TGIF ကျေးဇူးတင်စရာ နေ့ သောကြာ။

in #myanmar6 years ago (edited)

အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။

TGIF တဲ့ Thanks GOD. It's Friday! ကျေးဇူးတင်စရာ နေ့ သောကြာ။

မြန်မာလိုဆို က.ဇ.န.သ တွေ ဘာတွေ ပြောရမလား မသိဘူး။ ထားလိုက်ပါတော့။ ဒီနေ့က သောကြာနေ့။ ဟိုလွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က ဖုန်းထဲကို ဒီနေ့လိုနေမျိုးမှာ TGIF ဆို ပြီး message ၀င်လာတယ်။ ကိုယ်တွေက ဒါတွေ သိပ်မသိဘူး။ ဘာလဲဟ TGIF ။ နောက် google အားကိုး ရှာကြည့်တော့မှ Thanks GOD It's Friday! ဆိုတာကို သိတာ။

thank-god-its-friday-quote-3.jpg

ငယ်ငယ်က ဆို သောကြာနေ့ ပျော်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နောက် ၂ ရက်ဆို ကျောင်းပိတ်ပြီလေ။ အခုရော် တူတူပါဘဲ နောက် ၂ ရက်က အလုပ်ပိတ်လို့။ ဘယ်လိုပြောမလဲ။ သူတို့တိုင်းပြည်မှာ မြန်မာနိုင်ငံလို မီးလာရင် 'ဟေး မီးလာပြီဟေး' လို့ ခဏခဏ အော်ပြီး မပျော်ရလို့ ဒီလို သောကြာနေ့ကျမှ 'ဟေး သောကြာရောက်ပြီလို့' အော်ကြရတာ များလားနော်။

ဟိုတလောဆီက ရုံးက ကျွန်တော်နဲ့ ခင်နေတဲ့ အိန္ဒိယကုလားတယောက်က တနင်္လာနေ့ မနက် ကျွန်တော့ဆီ မက်ဆေ့လှမ်းပို့တယ်။ 'weekend ကလည်း ပြီးသွားတာ မြန်လိုက်တာ။ တရုပ်လုပ်တာ ကြနေတာဘဲ။' လို့ လှမ်းပို့တယ်။ ကျွန်တော်က ပြန်ပို့လိုက်ပါတယ် 'ဟုတ်တယ်။ သောကြာကြတော့ ကုလားကား ရိုက်တာ ကြနေတာဘဲ။ ရောက်ဖို့ကြာတာလို့။ လမ်းမှာ ကပြီး သီချင်းက ဆိုနေလိုက်သေးတယ်။' လို့။ ဟုတ်တယ် တပတ် တပတ် စနေ၊ တနင်္ဂနွေရောက်ဖို့ကြာလိုက်တာ။ ရောက်တော့လည်း ခဏလေးနဲ့ ပြီး သွားတာ။

ငယ်ငယ်ကျောင်းသား ဘ၀က ဒါမျိုးနေ့ဆို ပျော်ပေမဲ့ လန့်တာ တခုရှိတယ်။ အဲဒါက ကျောင်းက ဆရာ ဆရာမတွေ ၂ ရက် ပိတ်တယ် ဆိုပြီး အမြင်ကက်အောင် ဟို ဘာသာကလည်း အိမ်စာပေး၊ ဒီ ဘာသာကလည်း အိမ်စာပေးနဲ့။ စနေ့ တနင်္ဂနွေဆို လွတ်လွတ်လပ်လပ် မပြောရဘူး။ ဒီ Myanmar Steemit ထဲက ဆရာ / ဆရာမတွေကို ဒီကနေ သင်္ကြန်မိုးထဲက ခင်သန်းနုလေ သံနဲ့ ပြောလိုက်မယ် 'ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါနော်.. '။ ကလေးဘ၀က ဒါမျိုးခံစားချက် ရှိသလို လူကြီးဖြစ်လာတော့လဲ လန့်တာရှိတယ်။ ဟိုး ... ပထမအလုပ်စ လုပ်တုန်းက ဖြစ်ဘူးတယ်။ အဲဒီတုန်းက ၂၄/၇ support လေ။ ဖုန်းတလုံးပေးထားပြီး ကိစ္စပေါ်ရင် လှမ်း ခေါ်ပြီး support လုပ်ရတော့ စနေ၊ တနင်္ဂနွေနေ့များ တခုတခု ဖြစ်လို့ ဘယ်အချိန် လှမ်းခေါ်မလဲ စိုးရိမ်နေရတာ။ လွတ်လွတ်လပ်လပ်ကို မနေရဘူး။ လန့်နေရတယ်။

