အိမ်သာ

in #myanmar6 years ago (edited)

အိမ်တိုင်းမှာ အိမ်သာမှာရှိပါသည်။ အိမ်သာအမျိုးမျိုးရှိပါသည်။
အိမ်ရှင်များ၏ ပိုင်ဆိုင်မှု များ အလျှောက် အိမ်သာ၏ပုံစံအပြင်အဆင်များ
ကွဲပြားသွားကြသည်။

”အိမ်သာမှ ဧည့်လာ”

အဆိုပါစကားသည် အိမ်သူ အိမ်သားများ
သာယာပျော်ရွှင်စီးပွားရေးကောင်းပါမှ
ဧည့်သည်လာခြင်းဖြစိသည်။ နောက်တစ်ခု
အဓိပ္ပာယ် က အိမ်သာကောင်းမှ ဧည့်သည်
စိတ်ချမ်းသာမည်။ အိမ်တစ်လုံးမှာ အိမ်သာ
အရေးပါ ပါသည်။ အိမ်သာအကြောင်း
စာရေးဆရာတစ်ဦးရေးထားသည်ကို သဘောကျမိပါသည်။ လူတို့သည် ကိုယ်ခန္ဓာ၊
အိမ်ဧည့်ခန်း များကိုသာလှပအောင်ပြုပြင် ကြသည်။ အိမ်သာကိုဖြစ်သလိုထားသည်။

image
Photo @htwegyi

အိမ်သာဆိုသည့်အတိုင်း တစ်အိမ်လုံးက
လူတွေကို သာသာယာယာ ပေးသည့်နေရာ
ဖြစ်ပါသည်။ ငထွေးတို့ ငယ်စဉ် ကလေးဘဝ
အိမ်သာတက်ရာတွင် ရထားလမ်းပေါ်တက်၍
ကိစ္စ ပြီးကြသည်။ ကလေးဘဝ အုပ်စုလိုက်
စကားပြောဆိုကာ သံလမ်းပေါ်ဆောင့်ကြောင့်
ထိုင် အီးပါကြသည်။ ထိုင်သည့် သံလမ်းက
ရှန်တိန်လမ်းမဟုတ်ပဲ မတ္တရာရထားလမ်းပေါ်
ပါကြခြင်းဖြစ်သည်။ မနက်စောစော ကျောင်းမသွားခင် သူငယ်ချင်းတစ်သိုက်
စကားတပြောပြောဖြင့် သံလမ်းပေါ် ငုတ်တုတ်လေးတွေ ပါနေတုန်းဗြုန်းဆို

”ဘုတ်” ”ဒုတ်” ”ချွမ်း” ခဲကျသံများနှင့်အတူ

”အားတိုင်းမွေးတွေ”
” လေတိုက်တိုင်းကြီးတဲ့ဟာတွေ”

”ဒီသံလမ်းပေါ် ချီးမပါ ပါနဲ့ ဆို
ပြောမရ ဆိုမရတဲ့ဟာတွေ”

ကလေးတစ်သိုက်မှာ တုန် ကနဲ့ ဖြစ်ကာ
ကျောင်းစိမ်းဘောင်ဘီတိုလေးများကို
အပေါ်သို့ ရောက်အောင်ပင်ဆွဲမတင်နိုင်ပဲ
ခြေသလုံးမှာ ကန့်လန့် ကန့်လန့် ဖြင့်
လိုင်းခန်းများရှိရာသို့ သုတ်ခြေတင် ပြေးကြလေသည်။ ငယ်ငယ်က
အိမ်သာမှာ မတက်ပဲ သံလမ်းပေါ်က
ရင်တုန် ရင်ခုန်စရာ အိမ်သာအဖြစ်
အပျက်လေးပါ။

