ယဉ်ကျေးမှု့ကို ဘောင်ခတ်ခြင်း

in #myanmar7 years ago

အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။

၂၁ ရာစုကြီးကို ဖရန်စစ်ဖူကူးရားမား (Francis Fukuyama) က Clash of Civilizations တဲ့ ယဉ်ကျေးမှု့များ တွန်းတိုက်ကြတဲ့ ရာစုလို့ ဖွင့်ဆိုခဲ့တယ်။ ယဉ်ကျေးမှု့များ တွန်းတိုက်နေကြတဲ့ ခေတ်ကြီးထဲမှာ ဘယ်အရာတွေ သတိထားရမယ် ဆိုတာလေး ဝေမျှသွားပါမယ်။

ဒီနေ့မနက် သမီးကို ဘတ်စ်နဲ့ ကျောင်းလိုက်ပို့တော့ သူ့ရဲ့ m&m ချောကလက်ထုပ်ကို တစ်ခုံကျော်မှာရှိနေတဲ့ သူ့အမေကို လှမ်းပြီးပေးတယ်။ အလယ်ခုံမှ အသက်ကြီးတဲ့ အဘိုးကြီးတယောက် ထိုင်နေတယ်။ အဲဒါနဲ့ သူ့အမေက 'သမီး အဲဒီလို လူကြီးအပေါ် ကနေ ကျော်မပေးနဲ့လေ' လို့ လှမ်းပြော ပြီးတားလိုက်တယ်။ အဲဒါနဲ့ သမီးက ပြန်ထိုင်ပြီး ငိုင်သွားတယ်။ ကျွန်တော် ထင်တာ သူတခုခုကို စဉ်းစားနေတယ်လို့ ထင်တယ်။ ကျွန်တော်ထင်တယ် သူ စဉ်းစားနေတာ 'ငါ့ အမေက ဘာလို့ ငါ့ကို ဒီလိုပြောတာလဲ။' ဆိုတာ သူ သဘောပေါက်ပုံ မရဘူး။ ပြောရရင် ယဉ်ကျေးမှု့ဆိုတာ သူသဘော ပေါက်ပုံ မရဘူး။ သူ့ကို ကြည့်ပြီး ကျွန်တော် ဒီ ယဉ်ကျေးမှု့ အကြောင်းဝေမျှဖို့ ဖြစ်လာတယ်။

ကျွန်တော် စလုံးရောက်ပြီး ပထမကုမ္ပဏီမှာ အလုပ်စ ၀င်တော့ ကိုယ့်ရဲ့ အထက်အရာရှိ သူနဲ့ စကားပြောရင် လက်ကလေး ပိုက်ပြီး သေသေချာချာ ရိုရိုသေသေ စကားပြောပါတယ်။ သူတို့ကို ကြည့်တော့ ကိုယ့်ကို သိပ်မကြည် သလိုလိုဘဲ။ ဒီလိုနဲ့ နောင် ရင်းနှီးလာပြီး စကားပြောကြတဲ့အခါ ကိုယ်က သူတို့ကို ပွင့်ပွင့်လင်းလင်း မေးကြည့်တော့ သူတို့ စိတ်ထဲက အတိုင်း ပွင့်ပွင့်လင်းလင်း ပြောလာတယ်။ မင်းက ငါတို့ အရှေ့လက်ပိုက်ထားတော့ ငါတို့ကို challenge စိန်ခေါ်တဲ့ပုံ ပေါက်နေတယ်တဲ့။ ဒီကောင် အခုမှလည်း အလုပ်ဝင်လာသေးတယ်။ ပမာမခန့်ပုံပေါ့။ အဲဒီတော့မှ ကျွန်တော်လည်း ပြန်ရှင်းပြရတယ်။ မဟုတ်ဘူး။ ငါတို့ ယဉ်ကျေးမှု့က လက်ပိုက်တယ်ဆိုတာ ရိုသေ လေးစားတဲ့ ပုံစံ ကျောင်းမှာ ဆရာ ဆရာမတွေဆို လက်ပိုက်ပြီး နှုတ်ဆက်ကြတာလို့ စသဖြင့် ရှင်းပြလိုက်ရတယ်။ အဲဒီကစပြီး ကျွန်တော် လက်ပိုက်တဲ့ အကျင့် ဖျောက်ထားလိုက်ရတယ်။

