လူတိုင်းမှာအစွမ်းအစဆိုတာရှိတယ်

in #myanmar7 years ago (edited)

လူဆိုတာ သူ့စွမ်းအစနဲ့သူ အထင်မသေးပါနဲ့

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ကိုယ်ထင်မထားတဲ့သူတွေက မယုံနိုင်လောက်အောင် အောင်မြင်သွားကြတာတွေ့ဖူးမှာပါ။ ဟုတ်ပါတယ် လူမှာအစွမ်းအစတွေရှိပါတယ် ထုတ်မသုံးသေးတာနဲ့ မသုံးတတ်သေးတာပဲရှိပါတယ်။ဒါကြောင့် လူတိုင်းကို အထင်မသေးပါနဲ့ ၁၀ တန်းမှာ ရှေ့ဆုံးတန်းက စာကြိုးစားပြ၊ ဆုတွေယူ နောက်ဆုံးစာမေးပွဲမှာ ဂုဏ်ထူးတွေမှန်း အောင်စာရင်းထွက်မှကျတဲ့ ကျောင်းသားတွေလည်းတွေ့ဖူးခဲ့သလို ကျောင်းတွေလစ် စာသင်ချိန် ခုံပေါ်မှောက်အိပ်နေတဲ့ ကျောင်းသားက ပေါ့ပေါ့ပါးပါးနဲ့အောင်သွားတာလည်း တွေ့ဖူးကြမှာပါ။ကိုယ်တွေ့ အဖြစ်အပျက်လေးတစ်ခုပြောပြမယ်။

image

ကျွန်တော် ပထမနှစ်တက်တဲ့အချိန်မှာ သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ။ သူက ဆိုင်ကယ်အစုတ်လေးနဲ့ ကျောင်းတက်တယ် အတန်းလစ်လဲအတူတူ ကဲဖော်ကဲဖက်ပေါ့ ပထမနှစ်ကို ၂ ခါကျတယ် အဲဒီအချိန်မှာပဲ ဒီကောင် မိန်းမကောက်ယူလိုက်တယ်။ အားလုံးကတော့သွားပြီ ဒီကောင့်ဘဝတော့ နဂိုကတည်းက ပေါ့ပေါ့နေ ပေါ့ပေါ့စား နေလာတဲ့ကောင် မိန်းမကရ ဘဝတော့ဆိုးပြီပဲထင်ခဲ့ကြတယ်။ တစ်ရက်တော့ကျောင်းရှေ့မှာ ဆိုင်ကယ် sticker ဆိုင်လေးလာဖွင့်တယ်။ မိတ်မရှိတာရယ် အရင်းနှီးနည်းတာရယ် အကြာကြီးမခံပါဘူး သုံးလလောက်နေတော့ဆိုင်လေးပိတ်ထားတာပဲတွေ့တယ်။ဒါပေမယ့်သူဇွဲမလျှော့ဘူး နေရာပြောင်းဖွင့်တယ်။ ဒီလိုနဲ့ ၂ နှစ်လောက်ကြာတဲ့အချိန်မှာ အရမ်းကိုအံ့ဩသွားရတယ် အခုဆို မြို့လယ်ခေါင်မှာ သူ့ sticker က နာမည်ကြီးဖြစ်နေပြီ ဆိုင်ကယ်တင်မက express ကြီးတွေတောင် တန်းတွေစီလို့ စီးစရာ ကိုယ်ပိုင်ကားနဲ့ လူဆိုတာ သူ့အစွမ်းအစကို အသုံးချတတ်ဖို့ပဲလိုတာပါ။ကျွန်တော့သူငယ်ချင်းကတော့ တွန်းအားပါရသွားတယ်ထင်ပါတယ်။သူ့ကိုကြည့်ပြီး အားတွေတက်မိတယ်။ သူဖောက်တဲ့လမ်းကို ဇွဲရှိရှိနဲ့ ရောက်အောင်ဖောက်သွားတာ။

