စည်းလုံးမှု့ဖြင့် အောင်မြင်မှု့ဆီသို့

in #myanmar7 years ago (edited)

image

ကျွန်တော်တို့ လူသားများသည် လူရယ်လို့ မွေးဖွားလာပြီလျှင် မိသားစု ပတ်ဝန်းကျင် အဖွဲ့အစည်းများကြား ရှင်သန်နေထိုင်သူများ ဖြစ်ကြပါသည်။ ငယ်ရွယ်စဉ်ခါ မိသားစုနှင့် တစည်းတလုံးတည်းနေကာ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းပြီ တဖြည်းဖြည်း ကြီးပြင်းလာကာ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲကို ဝင်လာကြရသူများလည်း ဖြစ်ပေသည်။ မိသားစုထဲမှာဘဲ ဖြစ်ဖြစ် လူ့ပတ်ဝန်းကျင်မှာဘဲ ဖြစ်ဖြစ် ကျွန်တော်တို့တတွေဟာ ဘာဘဲလုပ်လုပ် စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်မည်ဆို ဧကန်အောင်မြင်မှာဖြစ်ပါသည်။ မိသားစုအတွင်း ပျော်ရွှင်မှု့ကို လိုချင်ရင်လည်း သူ့သဘောကိုယ့်သဘော လိုက်လျောညီထွေစွာ နေထိုင်နိုင်မှ ပျော်ရွှင်မှု့ကို ရရှိနိုင်ပါမည်။ တယောက်တမျိုးစီ ဖြစ်နေမယ်ဆို ဘယ်လိုမှ ပျော်ရွှင်မှု့ မရှိနိုင်ပါ။

လူ့ဘောင်ပတ်ဝန်းကျင်ထဲတွင်လည်း လိုက်လျောညီထွေစွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှ အောင်မြင်မှု့ရရှိပေမည်။ အဖွဲ့အစည်း တခုဖြစ်စေ company တခုဖြစ်စေ အောက်ခြေဝန်ထမ်းကအစ ပိုင်ရှင်အထိ အားလုံး စည်းစည်းလုံးလုံး လုပ်ကိုင်မှ တိုးတက်အောင်မြင်မှု့ တရပ်ကို ပိုင်ဆိုင်နိုင်ပေမည်။ စည်းလုံးခြင်းသည် ကြီးမာသောခွန်အားတခုဖြစ်သည်။ စည်းလုံးခြင်းဟူသည် တစုတစည်းတည်းဟူသော အဓိပ္ပါယ် သက်ရောက်ပါသည်။ လွတ်လပ်ရေးနေ့တွင် တွေ့ရသော ချောတိုင်တက်ပွဲ လန်ဆွဲပွဲ စသည့်တို့သည်လည်း စည်းလုံးခြင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မှု့ကို သရုပ်ဖော်ဆောင် နေပါသည်။ ထို့ကြောင့် ဘယ်အလုပ်ကိုမဆို စည်းစည်းလုံးလုံး လုပ်ကိုင်ဆောင်ရွက်မှ စည်းလုံးခြင်း၏အကျိုး အောင်မြင်မှု့ကို ခံစားရပေမည်။

