အာဇာနည်များရဲ့ နေ့

in #myanmar6 years ago

ညမှောင်ရီချိန် ရပ်ကွက်ရုံးက ကားဖြင့်အော်လံတပ်
ပြီး ရပ်ကွက်အတွင်း လိုက်လံနိုးဆော်ပါသည်။

”ရပ်ကွက်အတွင်းရှိ ပြည်သူများခင်ဗျား
မနက်ဖန် မနက် ၁၀ နာရီချိန်တွင် အာဇာနည်
ခေါင်းဆောင်ကြီးများအား အောင်းမေ့ဖွယ်
ဂုဏ်ပြု အလေးပြုခြင်း အခမ်းအနားကို
ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ တက်ရောက်နိုင်ပါ
ရန် အသိပေးနိုးဆော်အပ်ပါသည်။”

20180719_102755.jpg

20180719_102725.jpg

၁၉ ရက်နေ့မနက် ၁၀နာရီ မှာ အာဇာနည်
ခေါင်းဆောင်ကြီးများကို အလေးပြုဖို့
စုရပ်ကိုထွက်ခဲ့သည်။ 2016 ခုနှစ်မှစ၍
အာဇာနည်ခေါင်းဆောင်ကြီးများကို
အလေးပြုခြင်း အစီစဉ်များကျင်းပလာကြသည်။
အာဇာနည်ဆိုတာ အဆိုတော် Rဇာနည် လောက်သာ
သိကြတော့သည့် လူငယ်များကို
အခုလို အခမ်းအနားများကျင်းပပေးခြင်းဖြင့်
သိရှိစေပါသည်။

ကျွန်တော်တို့ ငယ်စဉ်က အာဇာနည်ခေါင်းဆောင်
ကြီးများ၏ အမည်ကိုလူတိုင်းသိရှိကြသည်။
ယနေ့ခေတ် လူငယ်များတွင် သိရှိသူနည်းပါး
လှသည်။ အာဇာနည်စိတ်ဓာတ် လူငယ်တွေ
ကူးစက်စေရမည်ဖြစ်သော်လည်း သတိမရအောင်
မေ့အောင်ပြုထားခံရသည်။ အင်မတန်ဝမ်းနည်း
ဖွယ်ကောင်းလှပေသည်။

၁၀း၃၇ မိနစ် မီးသတ်ကားသံနှင်အပြိုင် ခေါင်းငုံ့
အလေးပြုရင်း နှမြောတသစိတ် လွမ်းစိတ်များက
ရင်မှအထက်သို့တိုးဝှေ့တက်လာသည်။
အာဇာနည်ခေါင်းဆောင်ကြီးများ
ကောင်းရာသုဂတိလားပါစေ.....။
အာဇာနည်နေ့ကိုတော့ ဘယ်မေ့လိုဖြစ်ပါမလဲဗျာ။

20180719_103219.jpg

20180719_103933.jpg

@htwegyi
Photo @htwegyi
19-7-2018

Sort:  

ဥသြသံကြားတော့ မျက်ရည်ကျချင်စိတ်ကို မနည်းထိန်းထားရတယ်။

ဟုတ်တယ် ခေါင်းငုံ့ထားလို့ မျက်ရည်မမြင်ကြတာ

နှစ်တိုင်း ဝမ်းနည်းကြေကွဲမျက်ရည်ကျရတဲ့ နေ့ပါ
အာဇာနည်ခေါင်းဆောင်ကြီးများ ကောင်းရာသုဂတိလားပါစေရှင်

ဟုတ်ပါတယ် ညိုညိုရေ

မနေ့က မန်းလေးမှာ ခေါင်နေတဲ့မိုးတောင် ၀မ်းနည်းပက်လက် ငိုကြွေးသလားအောင့်မေ့ရတယ်... မိုးတွေသည်းသွားသေးတယ်..။

မန္တလာသူများ အသားတော်ဖွေးလို့ ဝါဝါဖြူစင်။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63313.88
ETH 2629.50
USDT 1.00
SBD 2.76