နောက်တစ်ယောက်က တော့အွန်လိုင်း shopping သမားဗျ။ facebook page လေးထောင်ပေးစမ်းပါ အထည်လေးရောင်းချင်လို့တဲ့ လုပ်ပေးလိုက်ပါတယ် ကျွန်တော်တို့လည်း မြင်နေတာပဲ အွန်လိုင်း shopping သမားဆိုတာ ကောက်ရိုးမီးလိုပဲ ဟုန်းခနဲငြိမ်းတာကို။ အဲဒီလိုနဲ့ တစ်နှစ်ကျော်လောက်မတွေ့ဖြစ်ကြဘူး ပြန်တွေ့တဲ့အချိန်မှာ သူကရန်ကုန်မှာ အထည်ဆိုင် (၆)ဆိုင်ဖွင့်ပြီးသွားပြီ ကျောက်စိမ်းဘုရားနားလေးမှာ ကိုယ်ပိုင်ယက္ကန်းစင်ထောင်ဖို့ စဉ်နေပြီ အွန်လိုင်း shopping အပြင် delivery service တစ်ခုလဲထောင်ထားသေးတယ်။အားလုံးဟာ အွန်လိုင်း shopping ကအမည်နဲ့ပဲ။သူကတော့ စိတ်ရှည်မှုရယ် အပင်ပန်းခံနိုင်မှုရယ် ဈေးကွက်ကျွမ်းကျင်မှုရယ် ပေါင်းစပ်အောင်မြင်သွားပါတယ်။ စစခြင်း ငွေတိုးလေးတွေနဲ့ဆွဲပြီး စခဲ့တဲ့ လုပ်ငန်းသေးသေးလေးဟာ ခုဆို brand တစ်ခုဖြစ်မယ်လို့ ဘယ်သူယုံမှာလဲဗျာ။ ကျွန်တော်ထပ်သိရတာက လူဆိုတာ အစွမ်းစနဲ့ဆိုတာပါပဲ။

image

ဒါ့အပြင်ကျွန်တော်တို့ ကိုယ်တိုင်တောင် သူများတွေမထင်ထားတဲ့အချိန် ဟုန်းခနဲ တောက်ပပြချင်ကြတယ်မဟုတ်လားဗျာ ။ စိတ်ထဲမှာ ဖြစ်လေ့ရှိတာလေးကို ထောက်ပြတာပါ။ အလုပ်တွေလုပ်ခဲ့ဖူးတယ် အောင်မြင်တာထက် စိတ်ထဲမှာ ကျရှုံးတာက ပိုများနေတယ်လို့ခံစားမိမယ်။ ဒါပေမယ့် ရပ်နေလို့မရဘူး ဆက်လျှောက်နေရတာပဲလေ လျှောက်ရမယ့်အတူတူ ခြေလှမ်းတိုင်းမှာ အသက်ဝင်နေပါစေ။ ptc လမ်းကြောင်းဆိုရင် ခဏခဏ လမ်းတွေပျောက်တယ်။ ကိုယ်ကြိုးစားမယ်ဆို Scam ဆိုတာကြီးနဲ့ ပျောက်သွားရော။
အခု ကျွန်တော်တို့ steemit မှာ လျှောက်လမ်းကြတယ် ခံယူချက်မျိုးစုံနဲ့ လမ်းသစ်တွေထွင်းဖောက်နေကြတယ် ဒါပေမယ့် ကျွန်တော်ကတော့စိတ်ထဲမှာ ခံယူထားတယ် တစ်နေ့ ဒီလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့လူသားတစ်ဦးဖြစ်ပြချင်တယ် တစ်ခုမရတစ်ခုနဲ့ရှေ့ဆက်သွားနေမှာ အသေအချာပါပဲ။ ဒါ့အပြင် ကျွန်တော်တို့မှာ အမြင်မတူတဲ့ သူငယ်ချင်းတွေအများကြီးရှိတယ် Make Money Online အကြောင်းစလိုက်ရင် အချိန်ကုန်ပါတယ်ကွာဆိုတာမျိုးတွေ အထူးသဖြင့်သူတို့ရှေ့မှာ ကိုယ့်ရဲ့စိတ်ရှည်မှု ကြိုးစားမှုကိုပေါင်းပြီးတော့ အောင်မြင်ပြချင်တယ်။ ဒါ့ကြောင့် steemit user တို့ကိုပြောချင်တာက စိတ်ဓာတ်မကျပါနဲ့ လူမှာအစွမ်းအစတွေ ရှိပါတယ် သုံးတတ်တဲ့သူနဲ့ မသုံးတတ်သေးတဲ့သူပဲရှိတာပါ ။ ဒါကြောင့်ကိုယ့်ကိုကိုယ် ဆန်းစစ်ပါ ကိုယ့်မှာရှိတဲ့ အကောင်းဆုံးတွေကို မြင်အောင်ကြည့်ပါ အောင်မြင်မှုဆိုတာ တစ်နေ့ တစ်လံ ပုဂံ ဘယ်ပြေးမလဲဗျာ။