wa6_tgif_thank_god_its_.jpg

ဒါမျိုးသောကြာနေ့ဆို အမြင်ကပ်စရာတခုက ရှိသေးတယ်။ ရုံးမှာ ပုံမှန်ရက်ဆို fromal ၀တ်ကြတာများတယ်။ ဒါပေမဲ့ သောကြာဆို ကြိုက်သလို ၀တ်လို့ရတယ်။ တချို့ အသက်ကြီးတဲ့ ယောကျားကြီးတွေ ဂျင်းဘောင်းဘီဝတ်၊ ဗိုက်ကြီးကရှေ့ထွက် တီရှပ် အရောင်တောက်တောက်နဲ့ တမျိုးကြီးဘဲ ကြည့်ရတာ။ ယောက်ျားခြင်း စိတ်ဝင်စားလို့ မဟုတ်ပါဘူး မျက်စိထဲ နည်းနည်း ခရော့် ဖြစ်နေလို့ပါ။ အင်း မိန်းကလေးတွေကလား? သူတို့ဟာ သူတို့ တိုတို ပျက်ပျက် ကျပ်ကျပ် ကိုယ့်မျက်စိထဲမှာတော့ ကြည့်လို့ကိုကောင်း နေတာဗျာ။ အလုပ်မှာ အများအားဖြင့် ဒီနေ့လို နေ့ဆို နေ့လည်စာကို ရုံးနဲ့ နည်းနည်းဝေးတဲ့ ပုံမှန်မဟုတ်ဘဲ စားလို့ကောင်းတဲ့ဆိုင်ကို သွားစားတတ်ကြတယ်။ ဆိုင်တွေက ဒီနေ့လိုနေ့ဆို ဘာပရိုမိုးရှင်း ညာပရိုမိုးရှင်းလုပ်ပြီး ရောင်းနေကြတာပါ။ အထူးသဖြင့် ဘီယာပေါ့။ လူညီတယ်ဆိုရင် ကိုယ့်အဖွဲ့နဲ့ ကိုယ်ဆို ကစ်သွားတာဘဲ။ အလုပ်လုပ်လို့ကောင်းအောင်လို့ပါ။ နို့မို့ ဆို အလုပ်လုပ်ရတာ mood မ၀င်တော့ဘူး။ ရုံးရောက် ခဏလေး အလုပ်လုပ်ပြီးရင် အလျှို အလျှိုနဲ့ ပျောက်ကုန်ကြတာပါဘဲ။

ကိုယ့်အဖို့တော့ သောကြာဆိုတာ ညဗီဒီယို အလင်းပေါက် ကြည့်တဲ့နေ့ထက် မပိုပါဘူးဗျာ။ ည သမီးအိပ်သွားပြီ၊ ဆိုရင် ဖုန်းကိုယူ ကြည့်ချင်တဲ့ ဇာတ်ကား ဗီဒီယိုကို မနက် ၂ နာရီ ၃ နာရီထိ ကြည့်မယ်ပေါ့ဗျာ။ မနက်ကျရင် တိုရှည်ကြိုက်တဲ့ သမီးက တိုရှည်စားမယ်ဆိုပြီး မနက် ၇နာရီလောက် လာနိုးရင်တော့ မထချင်လဲ ထရမှာပေါ့။ ညက ဇာတ်ကားကြည့်ပြီး နေ့လည်အိပ်ရလိမ့်မယ် မထင်နဲ့။ အဖေအမေ အိပ်မှာနေတဲ့ ရက်ဆို နေ့လည်နေ့ခင်း ခါတိုင်းလို့ မအိပ်တော့ဘူး။ တနေကုန်ဆော့တော့တာဘဲ။ တနင်္ဂနွေနေ့ကျတော့လည်း ဟိုသွား ဒီသွားနဲ့ မအိပ်ရပါဘူး။ ဒီလို အိပ်ရေးမ၀တာကနေ တနင်္လာနေ့ဆို လူက ငူတူတူကို ဖြစ်နေတာဘဲ။ အိပ်ရေးက မ၀ အလုပ်က သွားရနဲ့။ စနေ တနင်္ဂနွေ ၂ရက် က ကိုယ်တွေ အတွက် မလောက်ပါဘူးဗျာ။ ဟိုး လူပျိုတုန်းကဆို စနေတနင်္ဂနွေနေ့ဆို မနက် ၁၁၊ ၁၂ လောက် နေဖင်ထိုးမှ ထ၊ breaklunch စားပြီး နေလို့ရတဲ့ ဘ၀ကို လွမ်းမိတယ်။ ဒါပေမဲ့လည်း ကိုယ်ရွေးချယ်ခဲ့တဲ့ မိသားစုဘ၀ဘဲလေ။ နေတတ်နေပါပြီ။ အိပ်ရေးမ၀ရင် နောက်ကြားရက်တွေထဲ ပြန်အိပ်ပေါ့ ဒီလိုနဲ့ လည်နေတဲ့ ရက်သတ္တပါတ်တွေ များခဲ့ပါပြီလေ။