lp.jpg

ကျွန်တော်တို့ မြန်မာပြည်မှာ တခုခုကို ညွှန်ပြစရာရှိတယ်ဆိုရင် လူကြီး၊ လူငယ် လက်ညှိုးလေးသုံးပြီး ဟိုဟာ၊ ဒီဟာ နဲ့ ညွှန်ပြတာ ဘာမှ ပြဿနာမဟုတ်ပါဘူး။ ဒီလိုဘဲ ညွှန်ပြနေကြတာဘဲ။ ဈေးသွားရင် ဟိုဟာ ၅ ကျပ်သားပေးပါ။ ဒီဟာက ဘယ်ဈေးလဲ စသဖြင့် လက်ညိုးလေး ထိုးထိုးပြီး မေးတတ်ကြတယ်။ ဒါပေမဲ့ သင်ဟာ မလေးလူမျိုးတွေနဲ့များ စကားပြော ဆက်ဆံရလို့ ညွှန်ပြစရာရှိတယ်ဆိုရင် လက်ညှိုးနဲ့ ညွှန်မပြပါနဲ့။ လက်ညိုးနဲ့ ညွှန်ပြတယ်ဆိုတာ သူတို့ ယဉ်ကျေးမှု့အရ အရမ်း ရိုင်းလွန်းတဲ့ အပြုအမူတဲ့။ ညွှန်ပြစရာရှိရင် လက်မနဲ့ ထိုးပြရတယ်။ တမျိုးကြီးနော် လက်ညိုးကြီးနဲ့ ညွှန်ပြရတယ် ဆိုတာ။ ဒါပေမဲ့ အဲဒါ သူတို့ ယဉ်ကျေးမှု့ပေါ့။

မြန်မာမှာ အသုံးအနှုံးတခုရှိတယ်။ မြန်မာ့ယဉ်ကျေးမှု့ ဘာသာ ထုံးတမ်း စဉ်လာ ဆိုတဲ့ စကားပေါ့။ ဒါပေမဲ့ ဒီယဉ်ကျေးမှု့တွေက ဘာသာရေးနဲ့ စပ်စပ်နေလားဆိုတော့ မဆိုင်ဘူး။ မဆက်ဘူးလို့ ကျွန်တော် ထင်တယ်။ ဥပမာ - ခင်ဗျားဟာ ဗုဒ္ဓဂါယာကို သွားမယ်ဆိုရင် ဗောဓိညောင်ပင်ရှေ့မှာ လှမ်းဒိုင်ဗင်ထိုး ပစ်ပြီး ဘုရားရှိခိုးတဲ့ တိဘတ် ဘုန်းတော်ကြီးတွေကို တွေ့ရလို၊ ခြေထောက်ကြီးကို ဘုရားဘက် ဆန့် လက်ကိုရှိခိုးပြီး ဘုရားကန်တော့နေတဲ့ သီရိလင်္က္ကာလား၊ ဘယ်ကလဲမသိဘူး ကုလာမကြီးကိုလည်း တွေ့ရလိမ့်မယ်။ မြန်မာတွေလို ခြေထောက်လေး သိမ်းပြီး ထိခြင်း ငါးဖြာနဲ့ ဘုရား ကန်တော့နေတဲ့ သူတွေလည်း တွေ့ရမှာဘဲ။ (ကျွန်တော်တော့ မရောက်ဘူးပါဘူး။ တချို့ ဗီဒီယိုတွေထဲမှာ တွေ့ဘူးတာပါ။) အဲဒီလို မိမိတို့ ယဉ်ကျေးမှု့နဲ့ အညီ ဘုရားရှိခိုးနေတဲ့ ဟာကို ' ဟို ကုလားမကြီး ဘုရားဘက် ခင်ဗျား ခြေထောက်ကြီးဆင်းပြီး နေရသလား။ မိုက်ရိုင်းတာဗျာ။' ဆိုပြီး မ.ဘ.သ သွားလုပ်လို့မရပါဘူး။ အဲဒါ သူ့ယဉ်ကျေးမှု့နဲ့ အညီ ဘုရားရှိခိုးနေတာ။ ဒီလောက်ဆို ဘာသာနဲ့ ယဉ်ကျေးမှု့ ကွဲသွားပြီလို့ မြင်မိကြမှာပါ။

