နှင့်
ကွန်ဒိုလီဇာရိုက် သည် ကြိုးစားခဲ့ရာ ၁၉ နှစ်မှာ
ဘွဲ့ရပြီး အသက် ၂၂ နှစ်မှာ ဒေါက်တာဘွဲ့
ရရှိခဲ့သည်။ ထိုအချိန်တွင် အမေရိကန် နှင့်
ရုရှဆက်ဆံရေးတွင် သူ့မအတွက် အချိန်မှန်၊
လူမှန်၊ နေရာမှန်ရောက်ရှိခဲ့သည်။ သူ့မ၏
ဥာဏ်ပညာဖြင့်ကြိုးပမ်းလုပ်ဆောင်ချက်အပေါ်
သမ္မတဘွတ်ရှ်မှ သဘောကျပြီး အိမ်ဖြူတော်သို့
ခေါ်ဆောင်ခဲ့သည်။ ထိုမှတဆင့် အမျိုးသား
လုံခြုံရေး စစ်ရေးအကြံပေးအဖြစ်လည်းကောင်း၊
နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်းကောင်း
သားဘွတ်ရှ် လက်ထက်အထိတာဝန်ယူ
ဆောင်ရွက်ခဲ့သည်။

သူမ၏ စိတ်ဓာတ်၊ ဇွဲ၊ လုံ့လများနှင့် ကြိုးပမ်း
စွမ်းဆောင်ချက်များသည် အတုယူဖွယ်
ကောင်းလှပေသည်။

FB_IMG_1531984081358.jpg
image source

လူငယ်များအနေဖြင့်
ဇွဲ၊ လုံ့လ၊ ဝီရိယ ဖြင့်
မိမိတို့ ပန်းတိုင်ကို
အရောက်လှမ်းနိုင်ကြပါစေ.....။

Author @htwegyi
MSC.036

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

👍👍👍

မူးယစ်ဆေးက လူငယ်တွေအတွက် တကယ့်ပြသနာပါ ခုခေတ်က ပိုဆိုးတယ်

တော်တော်ဆိုးတာ

ကွန်ဒိုလီဇာရိုက်အကြောင်းကိုခုမှပဲသိရတယ်

ကြိုးစားမှုက အတုယူစရာဗျာ

ကြောက်စရာပါ
အနာဂတ်လူငယ် တွေအတွက် ရင်လေးမိတယ်

ရင်တုန်စရာ စိတ်မချမ်းမြေ့စရာပါ

ကာတွန်းတော့ သဘောကျသွားပါပြီ

ဟုတ်တယ် သဘောကျလို့

အမှန်တရားကို ပိုမိုတွေ့ရှီစေရန် လူငယ်များစာဖတ် နှုန်း မြင့်မားလာစေချင်ပါသည်။

လူငယ်လေး တစ်ဦးပါ

တေလေ လေးလားဝိုင်းကဲ့ရဲ

လူကြီးတွေက ရင့်နေပြီ ပြောင်းလဲပေးမရတော့ဘူး

တင်ပါ့ဘုရား

ကာတွန်းလေးသဘောကျတယ် 😂

ကာတွန်းဆရာကတော်တာကိုဗျ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63964.02
ETH 2592.87
USDT 1.00
SBD 2.75