ကျွန်တော်နှင့်ကြီးတော် ( ဇာတ်သိမ်း )

in #myanmar7 years ago (edited)

image

လှေကားတဝက်လည်းရောက်ရော ကြီးတော်က နင့်ဟာကလည်း ရှည်လိုက်တာတော့် ရောက်သေးဘူးလားဟဲ့ ငါမောလှပ်ြဆိုပြီ ထိုင်ချနားနေတော့တယ်ဗျာ။ တအောက်နားပြီမှ တဖြည်းဖြည်းထပ်တက်ပြီ သုံးလွှာက ကျွန်တော်နေတဲ့ အခန်းဆီသို့ ရောက်ရှိလေတော့သည်။ ရောက်ရောက်ချင်း အထုပ်တွေ ပစ်ချပြီ တွေ့ရာခုံထိုင်ချနားနေလိုက်သော ကြီးတော်အား ရေခပ်တိုက် အမောဖြေခိုင်းနေပါတော့တယ်။ အချိန်ကလည်း ညနေစောင်းနေပြီမို့ ကြီးတော်ကို နောက်နေ့မှ အေးဆေးဘုရားသွားရအောင်လို့ ပြောပြီ ကျွန်တော်လည်း ခနအမောဖြေနေပါတော့တယ်။ အမောဖြေပြီနောက် ကြီးတော်အား ညနေစာစားဖို့ ရေမိုးချိုးခိုင်းလိုက်တော့တယ်။

ကြီးတော် ရေချိုးနေတုန်း ကျွန်တော်တို့အနားက ညဈေးလေးမှာ ထမင်းဟင်းသွားဝယ်ပြီ ရေချိုးပြီ အတူတူ စားသောက်ကြပါသည်။ စားသောက်ပြီ အတန်ကြာတော့ ခရီးပန်းလာကြတာနှင့် ထိုနေ့ အိပ်ယာဝင်စောခဲ့တယ်ဗျာ။ ကြီးတော်၏ တဗူးဗူးနဲ့ မော်တော်မှုတ်စက်တော်ခေါ်သံကြောင့် ကျွန်တော်မှာ တော်တော်နဲ့အိပ်မရ ဖြစ်ခဲ့ရပါသေးတယ်ဗျာ။ မနက်မိုးသောက်တော့ ကြီးတော်က ရွာမှာ လုပ်မြဲအတိုင်း volume အသံကုန်ချဲ့ ပြီ ဘုရားဝတ်တက်ပါလေတော့တယ်ဗျာ။ ကြီးတော် ဘုရားစာရွတ်သံကြောင့် ကျွန်တော်မှာ အိပ်မရတော့ဘဲ အိပ်ယာထခဲ့ရပါတော့တယ်။ ထိုနောက် မနက်စာစားဖို့ ပြင်ဆင်ပြီ ကြီးတော် ဘုရားဝတ်တက်ပြီတာနှင့် အတူတူစားခဲ့ကြတယ်ဗျာ။

image

မနက်စာစားပြီနောက် ဘုရားသွားကြရန်ပြင်ဆင်ပါလေတော့တယ်။ ကြီးတော်မှာ ဘုရားဖူးရတော့မည်ဟု တွေးပျော်နေပါတော့တယ်။ အိမ်အောက်ထပ်ဆင်းပြီ ဘုရားသွားဖို့ taxi ဌါးတော့ ကြီးတော်မှ နင်တို့အိဒါကြီး မစီးဘဲသွားလို့မရဘူးလား နင်တို့ဟာက သွားမှန်းမသိ မသွားမှန်းမသိနဲ့ ရောက်ကိုမရောက်နိုင်ပါဘူးတော့ ရွာက ဖွတ်ချက်ခေါ်ပါလား အဲ့ဆို ဘုရားမြန်မြန်ရောက်လောက်တယ်တဲ့။ ကျွန်တော်က ကြီးတော်ကလည်း ဒါကမြို့ လေ တောမှ မဟုတ်တာ ဒါလေးဘဲ စီးသွားကြရအောင်ဆိုပြီ ကားဌါးသွားပါတော့သည်။ ဘုရားသို့ရောက်သော် ကျွန်တော်မှ ကြီးတော် ပင်ပန်းမှာ စိုးလို့ ဓါတ်လှေကားနှင့်တက်ရန် ဓါတ်လှေကားဘက်သို့ သွားပြီ ဓါတ်လှေကားထဲသို့ ဝင်ပါတော့တယ်။ စစချင်းတော့ ကြီးတော်လည်းမသိ ကျွန်တော်နောက်ကသာ လိုက်လိုက်လာလေတော့တယ်။ ဓါတ်လှေကားလည်း တက်ရော ကြီးတော်မှာလန့်ပြီ ဟဲ့ ဘာကြီးတုန်းဟ ဆိုပြီ အော်မိတော့တယ်။ ကျွန်တော့်လက်ကိုလည်း ဆုပ်ကိုင်ထားတော့တယ်ဗျာ။