east-vs-west-culture.jpg

အနောက်တိုင်း ယဉ်ကျေးမှု့ကျတော့ ယောကျားတွေဆို ဖိနပ်၊ မိန်းမဆို ဦးထုပ် စသဖြင့် တန်ဖိုးထားကြတယ်။ ဖိနပ်ဆို ပြောင်နေအောင် တိုက်ထားပြီး ပွဲတပ် တပ်ကြတယ်။ ခြေညှက်ဖိနပ် ဒါမှ မဟုတ် ခြေဗလာသွားတာဟာ ရိုင်းတယ်လို့ သတ်မှတ်တယ်။ တချို့နေ့ရာတွေ ပြတိုက်တွေ၊ ခန်းမတွေ၊ စားသောက်ဆိုင်တွေမှာ ညှက်ဖိနပ်နဲ့ ဆို အ၀င်မခံတာတွေကို ရှိတယ်။ အမျိုးသားတွေ ဘုရားကျောင်းတွေ သွားမယ်ဆို ဖိနပ်ကို သေချာတိုက်ပြီး စီးသွားတယ်။ အမျိုးသမီးတွေကျတော့ ခေါင်းဆောင်း၊ ဦးထုပ်ကို သေချာ ကျကျနန ဆောင်းပြီး ဘုရားရှိခိုးကျောင်း သွားကြတယ်။ မြန်မာယဉ်ကျေးမှု့အရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ ဘုရားတို့ဆို ဖိနပ် ချွတ်ဝင်ကြရတယ်။

အဲဒီမှာ ကျွန်တော် စဉ်းစားမိတာ တခုရှိတယ်။ အင်္ဂလိပ်ခေတ်ကပေါ့ ကြားတော့ ကြားဘူးကြမှာပါ 'ဖိနပ်ပြဿနာ အကြောင်း၊' အင်္ဂလိပ်တွေက သူတို့ကိုယ်တိုင် စော်ကားချင်စိတ်ရှိချင်မှ ရှိမယ်။ (ကျွန်တော် မရှိဘူးလို့ မပြောဘူး။) နောက် ယဉ်ကျေးမှု့ကို မသိလို့ ဖြစ်ချင်ဖြစ်မယ်။ ထပ်ပြီး စဉ်းစားကြည့်တာ သူတို့ ယဉ်ကျေးမှု့နဲ့ အညီ ပြုလုပ်မိတာ ဖြစ်ရင် ဖြစ်မယ်။ ဘုရားပေါ် ဖိနပ်နဲ့တတ်မိတယ်ပေါ့။ အဲ့ဒီမှာ နိုင်ငံရေးလုပ်ဖို့ အကွက်ချောင်းနေပြီး၊ နိုင်ငံရေး အကွက်ဝင်သွားလို့ ဒီဖိနပ်ပြဿနာဆို ဖြစ်လာတာလည်း ဖြစ်ချင်ဖြစ်မှာနော်။ ဘယ်လို ပြောမလဲ ဆိုတော့ သူတို့ အဖြစ်က ခရစ်ယာန် ဘုရားကျောင်းထဲ မြန်မာလူမျိုးတယောက် ဖိနပ်ချွတ်ပြီး ၀င်သွားတာမျိုးပေါ့။ အဲဒါမှားလား။ လုံးဝ မမှားပါဘူးနော်။ မိမိနားလည်တဲ့ မိမိယဉ်ကျေးမှု့နဲ့ အညီ ပြုလုပ်မိသွား တာလား။ အင်္ဂလိပ်ဘက်က ရှေ့နေလိုက်ပေးတာတော့ မဟုတ်ပါဘူး။ သိပ်ပြီး ပွင့်ပွင့်လင်းလင်း မရေးရဲဘူး။ နားလည် လိုက်ကြတော့ဗျာ။

HT_barack_obama_burma_blur_jt_150125_4x3_992.jpg

ပြောချင်တာကာ ဒီမှာ ယဉ်ကျေးမှု့တွေ ထိပ်တိုက် တွေ့ကုန်ကြပြီ။ တိုက်မိ ကုန်ကြပြီ။ ဟိုတလောက သတင်းတခု ဖတ်ရတယ် တရုပ်အစိုးရက သူ့နိုင်ငံသားတွေ တခြားအရပ်ဒေသကို ခရီးသွားရင် စကားအကျယ်ကြီးမပြောနဲ့တို့၊ ကိုယ်အမူအရာ ထိန်းသိမ်းတို့ စသဖြင့် သတိပေး ထုတ်ပြန်ချက်တွေ လုပ်လာရတယ်။ ဒီလိုမှမလုပ်ရင် သူတို့ နိုင်ငံသားတွေ ယဉ်ကျေးမှု့မရှိဘူးလား။ တပါးနိုင်ငံသူ နိုင်ငံသားတွေရဲ့ ယဉ်ကျေးမှု့ကို မသိရကောင်းလား အပြောခံရမယ်။ ဟိုတခါက မန္တလေးမှာ ဖြစ်သွားတဲ့ ဓမ္မာရုံ အသံချဲ့စက် ပြဿနာမှာလည်း ဒါကြောင့်လည်း ပါချင် ပါနေမှာနော်။ ဒါပေမဲ့ မပြောရဲပါဘူး။ ကိုယ်က နားလည်ကြည့် ပေးတာပါ။ အခုဆို နိုင်ငံတနိုင်ငံသွားရင် အလုပ်ဘဲဖြစ်ဖြစ်၊ အလည်ဘဲသွားသွား အဲဒီနိုင်ငံရဲ့ ယဉ်ကျေးမှု့၊ ဆောင်ရန် ရှောင်ရန်တွေ သတိပေးချက်တွေကို ဂရုတစိုက် လေ့လာထားသင့်တယ်။ online ပေါ်ကနေ အလွယ်တကူ ရှာလို့ရနေပါပြီ။

