ပညာကို ကြိုးစားရှာကြစို့

in #myanmar7 years ago

image

ကျွန်တော်တို့ လူသားတွေဟာ ခေတ်အဆက်ဆက် တီထွင်ဖန်တီးမှု့ အမျိုးမျိုးဖြင့် ဖြတ်သန်းလာသော လူသားသတ္တဝါများဖြစ်ကြသည်။ လက်မှု့လယ်ယာ စနစ်မှ စက်မှု့လယ်ယာ စနစ်သို့ ပြောင်းလဲခဲ့တာလည်း ကျွန်တော်တို့ လူသားတွေပါဘဲ။ ထိုသို့ ပြောင်းလဲမှု့များကို ကျွန်တော်တို့တတွေက ကြိုးစားရှာဖွေပြီ အဆင့်ဆင့် ပြောင်းလဲယူခဲ့ကြတာပါ။ ယနေ့ ကျွန်တော်တို့ နေထိုင်သောကမ္ဘာကြီးသည် ပညာကို အားပြုပြီ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေရသဖြင့် ပညာခေတ်ကို ရောက်ရှိလိုနေပါပြီ။ ပညာခေတ်မှာ အများနည်းတူ နောက်ကျမကျန်စေရန် ပညာကို ကြိုးစားရှာဖွေဖို့ လိုအပ်ပါသည်။

ကျွန်တော်တို့ မျက်မှောက်ခေတ်တွင် တဟုန်တိုး တိုးတက်လာသော နည်းပညာများပစ္စည်းများဖြစ်သော ဖုန်း ကွန်ပျူတာ ဂြိုလ်တု စလောင်း နည်းပညာ ပစ္စည်းများသည် နေရာတကာတွင် တွင်ကျယ်စွာ အသုံးပြုနေကြတာ တွေ့နေရပါပြီ။ ပညာကို ရှာဖွေရာတွင်လည်း စာပေပညာဖြစ်သော အတန်းဒီဂရီပညာ အသက်မွေးဝမ်းကြောင်းတွက်ဖြစ်သော အတတ်ပညာ စသဖြင့် ပညာရပ်များကို ထူးထူးချွန်ချွန် ရှာဖွေ ကြိုးစားသင်ယူသင့်ပါသည်။ အရင်က တမြို့ နှင့်တမြို့ စာပို့ရာတွင် ကြေးနန်းစာပို့စနစ်ကို အသုံးပြုပြီ ဒီနေ့ပို့သောစာကို အနီးအဝေးအကွာအဝေးပေါ်မူတည်ပြီ အချိန်နေ့ရက် ခြားနားပြီ ကြာမြင့်ခဲ့ပါသည်။ ယနေ့ခေတ်အချိန်တွင်မူ စာဘဲပို့ပို့ အသံကြားချင်လို့ ဖုန်းဘဲဆက်ဆက် ရုပ်ပါမြင်ချင်ရင်တောင် ခလုတ်လေးတချက်မျှ နှိပ်ရုံဖြင့် ကမ္ဘာ့အနယ်နယ်အရပ်ရပ်ကို ဆက်သွယ်နိုင်နေပါပြီ ဖြစ်ပါသည်။ ထိုအရာများသည် ပညာခေတ်၏ တိုးတက်မှု့ အကျိုးကျေးဇူးများ ဖြစ်ပေသည်။

image

ယနေ့ ပညာခေတ် နည်းပညာခေတ်ကြီးကြောင့် အလွန်ကြီးမားကျယ်ပြန့်လှသော ကမ္ဘာကြီးတောင် ရွာတစ်ရွာမျှသာ ရှိတော့ပါသည်။ တနိုင်ငံနှင့်တနိုင်ငံ ကူးသန်းရောင်း သွားလာဖို့ အချိန်ပိုင်းသာကြာမြင့်တော့ပါသည်။ နိုင်ငံတနိုင်ငံ တိုးတက်မှု့များသည် ထိုနိုင်ငံ၏ ပညာရေးစနစ်တိုးတက်မှု့ ပေါ်များစွာ မူတည်လှပါသည်။ ပညာရေးစနစ်ကောင်းသော နိုင်ငံများသည် တဟုန်ထိုး အလျင်အမြန် တိုးတက်လာမှာ အမှန်ပေ။ မျက်မှောက်ကမ္ဘာတွင်လည်း ထုတ်လုပ်ဖြန့်ဖြူးရေး ရောင်းဝယ်ဖောက်ကားရေး စသော စီးပွါးရေးလုပ်ငန်းအများစုသည် ပညာကို အခြေခံသော စီးပွါးရေးများပင် ဖြစ်ပါသည်။ ပညာ၏ တန်ဖိုးသည် လွန်စွာကြီးမားလှပါသည်။ "ပညာရွှေအိုး လူမခိုး"စသောစကားပုံများသည်လည်း ပညာ၏ တန်ဖိုးကြီးမားပုံတွေကို ထောက်ပြသော စကားပုံများဖြစ်ပေသည်။

