ကျွန်တော်နဲ့ Sharella

in #myanmar7 years ago (edited)

အားလုံးသော Myanmar Steemit Community Member အပေါင်း မင်္ဂလာပါ။

ကျွန်တော်က မန္တလေးသား။ မန္တလေးသား မိုးနည်းတဲ့ အရပ်ကလာတော့ မိုးရာသီဆို ဘယ်သွားသွား ထီးသယ်ရတဲ့ အလုပ်ကို လုံးဝ မလုပ်ချင်ဘူး။ မန္တလေးအခေါ် ပြ၀က်လောက်ဆို ပြေး သွားပစ်တာဘဲ။ ငယ်ငယ် မိုးရာသီ ကျောင်းတွေ ဘာတွေသွားရင် ထီးတွေ မိုးကာတွေ အိမ်ကထည့်ပေးလို့ ယူသွားရရင် အပိုအလုပ်တွေ ဒီကျောင်းလွယ်အိပ်က လေးတာမျိုး၊ တမင်းဂျိုင့်က တဘက်၊ ကျွတ်ကျွတ်အိပ်နဲ့ထည့်ထားတဲ့ မိုးကာတဘက်နဲ့ ဒါသက်သက်အလေးခံရတာ လို့မြင်တာဘဲ။ အခုချိန်ထိ မသယ်ဘူး။ မိုးများတဲ့ ရန်ကုန် ရောက်တော့ မသယ်နေလေ။ ငုတ်တုတ်မေ့သွားမယ် ပေါ့။ အတော့လဲ no choice ဖြစ်တော့ မသယ်ချင်လည်း သယ်ရတော့တာဘဲ။

စင်္ကာပူမှာကတော့ မိုးကရွာတယ်။ ဒါပေမဲ့ သွားချင်တဲ့နေရာ တိုက်အောက်တွေကနေ့မိုးခိုသွားလို့ရတယ်။ နေရာ အတော်များများမှာ လူသွားစင်္ကြာတွေ အောက်ကနေ မိုးခိုသွားလို့ရတယ်။ နေရာ အနှံတော့ သွားလို့ရတာတော့ မဟုတ်သေးဘူး။ အချို့နေရာ တွေမှာ မရှိသေးဘူး။ ဒါပေမဲ့ စီမံချက်နဲ့ လုပ်နေတာတွေတော့ တွေ့တယ်။ ဥပမာ ဘူတာကနေ ဘယ်နှစ် ကီလို မီတာအတွင်း ခေါင်မိုးပါတဲ့ လူသွားစင်္ကြာတွေ လုပ်သွားဖို့ စီမံချက်တွေပေါ့။ အဲလို နည်းနည်းအဆင်ပြေတော့ ကိုယ်တွေ မန္တလေးသား ထီးမယူတော့ဘူးပေါ့။ တော်ယုံအကွာအဝေးလောက် ပြေးသွားတာဘဲ။ ဆင်ခြေလေးက ရှိသေးတယ် 'မသေချာတဲ့ အနာဂတ်ကို ဘာလို့ တွေးပူနေမှာလဲ' ဆိုပြီး တကယ်တော့ ပျင်းတာ ဝိရိယမရှိတာပါဘဲ။

sharlla.jpg

အဲလိုကြောင့်တခါက ရုံးမှာ အစည်းအဝေးကရှိတယ်။ ကိုယ်က နဂိုကတည်းက နောက်ကျနေပြီ။ သုတ်သုတ် သုတ်သုတ်နဲ့သွားတာ။ ဘူတာကထွက် မိုးတွေက ရွာနေ ဟိုဘက်လမ်းကို မီးပွိုင့်လေးဖျက်ပြီး နည်းနည်းလောက် လမ်းလျှောက်လိုက်ရင် ရုံးရောက်ပြီ။ ဒါပေမဲ့ မီးပွိုင့် လမ်းဆုံလမ်းကူး ဘယ်အမိုးမှမရှိဘူး။ အချိန်ကကပ်နေပြီ။ ပြေးသွားရင်လည်း မိုးအခြေအနေက ရွှဲမဲ့ပုံ၊ အခုဘဲ ထီးပြေးဝယ်ရမဲ့ပုံ၊ ထီးကောက်ဝယ်လို့ အဆင်ကလည်း မပြေ။ အဲ့ဒီအချိန် ဘူကာခြုံထားတဲ့ မလေးမတယောက် ကိုယ့်အခြေအနေသိလို့နေမယ်။ သူနဲ့ထီးအတူတူ ဆောင်းမလားမေးပြီး ရုံးဘက်ကို လိုက်ပို့တယ်။ သူကူညီတာကို တကယ် အရမ်းကို ကျေးဇူးတင်နေမိတယ်။

ဟိုတလောက facebook ပေါ်မှာ တတ်လာတာလေးတခု တွေ့လိုက်ရတယ်။ ရွှေတိဂုံဘုရားမှာ ဘုရားဖူးတွေ မိုးရွာရင် ဘုရားအတွင်း အဆင်ပြေ အလွယ်တကူ သွားနိုင်အောင် ရွှေတိဂုံဘုရားတံဆိပ်တွေ နံပါတ်စဉ်တွေနဲ့ ထီးတွေချပေးထားတာ။ အဲဒီထီးတွေ ပျောက်ကုန်တဲ့အကြောင်းပေါ့။ ဘုရားတံဆိပ်တွေပါတဲ့ ထီးတွေ ဘယ်နေရာသွားဆောင်းကြလဲ။ သွားဆောင်းရင်လည်း ဘုရားကထီးမှန်း လူတိုင်းသိနေမဲ့ အဖြစ်ကြီးကိုး။ အဲဒီအကြောင်းတွေ စဉ်းစားမိပြီး ဒီနေ့တွေ့ခဲ့ရတာလေး ဒီပိုစ်မှာ ဝေမျှ မလို့ပါ။

