အရူးတစ်ယောက်၏ဒိုင်ယာယီ

in #myanmar6 years ago (edited)

image
အရူးတစ်ယောက်၏ဒိုင်ယာယီ

မင်္ဂလာပါ ကျွန်တော့်ကိုယ် ကျွန်တော်မိတ်ဆက်ပေးပါရစေ ခင်ဗျာ။ ကျွန်တော်ကတော့ အရူးတစ်ယောက်ပါ မေဂျာစုံတက္ကသိုလ်အနီးဝန်းကျင်မှာတော့ ကျွန်တော့်ကို မသိတဲ့သူမရှိဘူးထင်ပါရဲ့။ တကယ်တမ်းတော့ ကျွန်တော်မရူးပါဘူး ဒါပေမယ့် အားလုံးကတော့ကျွန်တော့် ကို အရူးလို့ခေါ်ကြတယ် ဒီနာမည်ကလဲ သူတို့ပေးထားတာပါပဲ အရူးတဲ့ ထားလိုက်ပါတော့ အရူးဆိုတော့လဲ အရူးပေါ့ အမည်နာမ လေးတစ်ခုအတွက် နဲ့ မငြင်းတော့ပါဘူး။ တကယ်တမ်းတော့ ကျွန်တော်ဟာ လိုတရ ဖြစ်နေတဲ့သူဆိုတာ သူတို့သိရင်ကောင်းမှာပဲ။ ကမ္ဘာပေါ်မှာ ကျွန်တော့်လောက်စိတ်ချမ်းသာတဲ့သူရှိရင် ခေါ်ခဲ့စမ်းပါ ယှဉ်လိုက်ချင်စမ်းပါသဘိ။ ကျွန်တော် စိတ်ကူးလိုက်တာအားလုံး အပြင်မှာ တကယ်ဖြစ်လာတယ်။ ကျွန်တော့်ပုံစံလား စစ်အကျီ င်္ဖားဖားကြီးတစ်ထည် နဲ့ ညစ်ထေးနေတဲ့ ဘောင်းဘီအစုတ်ကို ၀တ်လို့ ကျွန်တော်လျှောက်သွားနေတယ်။ စားရေးသောက်ရေးလည်း ပူစရာမလိုဘူး အချိန်တန်ရင် ပွဲတော်အုပ်ရောက်လာတာပဲ။ ကျွန်တော်ဗိုက်ဆာပြီဆိုရင် ဆိုင်တစ်ဆိုင်ရှေ့မှာ မတ်တတ်ရပ်နေလိုက်ယုံပဲ ပါဆယ်လေး အလိုက်တစ်သိလာဆက်သကြတယ်ဗျာ အရူးတစ်ယောက် ရဲ့ တစ်ဝမ်းတစ်ခါးအတွက် အများကြီးစိုးရိမ် ပူပန်စရာမလိုဘူးဗျာ။ တစ်ခါတစ်ရံ ကျွန်တော်က ကျောင်းသားတွေဆီက ဘောပင်၊ စာရွက်တို့တောင်းပြီး ကဗျာတွေရေးလေ့ရှိတယ် အရူးတစ်ယောက် ကဗျာရေး တတ်တာ အဆန်းလားဗျာ။ ကျွန်တော့်ကို စကြတယ်နောက်ကြတယ် စိတ်မဆိုးတတ်ပါဘူး။ အရူးတစ်ယောက်ရဲ့ အသဲကွဲကဗျာ တွေ တစ်ချို့ကတော့ အားပေးကြပါတယ် မုန့်လဲကျွေးတယ်၊ အ၀တ်အစားတွေလည်းပေးကြတယ်။
image
Photo credit google
ကျွန်တော်လဲ တစ်ချိန်က သူတို့လို တက္ကသိုလ်ကျောင်းသားတစ်ယောက်ပေါ့ဗျာ။ သံသေတ္တာလေး ဆွဲလို့ လေးဘီးကားလေး ငှားကာ ကျောင်းတက်ဖို့ မြို့ကိုတက်လာခဲ့တယ်။ အမေကတော့မှာတယ် ‘’ငါ့သားချွေချွေတာတာနေ စာကြိုးစားပါ ‘’ ပေါ့ အဲလိုနဲ့ ကျောင်းတက်ခဲ့တယ်။ အဲဒီမှာပဲ သူမနဲ့ဆုံဆည်းဖို့ အကြောင်းဖန်လာခဲ့တယ်။ သိပ်ချစ်တာပဲ မေ အဲဒီအချိန်က စက်ဘီးကလေးစီးလို့ ကန်ပတ်လမ်းမှာ ပျော်ခဲ့ဘူးတယ်။ ဇွန်လ မှာ ကျောင်းတွေဖွင့်ရင် ပြန်ဆုံကြမယ်နော် ဆိုတဲ့စကားလေး ရင်ထဲမှာ ထပ်ခါထပ်ခါ ကြားနေမိတယ်။ သူမလာမချင်းစောင့်နေမှာပါ အချစ်အတွက် အရာအားလုံးစတေးဖြစ်ခဲ့တယ်။ နေပူပူ၊ မိုးရွာရွာ ကျွန်တော် ကျောင်းရှေ့ ကနေ လုံးဝမရွှေ့ဘူး။ အဲဒီအချိန်မှာတုန်းကတော့ အသဲကွဲတယ်ဆိုလား လွမ်းတာ ဆိုလားပဲ အဲအရသာကြီး ရင်ထဲမှာ ဆို့ဆို့ကြီးနဲ့ တစ်ခုခုနင်နေသလိုခံစားနေရတာ။ မှတ်မှတ်ရရ မိုးတွေအရမ်း ရွာတဲ့ညကပေါ့ နာမည်ကိုတစ်ကြော်ကြော်အော်ခေါ်ရင်း လောကကြီးမှောင်မိုက်သွားတယ် မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ အရာအားလုံးက လွတ်မြောက်သွားတော့တယ်။ ဘ၀မှာ တစ်ခါမှ ဒီလောက်နေလို့ ကောင်းတာမျိုး မဖြစ်ဖူးဘူး။ အိပ်ယာကနေ နိုးနိုးခြင်း ကျွန်တော် တိမ်ဆိုင်တွေပေါ်မှာ ပြေးဆော့တယ်၊ သက်တန့်ဂိုင်းကြီးကို ခိုစီးကြည့်တယ် အရမ်းပျော်ဖို့ကောင်းတာပဲ။ ကျွန်တော့ကိုလာခေါ်ကြတယ် မိသားစုတွေ ဆိုလားဘာတွေလားပဲ ကျွန်တော်ဘ၀လေး သာယာနေတာကို ငိုယိုပြီး သူတို့နဲ့လိုက်ဖို့ ဖျားယောင်းကြတယ်။ ကျွန်တော်နားမယောင်ခဲ့ပါဘူး သေချာတာကတော့ ကျွန်တော်သူတို့ကို လုံးဝမသိတာပါပဲ။ ကျောင်းရှေ့က မီးကင်းတဲ လေးဟာ ကျွန်တော့်အတွက် နတ်ဘုံနတ်နန်း တစ်မျှ ခမ်းနားတယ်ဆိုတာ သူတို့နားမလည်ကြဘူး။ ကျွန်တော် လိုချင်တာမှန်သမျှ တောင့်တလိုက်တာနဲ့ ချက်ခြင်းရ၊ ချက်ခြင်းဖြစ် တဲ့ဘ၀ ကျွန်တော်ပျော်ပါတယ်။
image
Photo credit google
တစ်ဖြည်းဖြည်းနဲ့ အချိန်ဆိုတာကြီးက စကားပြောလာခဲ့တယ် ကျွန်တော်ကတော့ ၀မ်းနည်းခြင်းမရှိဘူး၊ ပူဆွေးခြင်းမရှိဘူး၊ အ၀တ်အစားတွေသာ စုတ်ပြတ်သွားခဲ့တယ် ကျွန်တော့်စိတ်ဓါတ်တွေကတော့ သစ်လွင်နုပျိုဆဲပဲ ကြယ်တွေတီး တဲ့ ဆိုင်းဝိုင်းထဲမှာ ကျွန်တော့်ကို တစ်ခါတစ်ခါ ကနေတာတွေ့ရမယ်။ ကျွန်တော်တွေးလိုက်တဲ့ စိတ်ကူးတွေ၊ ရေးလိုက်တဲ့ကဗျာတွေကို ကောင်းကင်မှာ ချိတ်ဆွဲထားကြတာ ကြည်နူးဖို့ကောင်းလိုက်တာဗျာ။ ဘယ်လိုခေတ် မှီနည်းပညာမှ မလိုပဲနဲ့ စိတ်ချမ်းသာအောင်နေရတဲ့ဘ၀ ပျော်ဖို့ကောင်းလိုက်တာဆိုတာ။ ဘယ်သူခိုင်းတာမှ မလုပ်ဘူး ကျွန်တော့်နှလုံးသားနဲ့ ဦးနှောက်က စေခိုင်းတာကိုပဲ တစ်သွေမတိမ်းလုပ်တယ်။ တကယ်တော့လူတွေအားလုံးဟာ အရူးတွေပဲဗျာ ကျွန်တော့်လို မပျော်ကြဘူးဗျ သူတို့ကြည့်ရတာ ပြောင်ပြောင်ယောင်ယောင်တွေဝတ်လို့ ရုပ်တည်ကြီးတွေနဲ့ သွားလာနေကြတာ။ လိုချင်တာတစ်ခုရဖို့ အသေအလဲကြိုးစားနေကြတာတွေ့ရတယ်။ ကျွန်တော်ကတော့ ကံထူးရှင်ပေါ့ဗျာ ကျွန်တော်စိတ်ကူးလိုက်တာနဲ့ ဖြစ်ချင်တာတွေဖြစ်နေတယ်ဆိုတာ သူတို့ မသိကြဘူး။ ကျော်သွားကြပါစေ သူတို့ကိုကြည့်ကာ ကျွန်တော်ရယ်နေလိုက်မယ်။ အရူးဘ၀က သူတို့တွေလွတ်မြောက်ကြပါစေ ဆုတောင်းရင်း။