image
image credit original source

ငထွေးတို့ အား ကျောက်ခဲဖြင့် ပစ်ပေါက်သူမှာ
အိုးဘိုဘူတာမှ မယ်ဇလီကြီးဖြစ်ပါသည်။
သူသည်မနက်တိုင်း ဘယ်အချိန်ကထ လမ်းလျှောက်လါသည်မသိပါ
မနက် ၇ နာရီခန့်ဆို ငထွေးတို့ လိုင်းခန်းများနှင့်
လမ်းဗိုလ်ကြီးရုံး သို့ ရောက်ရှိလာတတ်ပါသည်။
ငထွေးတို့ ကလေးများလည် သူနှင့်လွတ်အောင်
ပါကြသော်လည်း တစ်ခါတစ်ရံ သတိမေ့ပြီး
ယခုလို ကိစ္စ တန်းလန်းဖြင့် တွေ့ ကြုံတတ်ပါသည်။
ငထွေး လုပ်ငန်းခွင်ဝင်ရောက် ကြီးပြင်လာမှ
သံလမ်းပေါ်ကိစ္စပြုခဲ့သည်ကို ပြန်လည်သတိရ
အားနာမိပါသည်။

သံလမ်းလုပ်သားများသည် ရထားလမ်းပေါ်ရှိ
လမ်းခင်းကျောက် များကို ပေါက်ချွန်းဖြင့်
ထိုးဆွပြုပြင်သည့်အခါ အဆိုပါ အညစ်အကြေးများကိုထိတွေ့ ကြရပါသည်။
တစ်ဖန် အညစ်အကြေးများသည် နိုင်ငံခြား
မှ တန်ဖိုးကြီးပေးဝယ်ရသည့် ရထားသံလမ်း
များကိုလဲ ဆွေးမြေ့ပျက်စီးစေပါသည်။

ဝန်ထမ်း အိမ်များ၏ အိမ်သာများကို
သံလမ်းတစ်ဖက်တွင်ဆောက်လုပ်ထာသည်။
အိမ်သာတက်ပြီး ဒုတ်၊ စက္ကူ များသာသုံးကြသည်။
အိမ်သာနှင့်နီးသော ဝင်းထရံများ၊ ဝက်တဲများမှာ
အိမ်သာတက်ပြီး အသုံးပြုကြသဖြင့်
ထရံ တစ်ဝက်၊ အမိုးတစ်ဝက်သာ ကျန်ရှိပါတော့သည်။

တစ်လောက ဇလုံတောင်ဘုရားဖူးသွားမှာ
အင်းတော်သို့ ရထားစီးသွားသည်။
ရထားစက်ခေါင်းမှ စက်ဗိုလ်လား၊ မီးထိုးလား
မသိပါဘူး သူ့ခမျာ အိမ်သာတက်ချင်တော့
စက်ခေါင်းမှ တွဲဆီသို့ ရထားမောင်းနေစဉ်
ကူးလာပြီး အိမ်သာ လာတက်ရှာပါသည်။
မတော်တဆများပြုတ်ကျ ဒုက္ခဗျာ
ငထွေးက စက်ခေါင်းနောက်က တွဲမှာ
စီးလာတော့ သူ့အဖြစ်အပျက်ကို
အစအဆုံးမြင်တွေ့ ရခြင်းဖြစ်ပါသည်။

image
image credit original source

အရှေ့ ရပ်ကွက်မှ တူမနှင့် အမ တိုက်တန်း
ဈေးလာဝယ်ကြသည်။ ၅တန်းကျောင်းသူ
တူမက အိမ်သာတက်ချင်သည်ပြောသည်။
ရေချိုးခန်းနှင့် အိမ်သာတွဲထား၍ ချော်လဲမည် ဂရုစိုက်တက်ဟုပြောလိုက်သည်။ အိမ်သာ
တက်ပြီး ထွက်လာသည့် တူမမျက်နှာ
ငိုမဲ့မဲ့နှင့် ဘာဖြစ်လဲမေးရာ