ဒီနေ့ တွေ့ခဲ့တာလေးက @Sharella တဲ့။ Dictionary မှာ မရှာနဲ့ မရှိဘူး။ google မှာ sharella meaning လို့ရှာရင် အိန္ဒိယက ကလားမလေးနာမည်ကျလာလိမ့်မယ်။ Sharella ဆိုတာ Share Umbrella ကို ပေါင်းထားတာ။ လမ်းတဘက်မှာ ဘူတာရှိတယ် တဘက်မှာ ကားမှတ်တိုင်ရှိတယ်။ လူကူးမြင်းကျားလည်း ရှိတယ်ပေါ့။ တကယ်လို့ မိုးရွာရင် ကိုယ်လိုကောင်တွေ ဟို ဘူကာခြုံတဲ့ ကလားမလေးမမျှော်ဘဲ သွားလို့ရအောင် ဒီဘက်လမ်းက ထီးကို ယူသွား ဟိုဘက် အမိုးအောက်ရောက်ရင် ထီးထားတဲ့ နေရာမှာ ပြန်ထားခဲ့ပေါ့။ အဲလို စီစဉ်ထားတာ။ အိမ်သယ်သွားရင်ရော်။ ယူသွားပေါ့။ အိမ်မှာက ထီးတွေက ဟိုကုမ္ပဏီက ကြော်ငြာပြီး ပေး၊ ဒီကုမ္ပဏီက ကြော်ငြာပြီးပေးလို့ပေးနဲ့ ထီးတွေက အတော်ပေါ်တာ။ ကိုယ်လို ကောင် ကိုယ့်ထီးကိုယ်တောင် သယ်ဖို့ပျင်းတဲ့ကောင်တွေ အိမ်ထိသယ်ဖို့သာ မဖြစ်နိုင်သေးတယ်။ ဒီတော့ လမ်းကူးပြီး ဟိုဘက်လမ်းမှာဘဲ ထားယုံဘဲ အပြန် မိုးရွာလား ဒီဘက်ကထီး ဟိုဘက် ယူဆောင်းသွားမယ် ပြီးရင် ဟိုဘက်မှာ ထားခဲ့ယုံဘဲ။

sharlla1b.jpg

ပြောချင်တာက ထီးအကြောင်း မဟုတ်ဘူး။ @Sharing ဆိုတဲ့ ဝေမျှခြင်းအကြောင်းပေါ့။ ဝေမျှခြင်းဆိုတာ တရားသံပါနေသလိုဘဲ။ ပေါ့ပေါ့လေး ဖြစ်အာင် ဝေသုံးခြင်းလို့ဘဲ ပြောရအောင်။ ကိုယ့်ရှိတာကို တပါးသူကို ဝေသုံးတယ်ဆိုတဲ့ အကြောင်းပြောလည်း တရားသံပေါက်နေအုံးမယ်။ ကိုယ်မသုံးတာကို ပိုနေတာကို တပါးသူအားသုံးစေခြင်းလို့ ဒီနေရာမှာ သုံးမယ်။ ပေါ့ပေါ့လေးဖြစ်အောင်လို့ပါ။ အဲဒီအကြောင်းလေး ဟိုတခါ library အကြောင်းတင်တဲ့ နေရာမှာ နည်းနည်းပြောဘူးတယ်။ တခါတလေ ကိုယ့်မှာ ပိုပြီး အသုံးမ၀င်တော့ဘူး တပါးသူ အတွက် sharing ဝေသုံးပေးလိုက်တာက တပါးသူအတွက်အင်မတန်အသုံးဝင် သွားတယ်။ ကုသိုလ်တွေ ဘာတွေ ထားလိုက်။ ကျေးဇူးတင်စရာလေးတွေ အင်မတန်မှ အမှတ်တရတွေ ဖြစ်စေတယ်။ (ဘူကာခြုံတဲ့ ကုလားမလေး အခုထိ သတိရတုန်းဆိုတာမျိုးပေါ့)

စကားတခုကြားဘူးတယ် ' If you are really thankful, what do you do? You share.' ဆိုတော့လဲ အိမ်မှာ ပိုနေတဲ့ ထီးတွေ သွားထားယုံပေါ့ဗျာ။ အိမ်ရှုပ်တောင် သက်သာသေးတယ်။

'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'

ကျေးဇူးတင်စွာဖြင့် -

@HtunMinZaw (MSC 087)

Sort:  

good post bro, thanks for sharing.

good saying

'သင်တခုခု ရသွားခြင်းက သင့်အရည်အချင်းဖြစ်ပြီး
ဘာမှ မရသွားပါက ကျွန်တော်နှင့် သက်ဆိုင်ပါသည်။'

Sharella= Share+Umbrella
အသိတစ်​ခုတိုးသွားပါတယ်​။

Thank for sharing

Congratulations @htunminzaw! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes received
You published a post every day of the week

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

thank for your sharing

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 60684.92
ETH 2911.45
USDT 1.00
SBD 2.30