မိမိ ကိုယ်ပိုင် အမျိုးသား ယဉ်ကျေးမှု့ဆိုတာ ထိန်းသိမ်းသင့်တယ်။ ထိန်းသိမ်းရမဲ့ တာဝန်လည်း ရှိတယ်။ Myanmar Steemit ထဲမှာ ဆရာ/ ဆရာမတွေ၊ မိဘတွေ၊ တူ/တူမတွေ စတဲ့ ကလေးတွေနဲ့ ဆက်ဆံနေရတဲ့ သူတတွေ ရှိပါလိမ့်မယ်။ အဲ့တော့ မိမိကလေးကို မိမိရဲ့ အမျိုးသား ကိုယ်ပိုင် ယဉ်ကျေးမှု့တွေ သင်ပေးကြရင် ဒီယဉ်ကျေးမှု့တွေဟာ အကန့် အသတ် ဘောင်ရှိတယ်။ နေရာတိုင်း သုံးစွဲလို့မရဘူး ဆိုတဲ့ အကြောင်း သင်ပြသင့်တယ်။ ဥပမာ ကလေးတွေကို နှုတ်ဆက်ဖို့ လက်ပိုက်ခိုင်းတယ်ဆိုရင် ဒါဟာ မိမိတို့ မြန်မာ့ယဉ်ကျေးမှု့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း သုံးဖို့သာ သင့်တော်ကြောင်း စသဖြင့် သူတို့ နားလည်အောင် ယဉ်ကျေးမှု့ဆိုတာ ဘောင် ရှိတယ် ဆိုတဲ့အကြောင်း တခါတည်း သင်ပြ သင့်ပါတယ်။ ဒါမှ သူတို့ ကျွန်တော်လို အဖြစ်မခံ ရတော့မှာပါ။

  • Photo from Google

'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'

ကျေးဇူးတင်စွာဖြင့် -

@HtunMinZaw (MSC 087)

Sort:  

အဲ့တော့လဲ ဟုတ်တယ်ဗျာ ရွှာတစ်ရွှာ သွားလည်ဖူးတယ် ထမင်းဖတ်ကျွှေးတယ် ရွှာသားတွေလဲပါတယ် အဲ့ဒီရွှာက သူငဟ်ချင်းနဲ့ဘဲ ထမင်းစားရင်း သူ့လက်ရာကလည်း ကောင်းတယ် ဒါနဲ့ အမလက်ရာအရမ်းကောင်းတယ်ဆိုတော့ အဲ့ဒီရွှာသားက အားနာစရာကြီး ဘယ်လိုပြောလိုက်တာလဲတဲ့ ဟိုအမမကြားအောင်ပြောတယ် ဟိုအမကြီးက ငါဒီရွှာရောက်ကထည်းက အဲ့ဒီအသံမျိုးကြားချင်နေတာ ဒီကလူတွေက ငါချက်တာမကြိုက်ကြလို့ထင်တယ် တစ်ခါမှ ကောင်းတယ်မပြောကြဘူးတဲ့

Good
Thank for post

လူမျိုးတစ်မျိုးရဲ့ယဉ်ကျေးမှုဟာ တစ်ခြားလူမျိုးတစ်မျီုး အတွက် ရိုင်းစိုင်းတဲ့ အပြုအမူဖြစ်နေတတ်တယ်ဆိုတာက အမှန်ဘဲဗျ

Nice post

ဟုတ်ပါ့
တစ်ချိုး ထုံးတမ်းစဉ်လာတေက
ဆန့်ကျင်ဘက်တေဗျ

Good post that you always produce. Thanks for sharing.

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 63091.92
ETH 2469.23
USDT 1.00
SBD 2.67