image

ကျွန်တော်တို့ ယောကျာ်းလေးများ နှစ်သက်သဘောကျသော ဘောလုံးအားကစားတွင်လည်း တယောက်ကောင်းဖြင့် အောင်မြင်မှု့ ရယူနိုင်မည်မဟုတ်။ တသင်းလုံး စည်းစည်းလုံးလုံး ရှေ့ လယ် နောက် နားလည်မှု့ပြည့်ပြည့်ဝဝနှင့် ကစားနိုင်မှ နိုင်ပွဲတရပ်ကို ရယူနိုင်ပေမည်။ ထိုနိုင်ပွဲသည် တဦးတယောင်ကောင်းကြောင့် ရရှိခြင်းမဟုတ် စည်းလုံးမှု့ကြောင့် ရရှိခြင်းဖြစ်ပါသည်။ နှမ်းစေ့တစေ့ကြောင့် ဆီမဖြစ်နိုင်သော်လည်း သေးငယ်သောနှမ်းစေ့ပေါင်းများစွာ စုပေါင်းလိုက်သောအခါ ကျွန်တော်တို့ လူသားများ စားသုံးရန် ဆီအဖြစ်ရရှိပါသည်။ ကျွန်တော်တို့ ဝတ်ဆင်သော အဝတ်အထည်များသည်လည်း ချည်မျှင်တမျှင်တည်းဖြင့် ရက်လုပ်၍ မရနိုင်ပေ။ ချည်မျှင်ပေါင်း များစွာ စုပေါင်း ရက်လုပ်မှ ကျွန်တော်တို့ ဝတ်ဆင်နိုင်သော အဝတ်အထည်ကို ရရှိပေသည်။ ထိုအခြင်းအရာများသည် စုပေါင်းစည်းလုံးမှု့ဖြင့် ရရှိလာသော အကျိုးကျေးဇူများ ဖြစ်ပါသည်။

ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်သည်လည်း ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံးဖြင့် လွတ်လပ်သောနိုင်ငံဖြစ်အောင် ကြိုးစားဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ ကချင် ကယား ကရင် ချင်း အစရှိသော တိုင်းရင်းသားများက တစိတ်တည်း တဝမ်းတည်း စည်းလုံးခဲ့လို့ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေး ရရှိခဲ့ခြင်းဖြစ်ပါသည်။ စုပေါင်းညီညာ အောင်ကြောင်းဖြာ ဆိုသည်အတိုင်း စည်းလုံး စုပေါင်းဆောင်ရွက်ခြင်ဖြင့် အောင်မြင်မှု့ အလီလီ ရရှိနိုင်ပေသည်။ ကျွန်တော်တို့ ငယ်ငယ်က သင်ကြားခဲ့သော အဖိုးအိုနှင့်သားသုံးယောက်ပုံပြင် ၅၅၀ ဇာတ်တော်လာ သမင် လိပ် ခေါက်ရှာငှက်တို့ပုံပြင်များသည်လည်း စည်းလုံးမှု့ဖြင့် အရာရာအောင်နိုင်ကြောင်း သင်ခန်းစာများကို ရရှိပေသည်။

image

ကျွန်တော်တို့ အခုလျှောက်လှမ်းနေသော MSC အဖွဲ့ကြီးသည်လည်း နိုင်ငံတကာနှင့်ယှဉ်နိုင်အောင် ဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်သည့်အလျှောက် ချမှတ်ထားသော စည်းကမ်းများကိုလည်း အဖွဲ့ဝင်များအားလုံး စည်းစည်းလုံးလုံး လိုက်နာနိုင်မှ နိုင်ငံတကာနှင့်ယှဉ်နိုင်သော အောင်မြင်သော MSC Team ကြီး ဖြစ်လာနိုင်ပါမည်။ ယခုအခြေအနေထိ အောင်မြင်လာတာကလည်း MSC Team ၏ စည်းကမ်းများကို အဖွဲ့ဝင်များမှ စည်းစည်းလုံးလုံး လိုက်နာဆောင်ရွက်ခဲ့ခြင်းကြောင့်ဆိုတာ လက်တွေ့သိနိုင်ပေသည်။ ထိုအောင်မြင်မှု့ကို မကျဆင်းသွားအောင် ပို၍အောင်မြင်ချင်တယ်ဆိုရင် ကျွန်တော်တို့တတွေဟာ ဒီထက်စည်းလုံးမှု့ကောင်းဖို့ လိုပါသည်။ မစည်းလုံးဘဲ စည်းကမ်းလိုက်နာမှု့မရှိဘဲ ဆောင်ရွက်နေမယ်ဆို အောင်မြင်မှု့ မရနိုင်သည့်အပြင် ပြိုကွဲပျက်စီးသွားနိုင်ပါသည်။ ယခုနောက်ပိုင်း ဈေးကျဆင်းမှု့နှင့် curie တို့၏ နိုင်ငံတကာ ကူညီနေရမှု့ကြောင့် ကျွန်တော်တို့ ရရှိသော ပမာဏ နည်းသွားခြင်းကြောင့် တချို့ post တွေ vote comment ကျဆင်းလာတာတွေ့နေရပါသည်။ စည်းလုံးမှု့လျော့နည်းလာတယ်လို့ မြင်ရပါသည်။ နဂါးလှေကြီးကို လှော်ခတ်ရတွင် ပါဝင်သူအားလုံး တက်ညီလက်ညီ လှော်ခတ်ကာမှ ပန်းတိုင်သို့ အလျင်အမြန်ရောက်ရှိနိုင်မှာပါ။ ထိုကြောင့် ကျွန်တော်တို့တတွေလည်း မလျော့ရဲသွားဘဲ တက်ညီလက်ညီ စုပေါင်းပြီ စည်းစည်းလုံးလုံးနှင့် စုပေါင်းညီညာ အောင်ကြောင်းဖြာ ဆိုသည့်အတိုင်း မျှော်မှန်းထားတဲ့ ပန်းတိုင်သို့ အရောက်လှမ်းလိုက်ကြပါစို့ ချစ်သော MSC Team အဖွဲ့ဝင်းများအားလုံး . . .