ဘုရားရင်ပြင်ရောက်မှ ကျွန်တော်က ကြီးတော်အား ခုနစီးလာတာ ဓါတ်လှေကားလို့ခေါ်တယ် အကျိုးအကြောင်းရှင်းပြရင်း ဘုရားပတ်လမ်းလျှောက်နေကြတယ်ဗျာ။ ဘယ်သိမလဲတော့် နင့်တို့ဟာက တံခါးအလုံပိတ်နဲ့ အမြင့်ကြီးတက်တော့ ကျူပ်ကြောက်တာပေါ့တော့်လို့ ကြီးတော်မှ ပြန်ပြောလေသည်။ ထို့နောက် ဘုရားအား သေချာရှစ်ခိုးပူဇော်နေပါတော့တယ်ဗျာ။ ကျွန်တော်လည်း အလုပ်တွေကြောင့် ဘုရားတောင်မရောက်တောင် တော်တော်ကြာခဲ့ပြီဗျာ။ ကြီးတော်ကောင်းမှု့ ကျွန်တော်လည်း ခုမှ ဘုရားသေချာရှိခိုးမိနေတော့တယ်ဗျာ။ ဘုရားမှာ အေးအေးဆေးဆေးနေပြီ နေ့လယ်စာစားချိန်မှ ဘုရားကဆင်းပြီ စားသောက်ဆိုင် ရှာပါတော့တယ်။ လမ်းတဖက်ကမ်းက ဆိုင်တဆိုင်တွင် စားရန် ကြီးတော်အား လမ်းဖြတ်ရန် ခေါ်ရာ ကြီးတော်ခဗျာ ကားတွေကြည့်ပြီ တုန်နေပါတော့တယ်ဗျာ။ တခါမှ မြို့ပေါ်မရောက်ဖူးတာကြောင့် ကားလမ်းဖြတ်ရမှာလဲ ကြောက်ရွံနေသည်ဟန်ဖြစ်နေသောကြောင့် ကျွန်တော်မှ ကြီးတော်လက်ကို ဆွဲကိုင်လက်သည်နှင့် ကျွန်တော့်လက်အား အတင်းဖမ်းဆုပ်ထားလိုက်တော့တယ်။

image

ထိုမှ စားသောက်ပြီ ကြီးတော်အား ဘယ်သွားချင်သေးလဲလို့ မေးရာ ဘယ်သိမလဲတော့် နင့်တို့မြို့ ကျူပ်က ဘယ်သွားရမလဲတော့် ဒါနဲ့ ရွာပြန်ရင် လက်ဆောင်လေး ဘာလေး ပေးချင်တယ်တော့် ဆရာတော်တွက်လည်း တခုခု ဝယ်သွားချင်တယ်ဆိုတာနဲ့ ကျွန်တော်လည်း ဈေးဝယ်မယ်ဆိုတော့ အစုံရနိုင်တဲ့ စူပါမားကတ်ကြီးသို့ ခေါ်သွားပါလေတော့တယ်ဗျာ။ မားကတ်သို့ ရောက်သည်နှင့် ကြီးတော်မှာ မမြင်ဖူးတာတွေမြင်ရတာနဲ့ ယောင်းလို့ယောင်းမှန်းမသိ လျှောက်ပတ်ကြည့်နေတော့တယ်။ ထို့နောက်ကျွန်တော်မှ အပေါ်တက်ကျန်သေးတယ် တက်စို့ပြီ စက်လှေကားနေရာသို့ သွားပြီ စက်လှေကားစီးတက်ပါတော့တယ်။ ကြီးတော်မှ နင့်တို့လှေကားကလည်း ငြိမ်ငြိမ်မညိမ်ဘူးတော့် ကျူပ်မစီးရဲပါဘူးတော် ဆိုပြီ နောက်ပြန်လှည့်နေတော့တယ်ဗျာ။ ကျွန်တော်မှာ ကြီးတော်ကလည်း လွယ်လွယ်လေးပါဗျာ ဆိုပြီ ကျွန်တော်အတင်းဆွဲခေါ်လေပါတော့တယ်။ ကြီးတော်လည်း ကြောက်ကြောက်နဲ့ ကျွန်တော်ကို အတင်းဆွဲပြီ စက်လှေကားပေါ် ခုန်တက်ပါလေတော့တယ်။ ဘေးကကြည့်တဲ့သူတွေလည်း ကျွန်တော်နှင့်ကြီးတော်ကို ကြည့်ပြီ ရယ်ပြုံးပြုံးနေပါတောတယ်ဗျာ။

