 

in #myanmar6 years ago (edited)

ကျုပ်က ပညာတတ်မဟုတ်ဘူး။ ဘုန်းကြီးကျောင်းထွက် မီးရထားလမ်းပြင်သည့်ဌာနမှာ အလုပ်ဝင်
လုပ်တယ်။ ရထားလမ်းပြင်သည့်အလုပ် လုပ်ခဲ့တာ
အခုဆို ကျုပ် အသက် ၅၈နှစ်သို့ပင်ရောက်ရှိခဲ့ပြီ။
ကျုပ်မှာ မိသားစုက ၅ဦးရှိပြီး သားနှစ်ယောက် သမီးတစ်ယောက်ရှိတယ်။ သားနှစ်ကောင်က အသီးသီး
အိမ်ထောင်ကျသွားတယ်။ သမီးကလည်း ကလေး
နှစ်ယောက်နဲ့ ကျုပ်အိမ်မှာကပ်နေတယ်။

အိမ်ထောင်ကျသွားတဲ့ သားနှစ်ကောင်လည်း
ကျုပ်လို မီးရထားလမ်းပြင်တဲ့အလုပ်ဝင်လုပ်ကြ
တာပါပဲ။ အကြီးကောင်က မလိမ္မာဘူး။ အသောက်အစားဖက်တယ်။ ကလေးနှစ်ယောက်နဲ့ အဆင်မပြေရင် အဖေ အမေဆီလာလာတောင်းတယ်။
အငယ်ကောင်ကတော့ ကျုပ်လိုအသောက်အစား
မရှိဘူး ဒီကောင်လည် ကလေးနှစ်ကောင်နဲ့။
အငယ်ကောင်ကတော့ မိဘဆီအတောင်းအရမ်း
သိပ်မရှိလှဘူး။

FB_IMG_1535594176715.jpg

အငယ်ဆုံးမယောက်ျားက ပွဲစားယောင်ယောင်၊
တောင်လိုလို မြောက်လိုလိုနဲ့ အိမ်ကပ်တယ်လို့
မရှိပါဘူး။ မြေးတွေနဲ့ သမီးကတော့ ကျုပ်ပဲ ဒိုင်ခံ
ကျွေးနေရတာပါပဲ။ ကျွေးဆိုလို့ ကျုပ်လခက
တစ်လ ၁၇၂၀၀၀ကျပ်ရတယ်။ တစ်လတစ်လ
ဒီမြေးတွေ သားတွေသမီးတွေနဲ့ လာတောင်းတဲ့
သားရော အိမ်မှာကပ်နေသူသမီးရော ကျွေးရ
မွေးရတာလစာနဲ့မလောက်လို့ အကြွေးတင်သဗျို့။

ပင်စင်ယူပြီးရင် မြို့ မှာနေစရာက မရှိဘူးရယ်။
လင်မယားနှစ်ယောက် ကိုယ့်ဇာတိချက်ကြွေ
မွေးရပ်မြေလေးပဲသွားနေကြမယ်စိတ်ကူးမိတယ်။ သားသမီးများကတော့ သူတို့သဘောပေါ့လေ။
ပင်စင်ယူပြီးနေစရာဆိုလို ဟိုတစ်လောက
တန်ဘိုးနည်းအိမ်ရာတွေကို အစိုးရကရောင်းချ
ပေးတယ်။သူများယောင်တိုင် ကိုယ်တွေ
လိုက်ယောင်မိတာငါးပါးမှောက်တာပဲ။

FB_IMG_1535594058471.jpg

တိုက်ခန်းတစ်ခန်း သိန်းရာကျော်သွင်းရမှာမို့
မလျှောက်ဘူးလို့စိတ်ကူးတာပါ။ လောဘများက
တားမရတော့ သူများပြောတာ နားယောင်မိပေါ့။
ပြန်ရောင်းစား သိန်း၂၀ သိန်း၃၀မြတ်သတဲ့
သူများပြောသံ လေသံကြားမိတာနဲ့ တိုက်ခန်း
လျှောက်မိပါတယ်။ ကံကောင်းတာလား
ကံဆိုးတာလားမသိပါဘူးဗျာ။ တိုက်ခန်းမဲကြီးက
ဒိုင်းကနဲ့နေအောင် ကျုပ်ကပေါက်သတဲ့။
ငါးထပ်မြောက်တဲ့။ တိုက်ခန်းခငွေက ၁၆၅သိန်း
တဲ့လေ။ လေးကြိမ်အရစ်ကျပေးပြီးသွင်းရမတဲ့။
ပထမအရစ်က သိန်း၅၀ တဲ့။

မြတ်စွာဘုရားကယ်တော်မူပါ ပထမအရစ်
သိန်း၅၀ပေးသွင်းမှ စလစ်ဆိုလား ကလစ်ဆိုလား
အဲ့ဟာရမှာတဲ့။ အဲ့စလစ် ကလစ်ရမှ ဝယ်လက်က
ဝယ်တာတဲ့။အဲ့ဟာနဲ့မှ တိုက်ခန်းကိုအမြတ်နဲ့
ပြန်ရောင်းရမှာတဲ့ဗျို့။ ကိုယ်ကျိုးနည်း
ပါရောလားဗျာ။ တစ်လတစ်လ စားဖို့တောင်
မနည်းရုန်းနေရတာ။ ဘယ်မှာလည် သိန်း၅၀
အိမ်မက်ထဲတောင်မှ မမက်မိပါလားဗျာ။