image

Steemit Myanmar Community မှ အဖွဲ့ဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်မားချမ်းသာကြပါစေ။

Author ; Htin Lin Aung ( MSC 016 )
@htinlinaung
photo by google

Sort:  

သွေးချင်း ညီအစ်ကိုများ စည်းလုံးခြင်းသည်အင်အား

ဟုတ်ကဲ့ပါ bro

I think people aren't using steemit very much because of the issues lately. but I felt it's much better now.

လိုအပ်ချက်တွေများတယ်ဗျာ

ဟုတ်ကဲ့ပါ ကျေးဇူပါ

Unity is strength.
Damage is starting to divide.
Can be divided without assemblies
Daily should be discussed then.

ဟုတ်ကဲ့ဆရာ
ဆရာတို့ကြိုးစားထားသမျှ သဲထဲရေသွန်ဖြစ်မှာ စိုးလို့ နှမောလို့ပါ ဆရာ
ဆရာရဲ့ အဆုံးအမစကားတွေကို အစဉ်နားထောင်နေပါတယ်

tinတယ်ဗျာ ဟိ

အောင်မြင်ကြီးပွားပါစေ

ကျေးဇူပါ

တစ်ဦးတစ်ယောက်တည်း လုပ်ကိုင်ဆောင်ရွက်တတ်တာ မြန်မာတွေပဲရှိမယ်ထင်တယ်ဗျာ နိုင်ငံတကာမှာ ပူးပေါင်းဆောင်ရွက်ကြတယ်ဆိုတာကို စာတွေထဲမှာ ဖတ်ရပါတယ် MSC ညီအစ်ကိုများကိုတော့ ပူးပေါင်းဆောင်ရွက်စေချင်ပါတယ် ကြိုးစားထားပါလို့ပဲ ပြောချင်ပါတယ် အားတင်းထားကြပါဗျာ

ဟုတ်ကဲ့ပါ အားတင်းထားပါတယ်

အောင်မြကိပါစေအကို

ကျေးဇူပါ

တစ်ယောက်သောသူစိတ်
အများ၌သာရှိကြမည်ဆိုလျှင်
အောင်မြင်မှုကဧကန်လက်တကမ်း၌သာ@thura

ဟုတ်ကဲ့ပါ thank for your idea

#life
Seneca : Not how long, but how well you have lived is the main thing.

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62405.22
ETH 2436.36
USDT 1.00
SBD 2.62