P.S : မိတ္ထီလာ တက္ကသိုလ်ကျောင်းရှေ့မှာ ခုထက်ထိလည်းရှိနေပါတယ် မေ ဆိုတဲ့နာမည်ပါတဲ့ စာတွေ၊ ကဗျာတွေရေးလေ့ရှိတဲ့ အချစ်ရူးကြီးအကြောင်း ရှေ့က စီနီယာ ကျောင်းသားများ ပြောပြလို့သိခွင့်ရခဲ့တာလေးကို ခံစားရေးသားကြည့်ခြင်းဖြစ်ပါတယ်ခင်ဗျာ။

Author by
@htinyarsai (2:27pm)
MSC_203

Sort:  

လူတွေက တစ်နည်းနည်းနဲ့ ရူးသွပ်နေကြတဲ့သူတွေချည်းပါပဲ သားရူး သမီးရူး စသဖြင့်ပေါ့ဗျာ

ဟုတ်ပါတယ် ဗျာ ကျွန်တော်တို့ကိုယ်တိုင်လည်း တစ်ခုခုနဲ့တော့ ရူးသွပ်နေကြတာပါပဲ ထမင်းလွတ် ဟင်းလွတ်မဟုတ်သေးတာလေး တစ်ခုပဲ

ပုထုဇနော ဥမ္မတကော
လူတိုင်းဟာ အရူးပါပဲတဲ့

အမှန်ပါပဲ Bro ရေ တစ်ခုမဟုတ်တစ်ခုကတော့ ရူးကြတယ်

Amazingကြီးပါ​ဗျာ​ရေးသားထားတာသူများ​နေရာက​နေခံစားပြီး​တော့ဒီလိုမျိုးလက်​ယာ​မြှောက်​တဲ့စာတစ်​ခုထွက်​လာဖို့​တော်​​တော်​ကိုမလွယ်​တာပါအစ်​ကိုရာ​တော်​လွန်းပါတယ်

ကျေးဇူးပါဗျာ အားပေးတာ အားရှိသွားပြီ

စိတ်ဝင်စားစရာဇာတ်လမ်းပဲ ဖြစ်ရပ်မှန်ပေါ့။

ဟုတ်ပါတယ် bro ရေ ခုထက်ထိရှိနေသေးတယ်

ဖြစ်ရပ်မှန်လေးပေါ့
ပျော်ပျော်နေတတ်တာကောင်းတယ်ဗျာ

ဟုတ်ပါတယ် bro ခုထိရှိနေသေးတယ်

ဘလိုတောင်ကောင်းလိုက်ပါဘိဗျာ

ကျေးဇူးပါဗျာ အားရှိသွားပြီ

လောကကြီးမှာ ပျော်အောင်နေတတ်ရပါတယ်ဗျ

ပျော်ပျော်နေ သေခဲဆိုတာလည်းရှိသကိုး

မဖတ်အားတော့လို့ ခွင့်လွှတ်ပေးကြပါဗျား vote ခဲ့ပါတယ်

တင့်ပါ ဘုရား သင်တန်းသားတွေနဲ့ဆိုတော့ နားလည်ပါတယ်ဘုရား

ရယ်​​သောသူ အသက်​ရှည်​၏ ဖက်​လို့​ကောင်းတယ်

ဟုတ် ကျေးဇူးပါဗျာ

သနားပါတယ်ဗျာ အချစ်ရူးဆိုတော့

ဟုတ်ပ Bro သူ့အကြောင်းတကယ်သိရတော့ သနားသွားတာ ခုထက်ထိရှိနေတုန်းဗျ

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.032
BTC 63182.56
ETH 3083.10
USDT 1.00
SBD 3.83