FB_IMG_1535594164309.jpg

လူပြောသူပြောအရ ဘဏ်ကငွေချေးရင်ရသတဲ့။
သွားလိုက်ရတာ ဘဏ်နဲ့ တိုက်ခန်းဝယ်မည့်
သူများထံသို့ အခေါက်ပေါင်းမနည်း ဆိုင်ကယ်
ဆီကုန်ချက်။ သိန်း ၃၀၊ ၄၀ ပေးဝယ်မယ်
ပြောသူတွေကလည် ဘယ်ချောင်သွားအိပ်နေ
တယ်မသိ။ ကျုပ်မှာ တိုက်ခန်းမဲသာပေါက်တာ
မပျော်နိုင်ပါဘူး။တစ်ဖြည်းဖြည်း တိုက်ခန်းငွေ
သွင်းရမည့်အချိန်နီးလာတော့ ပိုက်ဆံကြိုထုတ်ပြီး
ပေးတဲ့ဝယ်သူလာပါစေဆိုပြီး ဆုတောင်းလိုက်ရ
တာအမော။ ငွေမသွင်းနိုင်ရင် တိုက်ခန်းကဆုံးရှုံး
ရမှာ ဒီလိုတော့လဲ လောဘကအဖြစ်မခံနိုင်။
ကျုပ်ဖြင့် တိုက်ခန်းမဲပေါက်တာကိုက ဒုက္ခနဲ့
လှလှတွေ့မိထင်ပ။ ဪ..လောဘ၊ လောဘ။

FB_IMG_1535594067393.jpg

20180522_205938.jpg

ငွေသွင်းဖို့ တစ်ပတ်အလိုမှာ ကျေးဇူးရှင်ပြောရမလား၊ ကယ်တင်ရှင်ပြောရမလား လူတစ်ယောက်
ကငွေ ခုနှစ်သိန်းအမြတ်ပေးပြီးဝယ်သွားတယ်။
အဲ့မှ ကျုပ်လည် ရင်ထဲကအလုံးကြီးကျသွားသလို
စိတ်မှာပေါ့သွားသဗျို့။ သွားခ လာခနဲ့ ဆိုင်ကယ်
ဓာတ်ဆီဖိုးလေးပြန်ရလို့တော်ပါသေး။
”တော်..တော်..နောက်များ
တန်ဘိုးနည်းရော
တန်ဘိုးသင့်ရော
တန်ဘိုးမျှရော
ဝေရာမနိ အဝေးကပင်ရှောင်ပါတော့မည်”
ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါရစေ...။

Author @htwegyi
Photo @chit htoo
MSC.036

Sort:  

ဒီလိုပါဘဲ။အစိုးရ လခစားဘဝတွေက ငယ်တုန်းစုနိင်ဆောင်နိင်မှ အသက်ကြီးလာရင် ဒုက္ခမရောက်နိင်မှာလေ

ဟုတ်တယ်ဗျာ

အသိတစ်ယောက်ကတော့ တိုက်ခန်းကို သူများလျှောက်တိုင်း လိုက်လျှောက်ပြီး မဲနှိုက်တော့မှ မပေါက်ပါစေနဲ့ဆုတောင်းရသတဲ့
အံ့သြဘ

တွေးတွေးပြီးကြောက်တတ်လိုက်ထာ 😁
သူများတွေ သိန်း၅၀ ရတယ်ဆိုလား😁

လမ်း​ကြောင်းနဲ့သွားရတာဥ​ထွေး

အော်...မသိရပါဘူးဗျာ

ဦးထွေးစာကြည့်ပြီးတိုက်ခန်းမလျှောက်တော့ဘူး

ကိုယ့်ကုသိုလ် နဲ့ သူများကုသိုလ် တူချင်မှ တူမှာပါ

ကြုံရပလေ ဘုံဘဝမှာလေ
လူ့သဘော မနောက ပြောရခက်လှ
လောကဓံ ရှစ်ပါး လူတိုင်းစုံအောင် မ ကြုံရပါတကား

ပေးကားပေး၏ မရပေါ့ဗျာ

ကြောက်​​တောင်​​ကြောက်​လာပီ ☺

မကြောက်ပါနဲ့ မိုးပေါ်ထောင်ဖောက်တာပါ😁

ဆီဖိုးက ဆိုင်ကယ်အတွက်ပဲ ကုန်တာ တော်သေးတာပေါ့

တခြားဆီဖိုးတွေရေးဖြစ်ဖူးလေ😁

ပင်စင်မယူခင်ထိတော့ ဝန်ထမ်းအိမ်ယာမှာ နေအူးမေ ဦးထွေးရေ..😁

တူတူပဲ ရသလောက်ကပ်နေရမှာပ😁

ပို့စ်လေးဖတ်ပြီး စိတ်ထဲမကောင်းလိုက်တာ ...။ဒီ တန်ဖိုးနည်းတွေ တန်ဖိုးသင့်တွေက အစိုးရ၀န်ထမ်းတွေအတွက် သက်သာရာရပါစေရယ်လို့ လုပ်ပေးတာလား နှစ်ရာရောက်နေလားတောင်မသိဘူးနော်...။ ကိုယ်ပိုင်အိမ်ကလေး အမြန်ဆုံးပိုင်ဆိုင်နိုင်ပါစေလို့ စိတ်နှစ်ပြီး ဆုတောင်းပေးလိုက်ပါတယ် အန်ကယ်ရေ...။

သူတို့အတွက်တော့ဆေး
ကိုယ်အတွက်တော့ ဘေး လို့ပ

ကြောက်သယ်

ငိ ညည်းက ဘာကြောက်တာလဲအေ

steemit မှာ အလှူခံထွက်ရမှာ ကိုထွေးကြီးရ ဟီး

လက်လွန်သွားပ
ကိုစိုးနဲ့ ခုမှအကြံပေးတာ

Coin Marketplace

STEEM 0.18
TRX 0.15
JST 0.029
BTC 63191.06
ETH 2551.41
USDT 1.00
SBD 2.65