”အထွေးတို့ အိမ်သာ မတက်တတ်ဘူး
သမီးအင်္ကျီရေတွေစိုကုန်ပြီ”

ဟေး ဖြစ်မှဖြစ်ရလေး သမီးရယ်
သူတို့ အိမ်က အိမ်သာက ဗိုလ်ထိုင်အိမ်သာ
ဖြစ်သည်။ သူ့ အစ်မဖြစ်သူက

”အံမယ် ကြီးကျယ်တာ ညီမလေးကျောင်းမှာ
ရော အိမ်သာဘယ်လိုတက်လဲ”မေးလိုက်သည်။

သူ့ အမကိုမျက်စောင်းထိုးတာ မြင်လိုက်ရသည်။
ဗိုလ်ထိုင်အိမ်သာက လေမဖြတ်စေရန်
တီထွင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း
စာစောင်တစ်ခုတွင် ဖတ်လိုက်ရပါသည်။
စာရှည်မည်ဆို၍ ဒီလောက်နှင့် အဆုံးသတ်ပါရစေဗျာ။
အော် အိမ်သာ အိမ်သာ
ပြောမဆုံးတော့ပါဘူးဗျာ။

Author @htwegyi

Sort:  

ဗိုလ်ထိုင်အိမ်သာကတော့ ညှစ်အားမရှိဘူးကွီးထွေး။ဆောင့်ကြောင့်ထိုင်တဲ့အိမ်သာလေးကတော့ ဒူးအားသုံးပြီးညှစ်လို့ကောင်းတယ်။ထရံနဲ့အိမ်သာမျိုးလေးပိုကြိုက်မိတယ်။လေလေးလဲဝင်တော့ချွေးမပျံတော့ဘူး ညှစ်လို့လဲကောင်းတယ်နော်ကွီးထွေး။

ဟားဟား ဇာကြီးရဲ့ အိမ်သာတက်ခြင်း
အနုပညာပေါ့ 😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဗိုလ်ထိုင်အိမ်သာတွေက ရေတအားကုန်တယ်

ဟုတ်တယ်ဗျို့ 

ဟုတ်တယ်အိမ်တစ်လုံးမှာ အိမ်သာအရေးကြီးဆုံးပဲ

သိတယ်ပေါ့

ကျွန်​​တော်​တို့ငယ်​ငယ်​တုန်းက​တော့ ထန်း​တောထဲသွားလိုက်​တယ်

ထန်းသီးကြွေကျရင် ဒုက္ခပဲ😁

လောကမှာ ဇိမ်အကျဆုံးက အိမ်သာတက်ရတဲ့အချိန်လို့လည်း ဆိုကြပြန်သကိုးဗျ။

မှန်လိုက်လေဗျာ

ရွာတော်ာတော်များများမှာတော့ အိမ်သာမရှိကြသေးဘူး၊ ခုနောက်ပိုင်း NGO အဖွဲ့ တွေက ငွေထုတ်ပေး၊ ပစ္စည်းထုတ်ပေးပြီးလုပ်ခိုင်းတာတောင်မှာ ဘုတလင်နဲ့ ကနီမြို့ နယ်အတွင်းကရွာတစ်ချို့မှာ တောထိုင်တဲ့ ဓလေ့တွေရှိကြတုန်းပဲ။

ဟုတ်တယ်ဗျာ အမေရွာ ဝါးတန်းမှာတောင်
အိမ်သာကို ဖြစ်သလိုဆောက်ထားတုန်း

အိမ်​သာ .. အိမ်​သာဆိုမှ Toilet ဆိုတဲ့ ကုလားကား​​​လေး သတိရမိသွားပြီ ကိုကြီး​ရေ .. အ​ရေးကြုံမှ အိမ်​သာတန်​ဖိုး သိကြတာ ..

အိမ်သာတန်ဖိုး အိမ်သာတက်ချင်မှသိမယ်ပေါ့

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63267.39
ETH 2572.65
USDT 1.00
SBD 2.80