ကျွန်တော်တို့ နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတော်တော်များများတွင်လည်း ခေတ်မှီဖွံ့ဖြိုးတိုးတက်ပညာရေး စနစ်ကို အမျိုးသော နည်းလမ်းများဖြင့် ဖော်ဆောင်နေကြပါသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် ထိုစနစ်ကို ဖော်ဆောင်ရာတွင် အဓိက နည်းလမ်းသုံးသွယ်ကို ကျင့်သုံးနေကြတာ တွေ့ရပါသည်။ (၁) ကျောင်းနေအရွယ်ကလေးများကို အနည်းဆုံး မူလတန်းပညာကို ပြီးဆုံးသည်အထိ ကျောင်းနေနိုင်ရန် ကျောင်းသင်ပညာရေးကို ဆောင်ရွက်မှု့။ (၂) ကျောင်းနေအရွယ်လွန် လူငယ် လူလတ်များကို အခြေခံစာတတ်မြောက်ရေး ကျောင်းပြင်ပ ပညာရေးကို ဖောဆောင်ဆောင်ရွက်မှု့။ (၃) ကျောင်းနေရွယ်မှသည် လူကြီးများအထိ လူတိုင်း ပညာကို ဆက်လက်၍ ပညာကိုကိုယ်တိုင် ရှာဖွေယူနိုင်ရန် သတင်းစာ ရေဒီယို ရုပ်မြင်သံကြား စသည့်တို့မှ ပညာပေး အစီအစဉ်များ ကိုယ်တိုင်သင်ယူ ပညာရေး စသဖြင့် နည်းလမ်းသုံးသွယ်နှင့် ကြိုးစားပုံဖော်နေကြတာ တွေ့ရပေသည်။ ယနေ့ချိန်တွင် online သင်တန်းများ သင်ကြားရေးများလည်း ဖွင့်လှစ် သင်ကြားလာတာ တွေ့ရလာပါသည်။ ထိုသို့ သင်ကြားရေးတွေ တွင်တွင်ကျယ်ကျယ် တွေ့လာရတာ အရမ်းပင် ဝမ်းသာကြည်နူး ပီတိဖြစ်မိပါတယ်။

image

ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ကမ္ဘာအလယ်တွင် ပညာဥာဏ် မနိမ့်ကြောင်းကို မင်းကွန်ဆရာတော်ဘုရားကြီး ဦးနု လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း စသူတို့သည် ကမ္ဘာမှတ်တမ်းဝင်သူများ ဖြစ်ပေသည်။ အနာဂတ်လူငယ်များကလည်း ထိုသို့ နိုင်ငံဂုဏ်ဆောင်များကို အတုယူပြီ ကမ္ဘာအလယ်မှာ မြန်မာကို မျက်နှာမငယ်ရအောင် ပညာကို ကြိုးစားရှာဖွေ သင်ယူသင့်ပေသည်။ အသိပညာ အတန်းပညာ အတတ်ပညာ စသည့်ပညာများကို ကြိုးစားရှာဖွေပြီ ပညာအကျိုးကို ခံစားနိုင်သူများအဖြစ် မိမိဘဝတိုးတက်အောင် မိမိနိုင်ငံ တိုးတက်အောင် လုပ်ဆောင်နိုင်ရန် ပညာကို ကြိုးစားရှာဖွေကြပါစို့လို့ ပြောကြားရင်း ကျွန်တော့်ဆောင်းပါးလေးကို ရပ်တန့်ပါရစေအုံးခင်ဗျာ။

Steemit Myanmar Community မှ အဖွဲ့ဝင်များအားလုံး ခေတ်မှီတိုးတက်သောပညာရပ်များကို ပိုင်ဆိုင်ပြီ ကောင်းမွန်သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။

image

Author ; Htin Lin Aung ( MSC 016 )
@htinlinaung
photo by google

Sort:  

ကောင်းလေစွ! ကောင်းလေစွ

မပြည့် အိလောက် အများကြီးနဲ့ မ vote နဲ့ ကျေးဇူပါနော

ပေးတဲ့ဆုနဲ့ပြည့်​ပါရ​စေ ☺

ပြည့်စေဗျာ

Good idea, nice writing!

Yes,thank for sharing
I like it

ပညာ ရှာမှီး ဖို့ တွေးလိုက်ရင်
အသက်အရွယ်က တန်းပါလာတာပါပဲ
`ပညာလို အိုသည်မရှိ ´ ဆိုတဲ့ စကားပုံ ရှိလို့ တော်သေးတယ်

အမှန်ဘဲ ကိုယ်တွေလည်း အဲ့စကားပုံလေးဘဲ အားကိုးနေရတော့တယ်

နောက်ဆို ကမ္ဘာ ကြီးက လောက်စာလုံးလောက်ဖဲရှိလိမ့်မယ်

ဟုတ်တယ်ဗျ

တစ်မျိုးတော့ မထင်ပါနဲ့နော် မင်းကွန်းဆရာတော်ကြီးနဲ့ ဦးနုကြားမှာ ပုဒ်ထီးလေးဖြစ်ဖြစ်ပါရင် ပိုအဆင်ပြေမယ်ထင်တယ် ဆက်ဖတ်မိသွားလို့ပါ ကျွှန်တော် ဦးသန့်ဆိုတဲ့လူကြီးကိုလည်း အရမ်းလေးစားတယ်ဗျာ

ဟုတ်တယ်ဗျာ ကျွန်တော်စာတော်တော်များများမှာ ထည့်သင့်မှန်းသိပါတယ် သို့သော် ကျွန်တော် keyboard မှာ ပုဒ်မ ဘဲ ပါလို့ အဲ့လိုတွေ ရေးနေရတာပါ ကျေးဇူပါ အမှားတွေ ထောက်ပြတာ နားလည်ပါတယ်ခင်ဗျာ

frozen ဆို ပုဒ်မကို နှစ်ချက်ဆင့်နိပ်ပါ

frozen ဆို ပုဒ်မကို နှစ်ချက်ဆင့်နိပ်ပါ မှားတယ်ရယ်လဲမဟုတ်ပါဘူးဗျာ စာရေးတာက ကျွှန်တော်ဆိုပိုဆိုး သူများပြမှ တစ်ခါတစ်ခါ ပြန်ရှာပြင်ရတယ်

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62405.22
ETH 2436.36
USDT 1.00
SBD 2.62