ထို့နောက် ရွာပြန်လက်ဆောင်များ ဝယ်ပြီ ကျွန်တော်နေတဲ့ နေရာဆီသို့ ပြန်လာပါလေတော့တယ်။ ဘုရားဖူး စိတ်ပျော်ရွှင်ပြီ ပြန်လာတဲ့ ကျွန်တော့်ကြီးတော်တယောက် လှေကားတင်ဖို့ကြည့်ပြီ ပျော်ရွှင်တာတွေပျောက်ပြီ မောနေရှာတဲ့ ကြီးတော့်မျက်နှာလေး ကြည့်ပြီ ကျွန်တော် ရီနေမိပါတော့တယ်။ အခန်းထဲသို့ရောက် ခနနား ရေမိုးချိုး စားသောက်ပြီ နက်ဖြန်မနက်စောစော ရွာပြန်ရန် အိပ်ယာစောဝင်ခဲ့ကြပါတယ်။ မိုးလင်း ဘုရားဝတ်တက်ပြီသည်နှင့် ကျွန်တော်နှင့်ကြီးတော် နှစ်ယောက် ရွာပြန်ရန် ပြင်ဆင်ပြီ ကားဂိတ်သို့ ထွက်လာပါသည်။ ကားဂိတ်သို့ရောက်သော် ကြီးတော်မှာ express မြင်ပြီ အရင်လိုမဟုတ်တော့ ကျွန်တော့်ကြီးတော်ပီပီ style အပြည့်နှင့် လိုက်ပါစီးနင်းပြီ ရွာသို့ပြန်လာတော့သည်။ ရွာရောက်တာနှင့် လက်ဆောင်များ ဝေဌပြီ ဘုရားဖူးအကြောင်း ရွှင်းဖွပြောရင်း ကျွန်တော့ကြီးတော်တယောက် ပျော်ရွှင်နေတာကြည့်ပြီ ကျွန်တော်လည်း ဝမ်းသားကြည်နူးမိပါတယ်။ နောက်နေ့မနက်ရောက်သည်နှင့် ကြီးတော်နှင့် ဘဘုန်းတို့အား ကန့်တော့ပြီ ရွာကလေးကို တာ့တာပြ ထွက်ခွါလာလေပါတော့တယ်ဗျာ။ စာဖတ်ပရိတ်သတ်အပေါင်း စိတ်နှလုံး ရွှင်ပြုံးကြပါစေ။

Steemit Myanmar Community မှအဖွဲ့ဝင်များအားလုံး ကျန်းမာကိုယ်စိတ်မြဲကြပါစေ။

image

Author ; Htin Lin Aung ( MSC 016 )
@htinlinaung
photo by google

Sort:  

အရမ်းကောင်းတယ်ဗျာ နောင်တင်ဆက်မည့်အကြောင်းအရာများစိတ်ဝင်စားစွာ

ကျေးဇူတင်ပါတယ်

အဲ! အခန်းဆက်ကြီးပါလား

အခန်းက ဆက်မှရမယ်လေ ရေးရင်နဲ့ ဘယ်သွားရပ်ရမလဲမသိတော့လို့

ရပ်ချင်တဲ့နေရာမှာရက်နားးပြီး
ဆက်ချင်သလောက်ဆက်ရေးနိုင်သော
postလေးတခုပါ

ဟုတ်ကဲ့ပါ ကျေးဇူပါ

စိတ်ဝင်စားမိတဲ့အခန်းဆက်

ရွာပြန်ရောက်သွားလို့တော်သေး

ဟိ ပြန်မတတ်တော့လို့ ခပ်မြန်မြန်ပြန်လိုက်တာ ကျေးဇူပါ

Good post ဖတ်​လို့​ကောင်းတယ်​ဗျာ

စက်လှေခါးပေါ်ထမီစ ညပ်နေအုံးမယ်😁😁

ဟုတ်ပါ့ အဲ့ကြီးတော်က အဲ့လိုဘဲ အပြင်မှာလဲ

Congratulations @htinlinaung! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

စကားလုံအသုံးအနှုန်းများ


တအောက်နားပြီမှ = အသုံးမရှိပါ၊ တထောက်နားပြီးမှ ဟူသောအသုံးသာတွေ့ရပါသည်။

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 62405.22
ETH 2436.36
USDT 1.00
SBD 2.62