happy-family-time_1456-243.jpg

ဒါတွေကို မိသားစုဘ၀ကို ပိုင်ဆိုင်ထားတဲ့ လူတွေဘဲ ပိုပြီး နားလည်ပေးနိုင်ကြမှာပါ။ လူငယ်တွေနဲ့တော့ ဘယ်တူတော့ပါ့မလဲ။ ကိုယ်ရွေးချယ်တဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်ရပြီဆိုတော့ လက်လွတ်ရတဲ့ လူပျို လူလွတ်ဘ၀ကို မတမ်းတတော့ပါဘူး။ တကယ်တော့ တမ်းတချိန်ကို မရတော့တာပါ။ ကိုယ်ရဲ့အချိန်တွေကို ကိုယ်က မပိုင်ဆိုင်နိုင်တော့ဘူးလေ။၊ ကိုယ်အချိန်တွေဟာ သူတို့အတွက်ဘဲ ဖြစ်လာပြီကိုး။ အဲတော့ ဒီအလုပ် အားလက်ရက်တွေဟာ သူတို့အတွက် ဖြစ်လာတော့။ သောကြာနေ့ဆိုတာလဲ ကိုယ်နဲ့ မဆိုင်သလို၊ ကိုယ်အနေနဲ့ သိပ်ပြီး ခံစားလို့မရပေမဲ့လည်း ဒီတပတ် သောကြာအတွက်က ကျေးဇူးတင်ရမှာပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ သူငယ်ချင်းတွေနဲ့ ည ဘီယာသောက်ဖို့ မိန်းမဆီက ပါမစ်ရလာလို့ဘဲ။

Thanks GOD. It's Friday!

Photo from Google

'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'

ကျေးဇူးတင်စွာဖြင့် -

@HtunMinZaw (MSC 087)

Sort:  

သဘာဝဓမ္မ သည် လူတိုင်းအတွက် အချိန် ၂၄ နာရီပေးထားပါသည်။ ထိုအချိန်ကို အသုံးချ၍ အောင်မြင်သူများရှိသကဲ့သို့ ကျရှုံးနေသူများလည်းရှိပါသည်။ အဘယ်ကြောင့်နည်းမေးရန်ရှိပါသည်။ ထိုရရှိသောအချိန်(၂၄)နာရီကို သင်အဘယ်ကဲ့သို့အသုံးချမည်နည်း။ Work Time, Rest Time, Free Time ဒီ(၃)မျိုးမှာ ဘဝအောင်မြင်ရေးအတွက် Free Time သာလျှင် ရှိပါသည်။ ထိုအချိန်ကိုသင်ဘယ်လိုအသုံးချမည်နည်း။ ထိုအချိန်ကို မိမိပျော်ရွှင်မှုအတွက်သာ သုံးမည်ဆိုပါက နောင်တစ်ချိန် မိမိဖြစ်ချင်သလို ဖြစ်မလာဘဲ သူပေးသည့်အတိုင်းသာလက်ခံရပေတော့မည်။ ထိုကဲ့သို့အမြင်ရှိသောကလေးများကိုလွတ်လပ်ခွင့်ပေးလိုက်ခြင်းဖြင့် သူတို့လမ်းကိုခရီးရောက်အောင်သွားနိုင်သော်လည်း နားမလည်သောကေးများကို ထိုအချိန်ကိုသုံး၍ နားစေရန်ပြုမည်လား၊ သူတို့ဟာသူတို့လွတ်လွတ်လပ်လပ်သွားချင်ရာသွားပါစေ ချောက်ထဲပြုတ်ကျသေအေးတာပဲ ဟုလက်ပိုက်ကြည့်နေမှာလား သင်ကိုယ်တိုင်သာဆုံးဖြတ်ပေတော့။

good writing

Nice post!

သူတို့ ကျ တစ်မျိုးလေး ကျွှန်တော်ကျ အိုချင်လိုက်တာ

အားလုံးအတွက်မဟုတ်ပေမယ့် သူတို့အားလုံးအတွက်ပါပဲ

အနားရလို့ကျေးဇူးတင်တာပေါ့နော် ။ ၇ ရက်လုံးအားနေတော့ ဘယ်လို ကျေးရမလဲ

အိပ်ရေးပျက်ပေမဲ့
အိပ်ရေးတော့မဝဘူးပေါ့
အိပ်ရေးမဝပေမယ့်လည်း
အိပ်ချင်တာပေါ့
အိပ်ချင်ပေမယ့်လည်း
မအိပ်ရဘူးပေါ့
မအိပ်ရပေမယ့်လည်း
ပျော်ရွှင်ရမှာပါ။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63701.36
ETH 3076.90
USDT 1.00
SBD 3.81