Written by
HYS(6:17 pm)
MSC :203

Sort:  

Good Bro ။ရေးတာလေးတွေ အားကျတယ်ဗျာ ။

တစ်နေ့  တစ်ပုဒ် SBD ဘယ်ပြေးမလဲ ။ ☺

အပြန်လှ န် fighting ပေါ့ ဘရိုရေ ကျေးဇူးပါ

အရမ်းမှန်တယ်ဘဒို
လုပ်ရဲပြီး စွန့်စားရဲဖို့ပဲလိုတာ

ရဲရဲကြီးဖောက်ပြလိုက်စမ်းပါ bro

ဘယ်​ပုလင်း​ဖောက်​မှာလဲ

မှန်​ပါတယ်​ဗျ

တစ်လှေတည်းစီးညီကိုတွေ fighting

ဖိုက်တင်း

အရှုံးမပေးတဲ့စိတ်ဓာတ်ပေါ့ဗျာ

မပေးချင်ဘူးဗျ အောင်မြင်ပြချင်သေးတာ

Pro အတွက်ဆို စာလုံးရေ နည်းသလားလို့
အနည်းဆုံး ၁၀၀၀ ဆိုတော့ကာ
စာကတော့ ကောင်းပါပေ့

ထောက်ပြပေးတာ ကျေးဇူးပါ bro ရေ ထပ်ဖြည့်လိုက်ပါပြီ

မ​လျော့​သောဇွဲလို့ဆိုရမယ်

ဘယ်တော့မှမလျှော့ဘူး ဒီလမ်းပိတ်ရင်နောက်လမ်းကသွားမယ်

ကျွန်တော်တို့အခုစိုက်နေတဲ့အပင်ကတနေ့တော့အသီးအပွင့်တွေ ပြန်ခံစားရမှာပါbro.

အသေချာပဲပေါ့ဗျာ လုပ်ပြလိုက်စမ်းပါ

ကျေးဇူးပါဗျာ ဖတ်ရှုပေးတာ

ဖတ်လို့ကောင်းတယ်bro အတန်းပညာဆိုတာ လူ့ဘဝရဲ့နောက်ဆုံးအဆုံးအဖြတ်မဟုတ်သလို လက်မှုပညာနဲ့ဘဝမှာအောင်မြင်နေသူတွေလည်းရှိပါတယ်
ပိုစ့်က စာလုံးရေနဲနေသလားလို့ အပယ်ခံရမှာစိုးလို့သတိပေးတာပါ

အမှန်ဆုံးပဲ bro အဓိကက ခံယူချက်ပဲ စာလုံးရေထပ်ဖြည့်လိုက်ပါပီ ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.19
TRX 0.13
JST 0.030
BTC 63802.69
ETH 3413.56
USDT 1.00
SBD 2.55